နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲ့စည်း

A document titled 'Formation of the National Security and Peace Commission' issued by the National Defense and Security Council of Myanmar. It outlines the formation of the commission and includes the names and titles of its members.

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲ့စည်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
အမိန့်အမှတ်၊ ၄ /၂၀၂၅
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ကျင့်သုံးနေစဉ်ကာလအတွင်း နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့် လမ်းညွှန်မှုများ ပြုနိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အား အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

(၁) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဥက္ကဋ္ဌ၊ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(၂) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(၃) ဦးညိုစော၊ အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
(၄) ဦးအောင်လင်းဒွေး၊ အဖွဲ့ဝင်၊ အမှုဆောင်ချုပ်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး
(၅) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန
(၆) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန
(၇) ဦးသန်းဆွေ၊ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန
(၈) ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန
(၉) ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ အဖွဲ့ဝင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)
(၁ဝ) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး

ပုံ
မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ယာယီသမ္မတ(တာဝန်)


Discover more from Burma Data

Subscribe to get the latest posts sent to your email.

Leave a Reply