သီပေါစော်ဘွားကြီး စဝ်ချယ် (ခ) ဆာစောချယ် ဒေတာဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟိုးတရက်က မိုင်းရယ်စော်ဘွား သမီးတော်ကြီး စဝ်တင်းမိုင်း ကွယ်လွန်တဲ့အကြောင်း ရေးပြီးချိန်မှာ မထင်မှတ်ဘဲ ကိုအောင်ဟိန်းဆိုသူ တင်ထားတဲ့ သူတို့ရဲ့ သီပေါစော်ဘွား အနွယ်တော်ဇယားဆိုတာ သွားတွေ့တယ်။ အဲဒီဇယားဟာ ကျွန်တော်မှတ်ထားတဲ့ ဇယားနဲ့ လွဲနေတာမို့ သူရေးထားတာတွေရော အခြားလက်လှမ်းမီရာ စာတွေရော သေချာပြန်ကြည့်ဖြစ်တယ်။ သီပေါစော်ဘွားကြီး ဆာစဝ်ချယ်ဟာ မိဖုရား များသူမို့ တော်တော် လည်ထွက်သွားတယ်။ စဝ်ချယ်ရဲ့ ကြင်ယာတော် ၂၄ ယောက်စာရင်းကို ကျွန်တော် အင်္ဂလိပ်မှတ်တမ်း တစ်ခုမှာတွေ့လို့ ဘာသာပြန်ပြီး ကူးထားခဲ့ဖူးပေမယ့် မူရင်းဘယ်စာအုပ်က ကူးခဲ့တာလည်းဆိုတာ မမှတ်ခဲ့မိလို့ အတော်လေး ပြန်ရှာလိုက်ရတာမှာ နောက်ဆုံး Shan States and Karenni: List of … Continue reading သီပေါစော်ဘွားကြီးစဝ်ချယ်၏ မိသားစုစာရင်း
Category: Biography
ချန်မာဖီ အတ္ထုပ္ပတ္တိ
ကိုလိုနီခေတ် တရုတ်သူဌေးကြီး ချန်မဖီ ကိုလိုနီခေတ် တရုတ်သူဌေးကြီး ချန်မဖီအကြောင်းကို တချို့စာအုပ်တွေမှာ တပိုင်းတစ တွေ့ရသလို သူ့ရဲ့ မျိုးဆက်တွေက Chan Mah Phee Facebook Page ပြုလုပ်ပြီး မှတ်တမ်းတင်ထားကြတာ ရှိပါတယ်။ တရုတ်ဝဘ်ဆိုက်တစ်ခုမှာ "ချန်မဖီ၏အတ္ထုပ္ပတ္တိ" ဆိုပြီး တင်ထားတာတွေ့လို့ မြန်မာဘာသာပြန်ပြီး သိမ်းဆည်းထားလိုက်ပါတယ်။ တရုတ် အခေါ်အဝေါ် တွေက အသံထွက် ကွဲပြားတဲ့အတွက် တတ်နိုင်သမျှ အထောက်အထားတွေနဲ့ ချိန်ထိုးပြီး မြန်မာအများစု သိကျွမ်းတဲ့ နာမည်တွေနဲ့ ဖော်ပြထားပေမယ့် မှားယွင်းတာမျိုး ရှိရင်လည်း သည်းခံကြဖို့နဲ့ အမှန်သိရင် ကျေးဇူးပြုပြီး ပြင်ဆင်ပေးကြဖို့ တောင်းဆိုပါရစေ။ ချန်မဖီရဲ့ မိသားစုဘဝ မျိုးရိုးဆက်နွယ်ကို သီးခြား ဖော်ပြပါမယ်။ ချန်မဖီ၏ အတ္ထုပ္ပတ္တိချန်မဖီ "曾妈庇" (ခ) ဇင်ကွမ်ပိ "曾广庇" … Continue reading ချန်မာဖီ အတ္ထုပ္ပတ္တိ
Saw Chin Cheng
CHENG, Saw Chin, (Saw Chin Cheng) Inspector of Schools, I.E.S. Born in Moulmein on the 17th January, 1877. Son of Saw Wee Chiang, Merchant Moulmein. Educated at St. Patrick's Institution, Moulmein and Rangoon College (now University College) of Rangoon. Deputy Inspector of Schools 1897. Assistant Inspector of Schools, Northern Circles, 1901; Asst. I. Sch. Central … Continue reading Saw Chin Cheng
