တောင်ငူကြီးကို သဝန်ညီနောင်တို့ စတင် တည်ထောင်သည့် သက္ကရာဇ်ကား ၆၄၄-ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် တနင်းလာနေ့ ဖြစ်သတည်း။ ထိုတောင်ငူမြို့ကို မင်းပြုကြသော မင်းအစဉ်ကား အောက်ပါအတိုင်းတည်း။
၁။ သဝန်ကြီးမင်း၊ သက္ကရာဇ် ၆၄၄ မှ ၆၇၉ ခုနှစ်။
၂။ ညီ သဝန်ငယ်၊ သက္ကရာဇ် ၆၇၉ မှ ၆၈၆ ခုနှစ်။
၃။ သဝန်ငယ်သား စောနှစ်၊ ၆၈၆ ခုနှစ်မှ ၆၈၇ ခုနှစ်။
၄။ ထောင်မှူး ကရင်ဘ၊ သက္ကရာဇ် ၆၈၇ မှ ၇၀၄ ခုနှစ်။
၅။ ကရင်ဘ သမက် လက်ျာစကြာ၊ ၇၀၄ ခုနှစ်မှ ၇၀၆ ခုနှစ်။
၆။ လက်ျာစကြာမင်း ညီ ထောက်လှေကား၊ ၇၀၆ မှ ၇၀၈ ခုနှစ်။
၇။ သိင်္ဂပါမင်း(မင်းရိုးမဟုတ်)၊ ၇၀၈ မှ ၇၂၀ ခုနှစ်။
၈။ သားတော်ပျံချီကြီး၊ ၇၂၉ ခုနှစ်မှ ၇၃၇ ခုနှစ်။
၉။ မြို့စောင့် တလိုင်းမစိန် (တပါးမင်း) ၇၃၇ ခုနှစ်၊ ခုနစ်လသာ။
၁၀။ ပျံချီကြီးသား ပျံချီငယ်၊ ၇၃၇ မှ ၇၄၁ ခုနှစ်။
၁၁။ ယောက်ဖတော် စုက္ကတေး၊ ၇၄၁ မှ ၇၄၅ ခုနှစ်။
၁၂။ မင်းဖေါင်းကား(တပါးမင်း) ၇၄၅ မှ ၇၅၉ ခုနှစ်။
၁၃။ ၎င်းသား မင်းစောဦး၊ ၇၅၉ မှ ၇၆၁ ခုနှစ်။
၁၄။ မင်းနေမိ(တပါးမင်း) ၇၆၁ မှ ၇၇၀ ခုနှစ်။
(တောင်ငူတွင် မင်းတနှစ်လပ်၏။)
၁၅။ မင်းလက်ျာ(တပါးမင်း) ၇၇၁ မှ ၇၇၃ ခုနှစ်။
၁၆။ စကုသင်္ခယာ၊ ၇၇၃ မှ ၇၇၇ ခုနှစ်။
၁၇။ သား သင်္ခယာငယ်၊ ၇၇၇ မှ ၇၀၀ ခုနှစ်။
(ရှမ်းဖျက်၍ တောင်ငူမင်း တနှစ်လပ်၏။)
၁၀။ ပန်းတောင်းမင်း၊ ၇၇၁ မှ ၇၇၃ ခုနှစ်။
၁၉။ စောလူးသင်္ခယာ(မင်းရိုးမဟုတ်) ၇၇၃ မှ ၇၉၇ ခုနှစ်။
၂၀။ သမက် ဥစ္စနာ၊ ၇၉၇ မှ ၇၉၈ ခုနှစ်။
၂၁။ စောလူးသင်္ခယာ သား မင်းစောဦး၊ ၇၉၇ မှ ၈၀၄ ခုနှစ်။
၂၂။ မင်းတရဖျား(တပါးမင်း)၈၀၄ မှ ၈၀၇ ခုနှစ်။
၂၃။ သား မင်းခေါင်ငယ်၊ ၈၀၇ မှ ၈၁၃ ခုနှစ်။
၂၄။ မင်းငယ်ကျော်ထင်(တပါးမင်း) ၈၁၂ မှ ၈၂၁ ခုနှစ်။
၂၅။ မင်းကြီးဇေယျသူ(တပါးမင်း) ၈၂၁ မှ ၈၂၈ ခုနှစ်။
၂၆။ အထိန်းသား မြေထဲ မင်းပေးမင်း၊ ၈၂၀ မှ ၈၃၂ ခုနှစ်။
၂၇။ စည်သူကျော်ထင်(တပါးမင်း) ၈၃၂ မှ ၈၄၃ ခုနှစ်။
၂၀။ သား မင်းကြီးစည်သူ၊ ၈၄၃ မှ ၈၄၇ ခုနှစ်။
၂၉။ တူ သမက် မင်းကြီးညို၊ ၈၄၇ မှ ၈၉၂ ခုနှစ်။
ကိုးကား။ တောင်ငူရာဇဝင်အကျဉ်း၊ ဦးချမ်းမြ
Discover more from Burma Data
Subscribe to get the latest posts sent to your email.

ထောင်မှူးကရင်ဘမှာ ဂဏန်းတစ်လုံးလို
ကျေးဇူးပါဗျာ ပြန်မစစ်လိုက်မိဘူး။ အခု ပြန်စစ်ပြီး ပြင်ထားလိုက်ပါပြီ။