
ဗိုလ်မှူးကြီးသိန်းငွေ(ငြိမ်း) (ပေါက်ခေါင်း)
ကြည်း-၅၈၉၃
ဗိုလ်သင်တန်းအပတ်စဉ်(၄)
လွတ်လပ်ရေးမော်ကွန်းဝင်(ဒုတိယဆင့်)
နိုင်ငံ့ဂုဏ်ရည်(ပထမဆင့်)
အသက်(၈၆)နှစ်
ရန်ကုန်မြို့၊ အမှတ် ၅၅(စီ)၊ ဖိုးစိန်လမ်း၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်နေ
(ဦးဘိုးရင် – ဒေါ်စိန်ညွန့်)တို့၏သား၊ (ဦးစန်းမောင်-ဒေါ်အုံးကြည်)တို့၏သားသမက်၊
ဒေါ်ထားထားယဉ်၏ခင်ပွန်း၊ ဦးကျော်ဇေယျသိန်း-ဒေါ်သိန်းသိန်းဝင်း၊ ဦးရန်မျိုး
အောင်သိန်း-ဒေါ်ခင်မြမြ၊ ဦးဟန်ထွန်းသိန်း-ဒေါ်ဖြူဖြူတင်စိန်၊
ဦးနေထွန်းသိန်း၊
ဗိုလ်မှူးရန်နောင်သိန်း(ငြိမ်း)]-ဗိုလ်မှူးဝင်းလင်းချို၊ ဗိုလ်မှူးအောင်ဇေယျသိန်း၊
ဦးတေဇာလင်းရွှေ-ဒေါ်သီတာသိန်း၊ ဗိုလ်ကြီးသိန်းသန်းတု(ငြိမ်း)-(ဒေါက်တာ
သန္တာသိန်း)၊ ဦးဝင့်နန္ဒပိုသိန်း-ဒေါ်ဥမ္မာကြည်တို့၏ဖခင်၊ မြေး ၁၁ယောက်၊ မြစ်
နှစ်ယောက်တို့၏ဘိုးဘိုးကြီးသည် ၁၇-၉-၂၀၁၂ရက်(တနင်္လာနေ့) ၁၂း၄၅နာရီတွင်
သုခကမ္ဘာဆေးရုံကြီး၌ကွယ်လွန်သွားပါ၍ ကွယ်လွန်သူ၏ဆန္ဒအရ ယင်းနေ့ ညနေ
၅း၃ဝနာရီတွင် ရေဝေးသုသာန်၌သင်္ဂြိုဟ်ပြီးစီးပါကြောင်း ရပ်ဝေးရပ်နီးမှဆွေမျိုး
မိတ်သင်္ဂဟများအား အကြောင်းကြားအပ်ပါသည်။
ကွယ်လွန်သူအားရည်စူး၍ ၂၃-၉-၂ဝ၁၂ရက်(တနင်္ဂနွေနေ့)နံနက် ၇နာရီမှ
၁ဝနာရီအထိ အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာ ကြွရောက်
ပါရန် ဖိတ်ကြားအပ်ပါသည်။
ကျန်ရစ်သူမိသားစု
Discover more from Burma Data
Subscribe to get the latest posts sent to your email.
