Category: Article

မနန်းစိုး

ဓာတ်ပုံ-မနန်းစိုးဖေ့စ်ဘွခ်မှ ဒီနေ့ လေးစားရတဲ့ အန်တီတစ်ယောက်နဲ့ စကားပြောရင်း သူတို့တူမဖြစ်သူ မနန်းစိုးအကြောင်း သတိရသွားတယ်။ မနန်းစိုးလို့ ခေါ်တာက မနန်းစိုး မွေးနေ့က ၁၉၇၁ ဖေဖော်ဝါရီ ၂၀ ကျွန်တော့်ထက် ၉ နှစ်ပဲ ကြီးလို့ပါ။ အဲဒီခေတ်မှာ တတိုင်းပြည်လုံးက အထူးတလည် စိတ်ဝင်စားကြ ချစ်ကြတဲ့ ရင်ချင်းဆက် အမွှာညီအစ်မ ခွဲစိတ်မှုအကြောင်းကို ဆရာကြီး ဒေါက်တာ ညွန့်သိန်း ရေးပြလို့လည်း သာမန်အသိထက် ပိုပြီး တိတိကျကျသိလာရပါတယ်။ မနန်းစိုးတို့ကို ခွဲစိတ်တဲ့အချိန်ဟာ CT/ MRI/ MRA နည်းပညာတွေ မရှိသေးတဲ့အချိန် ဖြစ်တဲ့အပြင် ကိုယ်တွင်းမှာလည်း ခန္ဓာအစိတ်အပိုင်းတွေက ဆက်နေတာမို့ အဲဒီအချိန် နိုင်ငံတော်မှာ ရှိသလောက် Imaging စနစ်တွေနဲ့ အသုံးပြုပြီး ခက်ခက်ခဲခဲ လေ့လာ ရှာဖွေခဲ့ကြရတယ်တဲ့။ ခွဲစိတ်ချိန်မှာလည်း … Continue reading မနန်းစိုး

တွင်းရိုးတွင်းစားမျိုး (၂)

နဝရတ်ရောင်စုံကျမ်းပါ တွင်းရိုးတွင်းစားများ၏ စည်းကမ်းအစဉ်အလာတို့ကို မင်းမိန့်ဖြင့် မပယ်ဖျက်နိုင်သည်မှာ ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်အထိပင် ဖြစ်တော့သည်။ ကုန်းဘောင်ဆက် ဒုတိယနောက်ဆုံးမင်းဖြစ်သော မင်းတုန်းမင်းတရားကြီးသည် ဝိဝဋ္ဌာယီ စတည်ကပ်ဦး ပကတူးမှ အသမ္ဘိန္ဒခတ္တိယဇာတ် နေမျိုးနတ်မျိုးနွယ်မှ ဆင်းသက်လာသော မဟာသမ္မတ မင်းမျိုးမင်းနွယ် အစစ်ဖြစ်၍ ရေမြေကို အစိုးရသော မင်းဖြစ်ပါလျက် တွင်းရိုးတွင်းစားတို့၏ စည်းကမ်း အစဉ်အလာတို့ကို မင်းမိန့်ဖြင့်ပင် မပယ်ဖျက်နိုင်သည်ကို မကျေနပ်ဟုဆိုပေသည်။ ဝင်ရောက်စွက်ဖက်လို၍ ကိုယ်တော်တိုင် တွင်းစားရိုးမျိုးနှင့် ပတ်သက်လာအောင် ကြံဆောင်လေသည်။ တွင်းစားရိုးဖြစ်သည့် ဦးစိုသည် ရေနံချောင်း ဘေးမဲ့အရပ်များတွင် ရေနံမြေအများအပြား ပိုင်ဆိုင်သည်။ စစ်ကိုင်းမင်း (ဘကြီးတော်) လက်ထက် သားတော် ညောင်ရမ်းမင်းသားထံတွင် လက်စွဲထမ်းလာခဲ့သည်။ နောင်တော် ပုဂံမင်းလက်ထက်တွင် ရမည်းသင်းဗိုလ်အဖြစ် ခန့်ထားခြင်းခံရသည်။ မင်းတုန်း၊ ကနောင် ညီနောင်နှစ်ပါး ရွှေဘိုထွက်သည့် အရေးတော်တွင် … Continue reading တွင်းရိုးတွင်းစားမျိုး (၂)

တွင်းရိုးတွင်းစားမျိုး (၁)

မြန်မာနိုင်ငံတွင် အမျိုးအနွယ် စောင့်ထိန်းကြသော မျိုးနွယ်စုများထဲ၌ မြန်မာစစ်စစ်ဖြစ်ပြီး ရှေးကတည်းက ယနေ့အထိ ရှိကြသေးသော မျိုးနွယ်စုကြီး နှစ်စုရှိပါသည်။ မင်းဘူး၊ စလင်းဘက်မှ “သူကောင်း” မျိုးများနှင့် ချောက်၊ ရေနံချောင်းဘက်မှ “တွင်းရိုးတွင်းစား” မျိုးများဖြစ်သည်။ သူကောင်းမျိုးများနှင့် တွင်းရိုးတွင်းစားမျိုးတို့သည် ၎င်းတို့မျိုးနွယ်အချင်းချင်းသာ ပြန်လက်ဆက်ကြပြီး အမျိုးအနွယ်ကို အလွန်စောင့်ထိန်းခဲ့သောကြောင့် ယခုအခါ မြန်မာနိုင်ငံတွင် ဦးရေအားဖြင့် နည်းသွားပြီဖြစ်သည်။ တွင်းရိုးတွင်းစားများ ပေါ်ပေါက်လာပုံသမိုင်းကို ကြည့်လျှင် ပုဂံခေတ်မှစသည်ကိုတွေ့ ရပေမည်။ သက္ကရာဇ် ၂၃၈ ခုတွင် ပုဂံ၌ တန်နက်မင်းကြီးကို မြင်းတော်ခံ စလေငခွေးက လုပ်ကြံသည်။ တန်နက်မင်းကြီး၏ မိဖုရားသည် ဆွေတော်မျိုးတော်၊ နောက်လိုက်နောက်ပါများနှင့်အတူ ပုဂံမှ တိမ်းရှောင်ခဲ့ရာ ယခု ကမ္မရွာဟုခေါ်သောအရပ်သို့ ရောက်သည်နှင့် ဆွေတော်မျိုးတော်အချို့သည် ၎င်းအရပ်တွင်ပင် နေထိုင်ခဲ့ကြသည်။ အခြား ၁၂ … Continue reading တွင်းရိုးတွင်းစားမျိုး (၁)