ဗိုလ်ဘုန်းမြင့် (ခ) သခင်တင်အေး၊ ရဲဘော်သုံးကျိပ်ဝင်
ဗိုလ်ဘုန်းမြင့် (ခ) သခင်တင်အေး၊ ရဲဘော်သုံးကျိပ်ဝင်။ ဓာတ်ပုံ- Htay Aung Facebook မင်းလှလေယာဉ်ကွင်းကို ရဲဘော်သုံးဦးထဲနဲ့ သိမ်းယူခဲ့သူ ဆိုပြီး ပို့စ်လေးတစ်ခု တက်လာလို့ ဖတ်ကြည့်တော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဘုန်းမြင့်ရဲ့ အကြောင်း ဖြစ်နေတယ်။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ဦးကျော်ငြိမ်း ရေးခဲ့တဲ့ ရဲဘော်သုံးကျိပ်စာအုပ်ထဲက ဟာကို ကူးပြီး အကျဉ်းချုံးထားတာ။ စာအုပ်ထဲကတောင် မဟုတ်လောက်ပါဘူး ဝီကီဟာကို ကူးပြီး အကျဉ်းချုံးထားတာ။ တကယ်တမ်း ဝီကီကဟာကလည်း စာအုပ်ထဲကဟာတွေ အကုန်ကူးချပြီး ရေးထည့်ထားကြတာများပါတယ်။ ထားပါတော့။ကျွန်တော်တို့ဟာ ရဲဘော်သုံးကျိပ်ဆိုတဲ့ နာမည်ကို ကြားဖူးကြတယ်။ အဲဒီသုံးကျိပ်ထဲက အကုန်မဟုတ်တောင် ဗိုလ်တေဇ၊ ဗိုလ်လက်ျာ၊ ဗိုလ်စကြာ စသည်ဖြင့် တချို့ သိရင် သိကြမယ်။ အကုန်သိတဲ့သူဆိုတာ အတော်နည်းတယ်။ သိတာကလည်း များသောအားဖြင့် ဦးကျော်ငြိမ်းရေးတဲ့ … Continue reading ဗိုလ်ဘုန်းမြင့် (ခ) သခင်တင်အေး၊ ရဲဘော်သုံးကျိပ်ဝင်
ဖရီးမေဆင်အသင်းဝင် သီပေါစော်ဘွားကြီး စဝ်အုံကြာ
သီပေါစော်ဘွားကြီး စဝ်အုံကြာ/ စဝ်အုန်ကြာ/စဝ်အုန်းကြာ/ Sao Ohn Kya/ Sao On Kya အထက်အောက် အဖြူရောင်ဝတ်စုံတွေနဲ့ လူထောင်ပေါင်းများစွာဟာ လမ်းတလျောက် တရွေ့ရွေ့သွားလာနေကြတယ်။ အဲဒီလူတွေထဲ ဒေသခံတိုင်းရင်းသားတွေပါသလို အင်္ဂလိပ်စစ်သားတွေ၊ ပန်ချာဘီစစ်သည်တွေ၊ ရှေးနန်းတွင်းအဆောင်အယောင်နဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးပါပဲ။ တချို့တွေကလည်း မင်းခမ်းတော်ဝင်ပစ္စည်းတွေကို သယ်ပိုးလာကြတယ်။ တချို့တွေက သေနတ်တွေကိုထမ်းထားတယ်။ တချို့တွေက အမြောက်ကို ဆွဲနေကြတယ်။ တချို့တွေက ယာဉ်ရထားတစ်စင်းကို ကြိုးနဲ့ ဆွဲ သယ်ဆောင်နေကြတယ်။ အဲဒီယာဉ်ရထားပေါ်က ခေါင်းတလားထဲမှာ လဲလျောင်းအိပ်စက်ရင်း လိုက်ပါလာခဲ့ရသူကတော့ ကွယ်လွန်သူ ၈၇ ဆက်မြောက် (အချို့နေရာမှာ ၁၀၄ ဆက်မြောက် လို့လည်းတွေ့ရ) သီပေါစော်ဘွားကြီး စဝ်အုံကြာပဲ ဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်၊ ဇူလိုင်လမှာ သီပေါဟော်နန်းကြီးနဲ့ သီပေါမြေတစ်ခုလုံးဟာ ပူဆွေးဝမ်းနည်းရိပ်တွေနဲ့ လွှမ်းမိုးနေပါတယ်။ … Continue reading ဖရီးမေဆင်အသင်းဝင် သီပေါစော်ဘွားကြီး စဝ်အုံကြာ
