Category: Genealogy

Saw Chin Cheng

CHENG, Saw Chin, (Saw Chin Cheng) Inspector of Schools, I.E.S. Born in Moulmein on the 17th January, 1877. Son of Saw Wee Chiang, Merchant Moulmein. Educated at St. Patrick's Institution, Moulmein and Rangoon College (now University College) of Rangoon. Deputy Inspector of Schools 1897. Assistant Inspector of Schools, Northern Circles, 1901; Asst. I. Sch. Central … Continue reading Saw Chin Cheng

အိုင်စီအက်စ် ဦးဘညိမ်

အမည် - ဦးဘညိမ်, ဘညိမ်၊ ဦး၊ အိုင်စီအက်စ်, စည်သူဦးဘညိမ်ရာထူး - သမဝါယမဝန်ကြီးဌာနဝန်ကြီး(ငြိမ်း)၊ နိုင်ငံ့ဂုဏ်ရည်(ပ)မွေးနေ့ - ကွယ်လွန်နေ့ - ၂၇-၁၀-၂၀၀၄မွေးရပ် - စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ဖခင် - ဦးဗိုလ်ဟိန်းမိခင် - ဒေါ်စိန်ညွန့်သွေးချင်းများ - ဒေါ်ကြည်ကြည် (ဇမ္ဗူဝင်း၊ သိမ်ကြီးဈေးဘီရုံ)ဇနီး - (၁) ဒေါ်အေး (၂) ဒေါ်မြတင်သားသမီးများ - (၁) ဒေါ်မာမာညိမ် - ဦးမောင်မောင်(၂) ဦးမြင့်ညိမ်း - ဒေါ်လှကြည်(၃) ဦးထွန်းညိမ်း(၄) ဒေါ်တင်မာညိမ်း - ဦးစောဝေလင်း(၅) ဦးသော်ညိမ်း - ဒေါ်ခင်မာချွန်(၆) ဒေါ်ခင်တိုးညိမ်း - ဦးမြင့်လွင်ဦးမြေးများကိုထွန်းအောင်ကျော်-မခင်ယုမော်မောင်အောင်ကျော်ဦး-မကေခိုင်ညိမ်းကိုရန်မျိုးနိုင်-မအေးသီတာဖေမအင်ကြင်းဆွေမောင်အောင်ချမ်းညိမ်းမောင်ဇာလီအောင် + မဘရဏီမဣန္ဒာနွယ်မောင်သိန်းလွင်စိုးဝဏ္ဏမနှင်းရည်မွန်ဦး + သန့်ဇင်ထွန်းမောင်မြတ်ကောင်း နာရေးမှတ်တမ်း၊ မြန်မာ့အလင်း ၂၉-၁၀-၂၀၀၄၊ … Continue reading အိုင်စီအက်စ် ဦးဘညိမ်

ဂုဏ်ထူးဦးသိန်းနိုင် (၁၉၃၆-၂၀၂၅)

အမည် - သိန်းနိုင်၊ ဦး၊ ဂုဏ်ထူးဦးသိန်းနိုင်၊ မြန်မာစာဆရာကြီးမွေးသက္ကရာဇ် - မတ်လ ၂ ရက်၊ ၁၉၃၆ကွယ်လွန် - နိုဝင်ဘာ ၂၅၊ ၂၀၂၅မွေးရပ် - စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆင်ကျွန်းကျေးရွာဖခင် - ဓန၊ ဦး၊ တိုင်းရင်းဆေးဆရာကြီးမိခင် - အေးစိန်၊ ဒေါ်၊ ကျောင်းအုပ်ဆရာမကြီးဇနီး (၁) လှမြိုင်၊ ဒေါ်၊ ကျောင်းဆရာမဇနီး (၂) ကြည်ကြည်တင်၊ ဒေါ်၊ ဂုဏ်ထူးရတနာဘော်ဒါဆောင်၊ ရေနံတွင်းစားမျိုးသားသမီးများ - (၁) မမနိုင်၊ ဒေါ်၊ ရုပ်သေးပညာရှင်(၂) ကိုကိုနိုင်၊ ဦး(၃) မောင်မောင်နိုင်၊ ဦး/ ဆရာထွေး(၄) မိမိနိုင်၊ ဒေါ်(၅) ညီညီနိုင်၊ ဦး/ ဒေါက်တာဇီဝ(၆) ထွေးထွေးနိုင်၊ ဒေါ်

