
ကမ္ဘောဇကောလိပ်၏ ဘုတ်အဖွဲ့ဝင်များ
နောက်တန်းဝဲမှယာ – ကျောင်းအုပ် Dr. Ralph Ockenden ၊ အမည်မသိ၊ သီပေါစော်ဘွားကြီး စဝ်ကြာဆိုင်၊ ကျေးသီး-မံစံစော်ဘွားကြီး စဝ်ရွှေမှုံ၊ မိုးနဲစော်ဘွားကြီး စဝ်ပြည့်၊ ညောင်ရွှေကျမိုင်း စဝ်ဆိုင်ဖ၊ ကိုးကန့်စော်ဘွား ရန်ကျိန်းဆိုင်၊ ဘော်စော်ဘွား စဝ်ခွန်အောင်၊ စဝ်ဆိုင်မိန်း (ကျိုင်းတုံစော်ဘွားကြီး၏သား၊ ကျောင်းအုပ်ကြီး ဒေါ်မိမိခိုင်၏ ခင်ပွန်း)
ရှေ့တန်းဝဲမှယာ – လဲချားစော်ဘွားကြီးစဝ်နွံ၊ တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်၊ မိုးမိတ်စော်ဘွားကြီး စဝ်ခွန်ချို၊ သာမိုင်းခမ်းစော်ဘွားကြီး စဝ်ထွန်းအေး၊ ကျောင်းအုပ်ကြီး ဒေါ်မီမီခိုင်
ကမ္တောဇကောလိပ်ဟာ မြန်မာပြည်မှာ အင်္ဂလိပ်လိုသင်တဲ့ကျောင်းတွေထဲမှာ သာသနာပြုကျောင်း မဟုတ်တဲ့ တခုတည်းသောကျောင်း ဖြစ်ပြီး ကျောင်းဆောင်နာမည်တွေကိုလည်း တကောင်း၊ အင်းဝ၊ အုန်းဘောင်နဲ့ ပင်လုံ ဆိုပြီး ရှမ်းသမိုင်းနဲ့ ဆိုင်တဲ့ နာမည်တွေ ပေးပါတယ်။ နောက် ရှမ်းအမျိုးသားသီချင်းကိုလည်း နိုင်ငံတော်သီချင်းနဲ့အတူ နေ့စဉ်သီဆိုရသလို ရှမ်းအလံကိုလည်း ပြည်ထောင်စုအလံနဲ့ ယှဉ်တွဲလွှင့်ထူတဲ့ ကျောင်းဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်က တောင်ကြီးမှာ ရှိခဲ့တဲ့ ရှမ်းစော်ဘွားသားမြေးများကျောင်းကို အနောက်တိုင်းပုံစံကနေ ရှမ်းပုံစံဖြစ်အောင်၊ လူတိုင်းတက်နိုင်အောင် စော်ဘွားတွေ ကြီးမှူးတဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေါ်မီမီခိုင်တို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – စောဆိုင်မိုင်းနဲ့ မီမီခိုင်၊ ဘိလပ်ပြန် စော်ဘွားသားနဲ့ ဆရာမလေး
Discover more from Burma Data
Subscribe to get the latest posts sent to your email.
