သီပေါစော်ဘွားကြီး စဝ်အုံကြာ/ စဝ်အုန်ကြာ/စဝ်အုန်းကြာ/ Sao Ohn Kya/ Sao On Kya အထက်အောက် အဖြူရောင်ဝတ်စုံတွေနဲ့ လူထောင်ပေါင်းများစွာဟာ လမ်းတလျောက် တရွေ့ရွေ့သွားလာနေကြတယ်။ အဲဒီလူတွေထဲ ဒေသခံတိုင်းရင်းသားတွေပါသလို အင်္ဂလိပ်စစ်သားတွေ၊ ပန်ချာဘီစစ်သည်တွေ၊ ရှေးနန်းတွင်းအဆောင်အယောင်နဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးပါပဲ။ တချို့တွေကလည်း မင်းခမ်းတော်ဝင်ပစ္စည်းတွေကို သယ်ပိုးလာကြတယ်။ တချို့တွေက သေနတ်တွေကိုထမ်းထားတယ်။ တချို့တွေက အမြောက်ကို ဆွဲနေကြတယ်။ တချို့တွေက ယာဉ်ရထားတစ်စင်းကို ကြိုးနဲ့ ဆွဲ သယ်ဆောင်နေကြတယ်။ အဲဒီယာဉ်ရထားပေါ်က ခေါင်းတလားထဲမှာ လဲလျောင်းအိပ်စက်ရင်း လိုက်ပါလာခဲ့ရသူကတော့ ကွယ်လွန်သူ ၈၇ ဆက်မြောက် (အချို့နေရာမှာ ၁၀၄ ဆက်မြောက် လို့လည်းတွေ့ရ) သီပေါစော်ဘွားကြီး စဝ်အုံကြာပဲ ဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်၊ ဇူလိုင်လမှာ သီပေါဟော်နန်းကြီးနဲ့ သီပေါမြေတစ်ခုလုံးဟာ ပူဆွေးဝမ်းနည်းရိပ်တွေနဲ့ လွှမ်းမိုးနေပါတယ်။ … Continue reading ဖရီးမေဆင်အသင်းဝင် သီပေါစော်ဘွားကြီး စဝ်အုံကြာ
Category: History
တွင်းရိုးတွင်းစားမျိုး (၂)
နဝရတ်ရောင်စုံကျမ်းပါ တွင်းရိုးတွင်းစားများ၏ စည်းကမ်းအစဉ်အလာတို့ကို မင်းမိန့်ဖြင့် မပယ်ဖျက်နိုင်သည်မှာ ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်အထိပင် ဖြစ်တော့သည်။ ကုန်းဘောင်ဆက် ဒုတိယနောက်ဆုံးမင်းဖြစ်သော မင်းတုန်းမင်းတရားကြီးသည် ဝိဝဋ္ဌာယီ စတည်ကပ်ဦး ပကတူးမှ အသမ္ဘိန္ဒခတ္တိယဇာတ် နေမျိုးနတ်မျိုးနွယ်မှ ဆင်းသက်လာသော မဟာသမ္မတ မင်းမျိုးမင်းနွယ် အစစ်ဖြစ်၍ ရေမြေကို အစိုးရသော မင်းဖြစ်ပါလျက် တွင်းရိုးတွင်းစားတို့၏ စည်းကမ်း အစဉ်အလာတို့ကို မင်းမိန့်ဖြင့်ပင် မပယ်ဖျက်နိုင်သည်ကို မကျေနပ်ဟုဆိုပေသည်။ ဝင်ရောက်စွက်ဖက်လို၍ ကိုယ်တော်တိုင် တွင်းစားရိုးမျိုးနှင့် ပတ်သက်လာအောင် ကြံဆောင်လေသည်။ တွင်းစားရိုးဖြစ်သည့် ဦးစိုသည် ရေနံချောင်း ဘေးမဲ့အရပ်များတွင် ရေနံမြေအများအပြား ပိုင်ဆိုင်သည်။ စစ်ကိုင်းမင်း (ဘကြီးတော်) လက်ထက် သားတော် ညောင်ရမ်းမင်းသားထံတွင် လက်စွဲထမ်းလာခဲ့သည်။ နောင်တော် ပုဂံမင်းလက်ထက်တွင် ရမည်းသင်းဗိုလ်အဖြစ် ခန့်ထားခြင်းခံရသည်။ မင်းတုန်း၊ ကနောင် ညီနောင်နှစ်ပါး ရွှေဘိုထွက်သည့် အရေးတော်တွင် … Continue reading တွင်းရိုးတွင်းစားမျိုး (၂)
