ဒေါ်မီမီခိုင်မိသားစုစာရင်း

A family tree diagram detailing the lineage of Daw Mi Mi Kyaw, a prominent educator and founder of Kanta Kyaung School, highlighting key family members and relationships.
ဒေါ်မီမီခိုင်မိသားစုစာရင်း

အရေးပိုင် ဦးချစ်ခိုင်နဲ့ ဒေါ်မမကြီးတို့ရဲ့သမီး၊ ကျိုင်းတုံစော်ဘွားကြီးရဲ့ သားတော်တစ်ပါးဖြစ်တဲ့ ရှမ်းပြည်နယ် ပညာမင်းကြီးဟောင်း စောဆိုင်မွန်/စောစိုင်မိုင်းမင်းရဲရဲ့ ဇနီး ကမ္တောဇကောလိပ်ကျောင်းကို တည်ထောင်သူ ဆရာမကြီး ဒေါ်မီမီခိုင်ရဲ့ မိသားစုဇယား။ အချက်အလက်တွေ အများစုကို ဆရာမကြီးရဲ့ ညီမတွေဖြစ်ကြတဲ့ ဒေါ်မြခိုင်နဲ့ ဦးနှောက်အာရုံကြော အထူးကုသမားတော်ကြီး ဒေါက်တာမြတ်ကြည်သန်းတို့ရဲ့ နာရေးမှတ်တမ်း တွေကနေ ရရှိပါတယ်။ ဒေါက်တာ မြတ်ကြည်သန်းရဲ့ သမီးဖြစ်တဲ့ ဒေါက်တာမေသဇင်သန်းထိုက်ဟာ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သား ဦးသောင်းထိုက်နဲ့ အကြောင်းပါခဲ့တာ တွေ့ရပြီး ဆရာမကြီးရဲ့ သမီးဖြစ်သူ ဒေါ်ရင်ရင်နွယ်/စဝ်နန်းနွဲ့ ကတော့ ဦးနေဝင်းရဲ့ သားဖြစ်သူ ဦးဖြိုးဝေဝင်းနဲ့ အကြောင်းပါခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက် အကြံပေးတစ်ဦး ဖြစ်ခဲ့တယ်။

ဒေါ်မီမီခိုင်တို့ရဲ့အကြောင်းကို သိချင်ရင် BBC စာမျက်နှာမှာ ဖတ်လို့ရပါတယ်။ [Link]


Discover more from Burma Data

Subscribe to get the latest posts sent to your email.

One thought on “ဒေါ်မီမီခိုင်မိသားစုစာရင်း

Leave a Reply