ဗိုလ်မှူးကြီးလွန်းတင် (ငြိမ်း) (ကြည်း-၃၆၁၀)

A newspaper obituary detailing the life and accomplishments of Major General Lun Tin (Nyein), mentioning his roles in military and political offices from 1961 to 1983, and his death on October 21, 2012.

အမည် – လွန်းတင်၊ ဗိုလ်မှူးကြီး(ငြိမ်း)
ဖခင် – ဦးထွန်းလင်း
မိခင် – ဒေါ်သိန်းမေ
မွေးချင်း –
အိမ်ထောင်ဘက် – ဒေါ်သန်းကြည်
သားသမီးများ – ဦးဘုန်းနိုင်၊ ဒေါ်အိအိတင်၊ ဦးမင်းအောင်၊ ဦးစိုးအောင်၊ ဒေါ်လဲ့လဲ့တင်၊ ဦးသန်းထူး
ဇာတိ – မော်လမြိုင်၊ ကတိုးကော့နှပ်
မွေးနေ့ – March 2, 1921
ကွယ်လွန် – October 21, 2012
အခြား –
နောက်ဆုံးမှတ်တမ်းတင်သည့်နေ့ – ဇွန် ၁၊ ၂၀၂၅

ဗိုလ်မှူးကြီးလွန်းတင် (ငြိမ်း) (ကြည်း-၃၆၁၀)သည် ၁၉၆၁ မှ ၁၉၆၃ ထိ အမှတ်(၇) တပ်မဟာ ဌာနချုပ်တွင် တပ်မဟာမှူးအဖြစ်လည်းကောင်း၊ ၁၉၆၂ တွင်တော်လှန်ရေး ကောင်စီဝင် အဖြစ်လည်းကောင်း၊ ၁၉၆၃မှ ၁၉၆၅ထိ နမခတိုင်းမှူး အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ နမခတိုင်းမှူး အဖြစ်ဆောင်ရွက်စဉ် ဘုန်းကြီးအရေးအခင်း၌ ပါဝင်ပတ်သက်မှု ဖြင့် ၁၉၆၅ခုနှစ်၊ စက်တင်ဘာလ၁ ရက်နေ့မှ ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ အထိ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီ လ ၂၅ ရက်နေ့မှစ၍ စစ်မှုထမ်းဆောင်ခြင်း ရပ်စဲခံခဲ့ရ၍ ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိအမှတ်(၁) စက်မှုဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ၁၉၇၈ ခုနှစ် မှ ၁၉၈၁ ခုနှစ်ထိ အလုပ်သမားဌာန ညွှန်ကြားရေးမှူးချုပ်၊ ၁၉၈၁ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ အလုပ်သမားဌာန အကြံပေးပုဂိ္ဂုလ်အဖြစ် ဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေး မော်ကွန်းဝင်(ပ) ဆင့်၊ နိုင်ငံဂုဏ်ရည်(ပ)ဆင့်၊ သီရိပျံချီ၊ ဇေယျကျော်ထင်၊ သီဟဗလ တံဆိပ်တို့အပါအဝင် ဆုတံဆိပ် ၇ ခု ရရှိ ခဲ့သည်။ ဗိုလ်မှူးကြီးလွန်းတင်(ငြိမ်း)သည် မော်လမြိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)တွင် NLD အား ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ (၃၉၆၂၄)မဲ၊ စုစုပေါင်း ရာခိုင်နှုန်း (၇၇ ဒသမ ၂၉)ဖြင့် ရွေး ချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ 

နာရေးသတင်း

ဗိုလ်မှူးကြီးလွန်းတင်(ငြိမ်း) ကြည်း-၃၆၁ဝ၊ နမခတိုင်းမှူး၊ ဇေယျကျော်ထင်၊ သီရိပျံချီ၊ သီဟဗလ၊ လွတ်လပ်ရေးမော်ကွန်းဝင်(ပထမဆင့်)၊ နိုင်ငံ့ဂုဏ်ရည်(ပထမဆင့်)၊ တော်လှန်ရေးကောင်စီဝင် ၁၉၆၂၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း
အသက်(၉၂)နှစ်

မော်လမြိုင်မြို့၊ ကတိုးကော့နှပ်နေ (ဦးထွန်းလင်း-ဒေါ်သိန်းမေ) တို့၏သား၊ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဘောက်ထော်၊ (၁၆)ရပ်ကွက်၊ မာလာမြိုင်လမ်း၊ အမှတ် ၁၅(ဇ)နေ (ဒေါ်သန်းကြည်)၏ ခင်ပွန်း၊ ဦးဘုန်းနိုင်၊ ဦးဝင့်ဆွေ – ဒေါ်အိအိတင် (Singapore) ၊ ဦးမင်းအောင် (2/O, Uniteam Marine Co., Ltd.)၊ ဦးစိုးအောင်(MSS-Co.,Ltd.)-ဒေါ်ဆွေ၊ ဦးအောင်ကျော်မိုး (တရားလွှတ်တော်ရှေ့နေ) – ဒေါ်လဲ့လဲ့တင် (အကောက်ခွန် မှူး၊ ငြိမ်း)၊ ဦးသန်းထူး (2/O St. Johns Co.,Ltd.) တို့၏ဖခင်ကြီး၊ မြေး ၁၃ယောက်၊ မြစ်တစ်ယောက်တို့၏ အဘိုးသည် ၂၁-၁၀-၂၀၁၂ ရက် (တနင်္ဂနွေနေ့) ညနေ ၅း၃၀နာရီတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်သွားပါသဖြင့် ၂၅- ၁ ဝ – ၂ဝ၁၂ရက် (ကြာသပတေးနေ့) ညနေ ၄နာရီတွင် ရေဝေးအအေးတိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပြီး ဖြစ်ပါကြောင်း။
ကျန်ရစ်သူမိသားစု

ကိုးကား။ ။
၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း၊ ခင်ကျော်ဟန်၊ စာ-၂၆၈
သိမှတ်ဖွယ်ရာကိုယ်ရေးအချက်အလက်များ၊ စာ-၆၇၆
မြန်မာသံတော်ဆင့်သတင်းစာ၊ https://myanmartandawsint.wordpress.com/2015/10/18/%E1%80%85%E1%80%85%E1%80%B9%E1%80%97%E1%80%AF%E1%80%AD%E1%80%9C%E1%80%B9%E1%80%B1%E1%80%9F%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%B9%E1%80%85%E1%80%AC%E1%80%B8/


Discover more from Burma Data

Subscribe to get the latest posts sent to your email.

Leave a Reply