၂၀၂၄ ဧပြီ ၁၀ ရက်နေ့က ကြေးမုံ သတင်းစာထဲ မသီရိကြာညိုရဲ့ မွေးနေ့သက္ကရာဇ်အမှန် ကြော်ငြာလေး ဖတ်မိပြီး အမျိုးစပ်ရတာ ဝါသနာပါသူဟာ စလင်းသူကောင်းတွေအကြောင်း အမျိုးစပ်ဖို့ သတိရသွားတယ်။ ကိုဘိုဘိုတို့ မောင်သန်းဆွေ(ထားဝယ်)တို့ ရေးထားတဲ့ မှတ်တမ်းတွေမှာ မပါသေးတာတွေ ထပ်ဖြည့်စွက်နိုင်ရင် ကောင်းမယ်ဆိုပြီး သိထားသမျှလေးနဲ့ စလင်းသူကောင်းဆက်တွေ ထပ်ဖြည့်လိုက်တယ်။ ပြည့်စုံတယ်လို့ မဆိုလိုပါဘူး။ ရနိုင်သမျှသော Public Data တွေထဲက ရှာဖွေ ဆက်စပ်ရတာမို့ အမှားအယွင်း အကျအပေါက်တွေလည်း ရှိနိုင်ပါတယ်။
စလင်းသူကောင်းမ ဒေါ်ခင်စိန်ဒိုင် နဲ့ အိုင်စီအက်စ် သီရိပျံချီဦးချစ်ဖေ တို့ကနေ
– ခင်အုန်းချစ်၊ ဒေါ်၊ ဒေါက်တာ၊ ပါမောက္ခ(ငြိမ်း)
– ကြာညိုချစ်ဖေ(ခ)ပါစီချစ်ဖေ၊ ဗိုလ်မှူးချုပ်(ငြိမ်း)၊ စတသ-၇၊ သံအမတ်ကြီး(ငြိမ်း)
– ရဲချစ်ဖေ၊ ဗိုလ်မှူးချုပ်(လေ-ငြိမ်း)၊ B. E (Mech)
– လှဖြူချစ်၊ ဦး၊ သူကောင်း၊ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဘတ်ဂျက်ဋ္ဌာနလက်ထောက်ညွှန်မှူး 1987 ၊ UNOPS
ဆိုတဲ့ သားသမီး လေးယောက် ဖွားမြင်ပါတယ်တဲ့။
ပါမောက္ခ ဒေါက်တာ ဒေါ်ခင်အုန်းချစ်က ကျောက်ကပ်ခွဲစိတ်အထူးကု ပါမောက္ခ ဒေါက်တာသန်းအေးနဲ့ ရတယ်။ သူတို့ရဲ့ အောက်မျိုးဆက်ကို မသိပါ။

ဗိုလ်မှူးချုပ် ကြာညိုချစ်ဖေက စစ်တက္ကသိုလ် အပတ်စဉ် (၇) က ဖြစ်ပြီး အခြေချစစ်ဗျူဟာ (ဘူးသီးတောင်) ကို စတင် တည်ထောင်ခဲ့သူ ဖြစ်တယ်။ တပ်မ(၇၇) ဒုတပ်မမှူး လုပ်ခဲ့တယ်။ နောက်ပိုင်း ဆာဗီးယားနဲ့ မွန်တီနီဂရိုးသံအမတ်ကြီး ဖြစ်ခဲ့တယ်။ ၂၀၁၁ မှာ ကွယ်လွန်တယ်။ သို့ပေမယ့်လည်း ၂၀၂၄ ဇန်နဝါရီ ၄ ရက် ဝဏ္ဏကျော်ထင်ဘွဲ့ ပေးတဲ့အထဲ သူ့နာမည် တွေ့လိုက်သေးတယ်။ ကြာညိုချစ်ဖေက ဒေါ်နွယ်နွယ်ထွန်းနဲ့ ရတယ်။ ဒေါ်နွယ်နွယ်ထွန်း နာမည်တစ်ခုက Rose Chan Tun လို ဆိုတာမို့ မြန်မာ့နိုင်ငံရေးလောကထဲက နာမည်ကျော် ဦးချန်ထွန်း မျိုးဆက်လား သံသယဖြစ်မိပါတယ်။ မသေချာပါ။ သူတို့ကနေ –
– မင်းခိုင်ကြာညို၊ ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန
– သီရိကြာညို၊ ဒေါ် THIRI KYAR NYO AND ASSOCIATES
– ဥက္ကာကြာညို၊ ဦး
ဆိုပြီး သားသမီး သုံးယောက်မွေးပါတယ်။ ဦးမင်းခိုင်ကြာညိုက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒေါ်နှင်းအေးခိုင်ထွန်းနဲ့ ရပြီး ခိုင်ကြာညိုနွယ်ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်။ အာဏာသိမ်းပြီး ၂၀၂၁ တုန်းက လန်ဒန်သံရုံးမှာလို့ ထင်မိတယ်။ ဒေါ်သီရိကြာညိုက THIRI KYAR NYO AND ASSOCIATES ဆိုပြီး Adv Agency လုပ်နေတယ်။ ဗဟိန်းနိုင်ဆိုတဲ့ သားတစ်ယောက်ရှိတယ်။ ဦးဥက္ကာကြာညိုက ဗိုလ်မှူးကြီးမြင့်ဝင်းသမီး မဧပရယ်မြင့်ဝင်းနဲ့ ညားတယ်။ မဧပရယ်မြင့်ဝင်းက ၉၅ လား ၉၆ လားမသိ မြစ်ကြီးနား အထက(၁) ကနေ ဆယ်တန်းအောင် Whole Burma ဝင်ခဲ့သူ ဖြစ်ပါတယ်။ မဧပရယ်မြင့်ဝင်းတို့က ဩစတေးလျမှာ အခြေချကြပြီလို့ ထင်မိတယ်။