တွင်းစားရိုးဦးကျန်ဘော်
Who's Who in Burma 1927 မှာပါတဲ့ တွင်းစားရိုး ဦးကျန်ဘော်/ကြံဘော် အဖေက ဦးအောင်မြတ် အမေက ဒေါ်မယ်မေ လို့ ဆိုပါတယ်။ ဒီအချက်အလက်က ဂျီစီဘီအေ ဦးစိုးသိမ်း အဖေအမေ နာမည်နဲ့ အတူတူပဲ ဆိုတာ သွားတွေ့ရတယ်။ ဦးစိုးသိမ်းလည်း တွင်းစားရိုးပဲ။ ဦးကျန်ဘော်လည်း ပြည်သူနဲ့ အကြောင်းပါသလို ဦးစိုးသိမ်းရဲ့ မိန်းမကလည်း ပြည်သူပဲ။ ဦးကျန်ဘော်အဖေ ဦးအောင်မြတ် ဆိုတာက ဗြိတိသျှ အစိုးရလက်ထက် အထိအသိ အမှတ်ပြု ၁။ ဦးဘု ၂။ ဦးချမ်းရန် ၃။ ဦးကောက်ရ ၄။ ဦးအောင်မြတ် ၅။ ဦးလူကြီးကြီး ၆။ ဦးလူကြီးကလေး ၇။ ဦးဘိုးမောင် ၈။ ဦးဘိုးနိုင် ၉။ ဦးရိုးဆက် … Continue reading တွင်းစားရိုးဦးကျန်ဘော်
မနန်းစိုး
ဓာတ်ပုံ-မနန်းစိုးဖေ့စ်ဘွခ်မှ ဒီနေ့ လေးစားရတဲ့ အန်တီတစ်ယောက်နဲ့ စကားပြောရင်း သူတို့တူမဖြစ်သူ မနန်းစိုးအကြောင်း သတိရသွားတယ်။ မနန်းစိုးလို့ ခေါ်တာက မနန်းစိုး မွေးနေ့က ၁၉၇၁ ဖေဖော်ဝါရီ ၂၀ ကျွန်တော့်ထက် ၉ နှစ်ပဲ ကြီးလို့ပါ။ အဲဒီခေတ်မှာ တတိုင်းပြည်လုံးက အထူးတလည် စိတ်ဝင်စားကြ ချစ်ကြတဲ့ ရင်ချင်းဆက် အမွှာညီအစ်မ ခွဲစိတ်မှုအကြောင်းကို ဆရာကြီး ဒေါက်တာ ညွန့်သိန်း ရေးပြလို့လည်း သာမန်အသိထက် ပိုပြီး တိတိကျကျသိလာရပါတယ်။ မနန်းစိုးတို့ကို ခွဲစိတ်တဲ့အချိန်ဟာ CT/ MRI/ MRA နည်းပညာတွေ မရှိသေးတဲ့အချိန် ဖြစ်တဲ့အပြင် ကိုယ်တွင်းမှာလည်း ခန္ဓာအစိတ်အပိုင်းတွေက ဆက်နေတာမို့ အဲဒီအချိန် နိုင်ငံတော်မှာ ရှိသလောက် Imaging စနစ်တွေနဲ့ အသုံးပြုပြီး ခက်ခက်ခဲခဲ လေ့လာ ရှာဖွေခဲ့ကြရတယ်တဲ့။ ခွဲစိတ်ချိန်မှာလည်း … Continue reading မနန်းစိုး
ဗိုလ်မှူးကြီးလွန်းတင် (ငြိမ်း) (ကြည်း-၃၆၁၀)
