Category: Biography

စလင်းသူကောင်းမျိုးဆက်များ နောက်ဆက်တွဲ

စလင်းသူကောင်းမျိုးဆက်များ နောက်ဆက်တွဲ

၂၀၂၄ ဧပြီ ၁၀ ရက်နေ့က ကြေးမုံ သတင်းစာထဲ မသီရိကြာညိုရဲ့ မွေးနေ့သက္ကရာဇ်အမှန် ကြော်ငြာလေး ဖတ်မိပြီး အမျိုးစပ်ရတာ ဝါသနာပါသူဟာ စလင်းသူကောင်းတွေအကြောင်း အမျိုးစပ်ဖို့ သတိရသွားတယ်။ ကိုဘိုဘိုတို့ မောင်သန်းဆွေ(ထားဝယ်)တို့ ရေးထားတဲ့ မှတ်တမ်းတွေမှာ မပါသေးတာတွေ ထပ်ဖြည့်စွက်နိုင်ရင် ကောင်းမယ်ဆိုပြီး သိထားသမျှလေးနဲ့ စလင်းသူကောင်းဆက်တွေ ထပ်ဖြည့်လိုက်တယ်။ ပြည့်စုံတယ်လို့ မဆိုလိုပါဘူး။ ရနိုင်သမျှသော Public Data တွေထဲက ရှာဖွေ ဆက်စပ်ရတာမို့ အမှားအယွင်း အကျအပေါက်တွေလည်း ရှိနိုင်ပါတယ်။​စလင်းသူကောင်းမ ဒေါ်ခင်စိန်ဒိုင် နဲ့ အိုင်စီအက်စ် သီရိပျံချီဦးချစ်ဖေ တို့ကနေ- ခင်အုန်းချစ်၊ ဒေါ်၊ ဒေါက်တာ၊ ပါမောက္ခ(ငြိမ်း)- ကြာညိုချစ်ဖေ(ခ)ပါစီချစ်ဖေ၊ ဗိုလ်မှူးချုပ်(ငြိမ်း)၊ စတသ-၇၊ သံအမတ်ကြီး(ငြိမ်း)- ရဲချစ်ဖေ၊ ဗိုလ်မှူးချုပ်(လေ-ငြိမ်း)၊ B. E (Mech)- လှဖြူချစ်၊ … Continue reading စလင်းသူကောင်းမျိုးဆက်များ နောက်ဆက်တွဲ

ဦးသင်းလှိုင်၊ ပထမအကြိမ် စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း)

ဦးသင်းလှိုင်ကန့်ဘလူသား ကြံ့ခိုင်ရေးအမတ်ဦးသိန်းစိန်အစိုးရလက်ထက် စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌရန်ကုန်တက္ကသိုလ်ရူပဗေဒဌာနမှူးဟောင်းထားဝယ်ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာကြီးဟောင်းမြစ်ကြီးနားတက္ကသိုလ်ပါချုပ်(ငြိမ်း)မွေးနေ့ - Sunday, February 15, 1942ကွယ်လွန် - Saturday, April 5, 2025နာရေးသတင်း ဦးသင်းလှိုင်ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ပါမောက္ခချုပ် (ငြိမ်း)၊ မြစ်ကြီးနားတက္ကသိုလ်အသက်(၈၃)နှစ်စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်နေ (ဦးညွန့်-ဒေါ်အေး)တို့၏သား၊ ဦးမြမောင်-ဒေါ်ရီရီမြင့်တို့၏ အစ်ကို၊ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်နေ ဒေါ်စမ်းစမ်းရည်၏ ခင်ပွန်း၊ (ဦးသိန်းထိုက်)-ဒေါ်ဇင်လင်းထိုက်၊ ဒေါက်တာရဲခေါင်- ဒေါ်အေးမြတ်သူဇာ၊ ဗိုလ်ကြီးသီဟန်- ဒေါက်တာချယ်ရီလင်းလင်းဇော်တို့၏ ဖခင်၊ မသက်ပြည့်ဘုန်းထိုက်၊ မသွန်းဖြိုးရွှေထိုက်၊ မခင်ရတနာထိုက်၊ မောင်ကျော်စစ်သီဟန်၊ မောင်ကောင်းစစ်သီဟန်တို့၏ အဘိုးသည် ၅-၄-၂၀၂၅ (စနေနေ့) ညနေ ၄:၅၅ နာရီတွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားပါ၍ ၇-၄-၂ဝ၂၅ (တနင်္လာနေ့) နံနက် ၉ နာရီတွင် ငြိမ်းအေးဇရပ်မှ မင်္ဂလာဒုံ စစ်သင်္ချိုင်းသို့ ပို့ဆောင် … Continue reading ဦးသင်းလှိုင်၊ ပထမအကြိမ် စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း)

စောနောင်၊ ဗိုလ်၊ ရဲဘော်သုံးကျိပ်

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောနောင် ဗိုလ်စောနောင်ကို ၁၉၂ဝ ပြည့်နှစ် စက်တင်ဘာလ ၂ ရက် ကြာသပတေးနေ့တွင် ရန်ကုန်မြို့ ကမာရွတ် ရှမ်းစုရပ် အဖ ကျောက်ကုန်သည် ဦးဘိုးညွန့်၊ အမိ ဒေါ်ရွှေမှတ်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မောင်သစ် ဖြစ်လေသည်။ မောင်သစ်သည် ကမာရွတ် ရပ်ကွက်ရှိ ဦးစံလှ အလွတ်ပညာသင်ကျောင်းမှ အင်္ဂလိပ် မြန်မာ နှစ်ဘာသာ သတ္တမတန်း စာမေးပွဲကို အောင်မြင်ခဲ့သည်။ အသက် ၁၅ နှစ်သား အရွယ်မှာပင် အစ်ကိုကြီးများ ဖြစ်ကြသော သခင်အောင်တင်၊ သခင်ငွေ (ရဲဘော်သုံးကျိပ် ဗိုလ်မှူးစောအောင်) တို့နည်းတူ သခင်သစ် အမည်ခံယူ၍ တို့ဗမာအစည်းအရုံးကြီး၏ အမျိုးသားရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ သခင်ဗစိန်တို့ ဒေါင်းသတင်းစာ ထုတ်ဝေသည့်အခါ ၂၁ ဦးဂိုဏ်းသားများ … Continue reading စောနောင်၊ ဗိုလ်၊ ရဲဘော်သုံးကျိပ်