ဗိုလ်မှူးချုပ် ရဲချစ်ဖေက ပါမောက္ခ ဒေါက်တာ ဒေါ်ခင်မာဦးနဲ့ ရပြီး သူတို့ရဲ့ သားတစ်ယောက် ဖြစ်တဲ့ ဒေါက်တာရဲလင်းကိုက ကျန်းမာရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကက်စိန်ရဲ့ သမီးဖြစ်သူ ဒေါက်တာမြသက်နွယ် (အစာအိမ်အူလမ်းကြောင်း) နဲ့ အကြောင်းပါပါတယ်။

ဦးလှဖြူချစ်ကတော့ ဒေါ်ပွင့်ဦးအောင်နဲ့ အကြောင်းပါပြီး ဒေါက်တာခိုင်ပွင့်ဖြူ၊ မပန်းပွင့်ဖြူနဲ့ ကိုရန်ပြေဆိုပြီး သားသမီးသုံးယောက် မွေးဖွားတယ်။

ဒေါ်ခင်စိန်ဒိုင်ရဲ့မောင်က အနောက်တံခါးမှူးမောင်မှူးဆိုတဲ့ ကလောင်နာမည်နဲ့ ကိုလိုနီခေတ်မြို့အုပ်ကြီးတစ်ဦး၏ မှတ်တမ်း စာအုပ်နှစ်အုပ် ရေးခဲ့သူ လဝကတိုင်းဦးစီးမှူးဟောင်း ဦးစိန်ရိုး ဖြစ်ပါတယ်။ စလင်းသူကောင်း ဦးစိန်ရိုးနဲ့ ဇနီးဖြစ်သူ စလင်းသူကောင်းမ ဒေါ်လေးလေးတို့ နှစ်ယောက်စလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြတာ သိပ်မကြာသေးပါဘူး။

မောင်သန်းဆွေ(ထားဝယ်) ဆောင်းပါးထဲပါတဲ့ “ဦးအန်ထော်နီ နဲ့ မယ်အန်ထော်နီတို့မှာ ဦးအေးနဲ့ ဦးပန်ဆိုတဲ့ သား ၂ ယောက်ရှိတယ်။ ဦးအေးက ကိုယ်တို့အဘိုး ဦးကြာစိုးကို မွေးတယ်။ ဦးပန်က၊ သူကောင်းမ ဒေါ်ရေး၊ သူကောင်းမ ဒေါ်ရနဲ့ သူကောင်းမ ဒေါ်မဆိုတဲ့ သမီး ၃ ယောက်ကို မွေးတယ်။ ဒေါ်မက၊ ကိုယ့်ရဲ့ဦးလေး ဦးစောမောင်(ပွင့်ဖြူအမတ်)နဲ့ အိမ်ထောင်ကျလို့ ဒေါက်တာကံဇော်ကိုမွေးတာ။ ဒါကြောင့် ဒေါက်တာကံဇော်ဟာ သူ့အမေဘက်က ကိုယ့်ဦးလေးတော်ပြီး သူ့ အဖေဘက်ကတော့ ကိုယ်နဲ့ ဝမ်းကွဲညီအစ်ကိုတော်တယ်” ဆိုတဲ့ ဦးကြာညိုချစ်ဖေ ပြောတဲ့ စကားမှာ သူ့အမေ စလင်းသူကောင်းမ ဒေါ်မနဲ့ အထက်က ဦးစိန်ရိုးတို့ ဦးကြာညိုချစ်ဖေတို့ အမျိုးကို တိတိကျကျ ဆက်လို့ရပေမယ့် ပွင့်ဖြူအမတ် ဦးစောမောင် ဆိုတာက ဦးကြာညိုချစ်ဖေရဲ့အဖေ အိုင်စီအက်(စ်) ဦးချစ်ဖေနဲ့ ညီအစ်ကိုအရင်းလား ဝမ်းကွဲလား (တိတိကျကျ) မသိတာမို့ အဲဒီနေရာတော့ လပ်နေပါဦးမယ်။ ကံဇော်တို့ နန္ဒာမွှန်းတို့ အကြောင်းတော့ အသေးစိတ် မရေးချင်တော့ပါ။ ဒါပေမယ့် မျိုးနွယ်ဆက်စပ်ထားတဲ့ပုံလေးတော့ ထည့်ပေးလိုက်ပါတယ်။
စလင်းသူကောင်းမျိုးဆက်တွေအကြောင်း စိတ်ဝင်စားရင် ဆက်လက် ဆက်စပ်ဖတ်ရှုရန်
သူတော်ကောင်းဦးကြာစိုးနှင့် နန်းစဉ်မိဖုရား – မောင်သန်းဆွေ
ဦးကြာစိုးနှင့် သူ၏သူကောင်းမျိုးအနွယ်အဆက် – မောင်သန်းဆွေ
မြန်မာပြည်အလယ်ပိုင်းက ကျွန်ပိုင်ရှင် သူကောင်း လူတန်းစား – ဘိုဘိုလန်းစင်
သူကောင်းစစ်ဗိုလ်ချုပ် – ဘိုဘိုလန်းစင်
သူကောင်းဆိုတာ လူတန်းစား တစ်ရပ် – ဦးစန္ဒိမာ(စလင်း)
Discover more from Burma Data
Subscribe to get the latest posts sent to your email.