အေဝမ်းမိသားစုမျိုးဆက်ဇယား

အေဝမ်းမိသားစုဆိုတာ မြန်မာ့ရုပ်ရှင်လောကမှာ အထင်ကရ သမိုင်းဝင်မိသားစု ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မြန်မာ့ရုပ်ရှင်လောကထဲ အေဝမ်းမိသားစုကနေ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ စက်မှုပညာရှင်၊ သရုပ်ဆောင် စသည်ဖြင့် အောင်မြင် လင်းလက်ခဲ့ကြသူတွေ အများကြီး ထွက်ပေါ်ခဲ့တယ်။ လွန်ခဲ့တဲ့အပတ် ဇူလိုင် ၁၈၊ ၂၀၂၅ တုန်းက သက်ရှိ အေဝမ်းမိသားစုတွေထဲက အသက်အကြီးဆုံး ဒေါ်ခင်လှဲ့ အသက် ၁၀၆ နှစ်အရွယ် ကွယ်လွန်သွားတာ သိလိုက်ရတယ်။ ဒေါ်ခင်လှဲ့က မြန်မာ့အဆွေသူဌေးကြီး ဦးဘညွန့် နဲ့ ဒေါ်ငြိမ်းရှင်တို့ရဲ့ ဒုတိယသား အေဝမ်းဦးတင်နွယ်နဲ့ ဒေါ်မိမိကြီးတို့ကနေ မွေးတဲ့ သမီးအကြီးဆုံးဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက အထင်ကရ အေဝမ်းမိသားစုကြီးဟာ အခုဆို တကွဲတပြားစီ ဖြစ်ကုန်ကြပြီး လက်ရှိ မျိုးဆက်တွေ လက်ထက်မှာတော့ ရုပ်ရှင်အနုပညာနယ်မှာ အောင်မြင်စွာနဲ့ ကျင်လည် လုပ်ကိုင်နေသူတွေ မရှိတော့ဘူးလို့တောင် … Continue reading အေဝမ်းမိသားစုမျိုးဆက်ဇယား

ဒေါ်မီမီခိုင်မိသားစုစာရင်း

ဒေါ်မီမီခိုင်မိသားစုစာရင်း အရေးပိုင် ဦးချစ်ခိုင်နဲ့ ဒေါ်မမကြီးတို့ရဲ့သမီး၊ ကျိုင်းတုံစော်ဘွားကြီးရဲ့ သားတော်တစ်ပါးဖြစ်တဲ့ ရှမ်းပြည်နယ် ပညာမင်းကြီးဟောင်း စောဆိုင်မွန်/စောစိုင်မိုင်းမင်းရဲရဲ့ ဇနီး ကမ္တောဇကောလိပ်ကျောင်းကို တည်ထောင်သူ ဆရာမကြီး ဒေါ်မီမီခိုင်ရဲ့ မိသားစုဇယား။ အချက်အလက်တွေ အများစုကို ဆရာမကြီးရဲ့ ညီမတွေဖြစ်ကြတဲ့ ဒေါ်မြခိုင်နဲ့ ဦးနှောက်အာရုံကြော အထူးကုသမားတော်ကြီး ဒေါက်တာမြတ်ကြည်သန်းတို့ရဲ့ နာရေးမှတ်တမ်း တွေကနေ ရရှိပါတယ်။ ဒေါက်တာ မြတ်ကြည်သန်းရဲ့ သမီးဖြစ်တဲ့ ဒေါက်တာမေသဇင်သန်းထိုက်ဟာ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သား ဦးသောင်းထိုက်နဲ့ အကြောင်းပါခဲ့တာ တွေ့ရပြီး ဆရာမကြီးရဲ့ သမီးဖြစ်သူ ဒေါ်ရင်ရင်နွယ်/စဝ်နန်းနွဲ့ ကတော့ ဦးနေဝင်းရဲ့ သားဖြစ်သူ ဦးဖြိုးဝေဝင်းနဲ့ အကြောင်းပါခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက် အကြံပေးတစ်ဦး ဖြစ်ခဲ့တယ်။ ဒေါ်မီမီခိုင်တို့ရဲ့အကြောင်းကို သိချင်ရင် BBC စာမျက်နှာမှာ ဖတ်လို့ရပါတယ်။ [Link]

တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်နှင့် စဝ်နန်းနွမ်တို့၏ သမီးတော် စဝ်နန်းစွန်

တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်နှင့် စဝ်နန်းနွမ်တို့၏ သမီးတော် စဝ်နန်းစွန် Noreen Seinဒေါ်စဝ်နန်းစွန် (Noreen Sein)အသက် (၈၅) နှစ်ရန်ကုန်မြို့၊ တောင်ပိုင်စော်ဘွားကြီး (စဝ်ခွန်ပန်းစိန်-ဒေါ်စဝ်နန်းနွမ်) တို့၏သမီး၊ (ဒေါက်တာဦးမြင့်-ဒေါ်သန်းကြွယ်)တို့၏သမီးချွေးမ၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ အမှတ်(၄၅၉/E)၊ အခန်း(၅၀၂)နေ [ဗိုလ်မှူးမြင့်အောင်(ငြိမ်း၊ အမြောက်တပ်ဖွဲ့)]၏ ချစ်လှစွာသော ဇနီး၊ ဒေါ်စဝ်နန်းမြင့် - (ဦးသူရအောင်)၊ ဒေါ်စဝ်နန်းနု - ဒုမှူးကြီးရဲမင်းအေး(ငြိမ်း)၊ (ဦးခွန်အောင်မြင့်)၊ ဒေါ်စဝ်နန်းမြင့်သန်း - ဦးသိန်းလွင်၊ ဒေါ်စဝ်နန်းမြင့်စိန် - ဦးကျော်မင်းဦး၊ ဦးခွန်အောင်ထွေး - ဒေါ်နီလာဟန်တို့၏ မိခင်၊ မြေးရှစ်ယောက်၊ မြစ်တစ်ယောက်တို့၏ဘွားဘွားကြီးသည် ၁၈-၇-၂၀၂၀ (စနေနေ့) ညနေ ၃ နာရီတွင် အထက်ပါနေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပါသဖြင့် ၁၉-၇-၂၀၂၀ (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီတွင် … Continue reading တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်နှင့် စဝ်နန်းနွမ်တို့၏ သမီးတော် စဝ်နန်းစွန်

ဆီဆိုင်မြို့ပိုင်ကြီး စဝ်ရွှေကြည်၏ ဇနီး ဒေါ်ခင်လေးဝင်း

ဆီဆိုင်မြို့ပိုင်ကြီး စဝ်ရွှေကြည်၏ ဇနီးဘုရား၊ သိမ်၊ ကျောင်း ဒါယိကာမကြီးဒေါ်ခင်လေးဝင်း အသက်(၉၀)တောင်ကြီး၊ ညောင်ရွှေမြို့ညောင်ရွှေမြို့နေ (ဘဏ္ဍာတော်ငွေတိုက်အမတ်ကြီး ဦးငြိမ်း - ဒေါ်ဒွေး) တို့၏ ချစ်လှစွာသောသမီး၊ ညောင်ရွှေမြို့နေ (စဝ်ဖိုးမြ-စဝ်အယ်) တို့၏ သမီးချွေးမ၊ (ဦးမောင်မောင်ငြိမ်း)၊ [မောင်မြတ်မွန်(ညောင်ရွှေ)]တို့၏အစ်မ၊ တောင်ကြီးမြို့နေ [စဝ်ရွှေကြည် (အငြိမ်းစားမြို့ပိုင်)]၏ ချစ်လှစွာသော ဇနီး၊ စဝ်ဝင်းမောင်ကြည် (AQurius Inn) - ဒေါ်အေးအေးကြူ၊ စဝ်စိုးဝင်းကြည် (စိုက်ပျိုးရေးမန်နေဂျာ-ငြိမ်း) - ဒေါ်ခင်ဝင်းမြင့်(ဒု-ညွှန်ကြားရေးမှူးငြိမ်း) (ငွေအိမ်နန်း ကိုယ်ပိုင်အထက်တန်းကျောင်း)၊ စဝ်သန်းဌေးကြည် (ကမ္ဘောဇဓမ္မာရုံ) - ဒေါ်မို့မို့သန်း (Genius ကိုယ်ပိုင်အထက်တန်းကျောင်း)၊ စဝ်ဥမ္မာကြည် (ကယားပြည်နယ် တရားလွှတ်တော်တရားသူကြီး)၊ စဝ်နေဝင်းကြည်၊ (စဝ်နေလင်းကြည်) - ဒေါ်မိုးမိုးခင်၊ ဦးဉာဏ်ထူး (ရွှေရှမ်းလေး) - စဝ်စန္ဒာကြည် (ပင်လုံနှင်းဆီ+မိဘရိပ် ကိုယ်ပိုင်အထက်တန်းကျောင်း)၊ … Continue reading ဆီဆိုင်မြို့ပိုင်ကြီး စဝ်ရွှေကြည်၏ ဇနီး ဒေါ်ခင်လေးဝင်း