တွင်းရိုးတွင်းစားမျိုး (၁)
မြန်မာနိုင်ငံတွင် အမျိုးအနွယ် စောင့်ထိန်းကြသော မျိုးနွယ်စုများထဲ၌ မြန်မာစစ်စစ်ဖြစ်ပြီး ရှေးကတည်းက ယနေ့အထိ ရှိကြသေးသော မျိုးနွယ်စုကြီး နှစ်စုရှိပါသည်။ မင်းဘူး၊ စလင်းဘက်မှ “သူကောင်း” မျိုးများနှင့် ချောက်၊ ရေနံချောင်းဘက်မှ “တွင်းရိုးတွင်းစား” မျိုးများဖြစ်သည်။ သူကောင်းမျိုးများနှင့် တွင်းရိုးတွင်းစားမျိုးတို့သည် ၎င်းတို့မျိုးနွယ်အချင်းချင်းသာ ပြန်လက်ဆက်ကြပြီး အမျိုးအနွယ်ကို အလွန်စောင့်ထိန်းခဲ့သောကြောင့် ယခုအခါ မြန်မာနိုင်ငံတွင် ဦးရေအားဖြင့် နည်းသွားပြီဖြစ်သည်။ တွင်းရိုးတွင်းစားများ ပေါ်ပေါက်လာပုံသမိုင်းကို ကြည့်လျှင် ပုဂံခေတ်မှစသည်ကိုတွေ့ ရပေမည်။ သက္ကရာဇ် ၂၃၈ ခုတွင် ပုဂံ၌ တန်နက်မင်းကြီးကို မြင်းတော်ခံ စလေငခွေးက လုပ်ကြံသည်။ တန်နက်မင်းကြီး၏ မိဖုရားသည် ဆွေတော်မျိုးတော်၊ နောက်လိုက်နောက်ပါများနှင့်အတူ ပုဂံမှ တိမ်းရှောင်ခဲ့ရာ ယခု ကမ္မရွာဟုခေါ်သောအရပ်သို့ ရောက်သည်နှင့် ဆွေတော်မျိုးတော်အချို့သည် ၎င်းအရပ်တွင်ပင် နေထိုင်ခဲ့ကြသည်။ အခြား ၁၂ … Continue reading တွင်းရိုးတွင်းစားမျိုး (၁)
တောင်ငူမင်းဆက်များ
တောင်ငူကြီးကို သဝန်ညီနောင်တို့ စတင် တည်ထောင်သည့် သက္ကရာဇ်ကား ၆၄၄-ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် တနင်းလာနေ့ ဖြစ်သတည်း။ ထိုတောင်ငူမြို့ကို မင်းပြုကြသော မင်းအစဉ်ကား အောက်ပါအတိုင်းတည်း။ ၁။ သဝန်ကြီးမင်း၊ သက္ကရာဇ် ၆၄၄ မှ ၆၇၉ ခုနှစ်။၂။ ညီ သဝန်ငယ်၊ သက္ကရာဇ် ၆၇၉ မှ ၆၈၆ ခုနှစ်။၃။ သဝန်ငယ်သား စောနှစ်၊ ၆၈၆ ခုနှစ်မှ ၆၈၇ ခုနှစ်။၄။ ထောင်မှူး ကရင်ဘ၊ သက္ကရာဇ် ၆၈၇ မှ ၇၀၄ ခုနှစ်။၅။ ကရင်ဘ သမက် လက်ျာစကြာ၊ ၇၀၄ ခုနှစ်မှ ၇၀၆ ခုနှစ်။၆။ လက်ျာစကြာမင်း ညီ ထောက်လှေကား၊ ၇၀၆ မှ ၇၀၈ … Continue reading တောင်ငူမင်းဆက်များ