အမည် - လွန်းတင်၊ ဗိုလ်မှူးကြီး(ငြိမ်း)ဖခင် – ဦးထွန်းလင်းမိခင် – ဒေါ်သိန်းမေမွေးချင်း –အိမ်ထောင်ဘက် – ဒေါ်သန်းကြည်သားသမီးများ – ဦးဘုန်းနိုင်၊ ဒေါ်အိအိတင်၊ ဦးမင်းအောင်၊ ဦးစိုးအောင်၊ ဒေါ်လဲ့လဲ့တင်၊ ဦးသန်းထူးဇာတိ – မော်လမြိုင်၊ ကတိုးကော့နှပ်မွေးနေ့ – March 2, 1921ကွယ်လွန် – October 21, 2012အခြား – နောက်ဆုံးမှတ်တမ်းတင်သည့်နေ့ – ဇွန် ၁၊ ၂၀၂၅ ဗိုလ်မှူးကြီးလွန်းတင် (ငြိမ်း) (ကြည်း-၃၆၁၀)သည် ၁၉၆၁ မှ ၁၉၆၃ ထိ အမှတ်(၇) တပ်မဟာ ဌာနချုပ်တွင် တပ်မဟာမှူးအဖြစ်လည်းကောင်း၊ ၁၉၆၂ တွင်တော်လှန်ရေး ကောင်စီဝင် အဖြစ်လည်းကောင်း၊ ၁၉၆၃မှ ၁၉၆၅ထိ နမခတိုင်းမှူး အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ … Continue reading ဗိုလ်မှူးကြီးလွန်းတင် (ငြိမ်း) (ကြည်း-၃၆၁၀)
ခွန်သိမ်း၊ ဦး၊ အဖွဲ့ဝင်၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ၁၉ဝ၉-၁၉၇၉
ခွန်သိမ်း၊ ဦး၊ အဖွဲ့ဝင်၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ၁၉ဝ၉-၁၉၇၉ဖခင် – ဦးခွန်စွန်ညိုမိခင် – ဒေါ်ရွှေမြမွေးချင်း –အိမ်ထောင်ဘက် –သားသမီးများ –ဇာတိ – ပင်းတယမွေးနေ့ – January 22, 1909ကွယ်လွန် – October 3, 1979အခြား – ဖခင်ဖြစ်သူ၏ အမည်မှာ ပင်းတယစော်ဘွားကြီး ခွန်စွန်ညို/စဝ်ခွန်စွန်ညို အမည်နှင့် တူညီနေသည်။ ပင်းတယစော်ဘွား၏သား ဟုတ်မဟုတ် မသေချာပါ။ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဝင် ဦးခွန်သိမ်းနှင့် ပတ်သက်၍ အခြားအချက်အလက်များ မတွေ့ရှိသေးပါ။ ဆက်လက်ရှာဖွေဖော်ထုတ်နိုင်ရန်နောက်ဆုံးမှတ်တမ်းတင်သည့်နေ့ – မေ ၇၊ ၂၀၂၅ ပြည်သူ့ဥပဒေအကျိုးဆောင် ဦးခွန်သိမ်း(တောင်ကြီး) ကို ရှမ်းပြည်နယ်၊ ပင်းဒယမြို့တွင် အဖ ဦးခွန်စွန်ညို၊ အမိ ဒေါ်ရွှေမြ တို့မှ ၁၉ဝ၉ ခုနှစ် ဇန်နဝါရီလ … Continue reading ခွန်သိမ်း၊ ဦး၊ အဖွဲ့ဝင်၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ၁၉ဝ၉-၁၉၇၉
U HLA BAW, I.S.O., K.S.M.
စက်ရှင်မင်းကြီး ဦးလှဘော် I.S.O., K.S.M.ဖခင် – မိခင် – မွေးချင်း – အိမ်ထောင်ဘက် – သားသမီးများ – ဇာတိ – ပြည်မြို့မွေးနေ့ – မတ် ၁၀၊ ၁၈၆၈ကွယ်လွန် – အခြား –မှတ်ချက် – စက်ရှင်မင်းကြီး ဦးလှဘော်နှင့် ပတ်သက်၍ ပုသိမ်တွင် အခြေချ နေထိုင်ခဲ့ကြောင်းမှလွဲ၍ အခြားအချက်အလက်များ မတွေ့သေးပါ။ BAW, U HLA, I.S.O., K.S.M., Sessions Judge, retired. U HLA BAW was born on the 10th March, 1868 at Prome. Educ at the … Continue reading U HLA BAW, I.S.O., K.S.M.