စဝ်ခင်စု (ခ) Barbara Sein

တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန် ၏ သမီးတော်ကြီးဒေါ်စဝ်ခင်စု (ခ) Barbara Seinအသက်(၈၈)နှစ်ရှမ်းပြည်နယ်(မြောက်ပိုင်း) တောင်ပိုင်စော်ဘွားကြီး (သတိုးအဂ္ဂမဟာသရေစည်သူ စဝ်ခွန်ပန်းစိန် - မဟာဒေဝီ ဒေါ်ခင်မေမေ)တို့၏ သမီးတော်ကြီး၊ (ဒေါက်တာကေအိုင်ယား-ဒေါ်ဒေါ်မိ)တို့၏ သမီးချွေးမ၊ [ဒေါက်တာစောညွန့် (ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီး)]၏ ချစ်လှစွာသောဇနီး၊ (စဝ်အုံးရီ-Joyce)၊ (စဝ်ယဉ်ပြုံး-Peggy)၊ စဝ်မြနွယ် (Ann)၊ (စဝ်ဖုန်းမြင့် – Patrick)၊ (စဝ်ဝင်းကြည်-Kenny)၊ စဝ်နှင်းရီ (Janie)၊ စဝ်ယဉ်အေး (Shirley)၊ စဝ်ညွန့်ဝတီ (Wendy)၊ (စဝ်မြင့်စိုး-Winston)၊ စဝ်နေဝင်း(Denzil)၊ စဝ်မြတ်သီရိ (Angelina)တို့၏ ချစ်လှစွာသောအစ်မကြီး၊ ဦးအောင်ကျော်ဦး-ဒေါ်ခင်နန်းသိင်္ဂီတို့၏ ချစ်လှစွာသောမိခင်ကြီး၊ မခင်လပြည့်ဝန်း၏ ချစ်လှစွာသော ဘွားဘွားကြီးသည် ၁၈-၁၂-၂၀၂၀ (သောကြာနေ့) နံနက် ၆:၁၆ နာရီတွင် အမှတ်(၂၀)၊ နတ်မောက်ရိပ်သာလမ်း၊ ဆရာစံရပ်ကွက်၊ ဗဟန်းမြို့နယ် နေအိမ်၌ ကွယ်လွန်သွားပါသဖြင့် … Continue reading စဝ်ခင်စု (ခ) Barbara Sein

ပြည်ထဲရေးဝန်ကြီးချုပ် ဆာဦးဘ/ဆာမောင်ဘ B.A., K.S.M

ပြည်ထဲရေးဝန်ကြီးချုပ် ဆာဦးဘ/ဆာဘ Sir U Ba, Sir Maung Ba, B.A., K.S.Mဖခင် – ဦးဘိုးမင်းမိခင် – ဒေါ်ခက်မွေးချင်း – အိမ်ထောင်ဘက် – ဒေါ်မြဘွင့် (b. သားသမီးများ – (၁) မသန်းတင် (၂) ဒေါ်ညွန့်ညွန့် (ICS စည်သူဦးတင်၏ဇနီး) (၃) ဒေါ်ခင်မြ (မက်သဒစ်ကျောင်းဆရာမ) (၄) ဦးမောင်မောင်/စည်သူဦးမောင်မောင် (ကာကွယ်ရေးအတွင်းဝန်) (၅) ဦးမောင်ကလေးဇာတိ – ရန်ကုန်မွေးနေ့ – Feb 25, 1873ကွယ်လွန် – June 4, 1937အခြား – ရန်ကုန် ငါးထပ်ကြီးဘုရား ဆွေတော်မျိုးတော်သင်္ချိုင်းတွင် ဆာဦးဘ၊ ဒေါ်မြဘွင့်၊ သမီး ဒေါ်ညွန့်ညွန့် နှင့် သားမက် … Continue reading ပြည်ထဲရေးဝန်ကြီးချုပ် ဆာဦးဘ/ဆာမောင်ဘ B.A., K.S.M

ရန်ကုန်အရေးပိုင် ဦးဘိုးစ မိသားစု

ဦးဘိုးစသည် Calcutta မှ B.A ဘွဲ့ရပြီး ရန်ကုန်အရေးပိုင်ဘဝအတွင်း K.S.M, A.T.M ဘွဲ့တံဆိပ်ရှင် ဖြစ်သည်။ မြန်မာ့ပြည်သူ့ဘဏ်တွင် မန်နေဂျင်းဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သည်။