
အေဝမ်းမိသားစုဆိုတာ မြန်မာ့ရုပ်ရှင်လောကမှာ အထင်ကရ သမိုင်းဝင်မိသားစု ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မြန်မာ့ရုပ်ရှင်လောကထဲ အေဝမ်းမိသားစုကနေ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ စက်မှုပညာရှင်၊ သရုပ်ဆောင် စသည်ဖြင့် အောင်မြင် လင်းလက်ခဲ့ကြသူတွေ အများကြီး ထွက်ပေါ်ခဲ့တယ်။ လွန်ခဲ့တဲ့အပတ် ဇူလိုင် ၁၈၊ ၂၀၂၅ တုန်းက သက်ရှိ အေဝမ်းမိသားစုတွေထဲက အသက်အကြီးဆုံး ဒေါ်ခင်လှဲ့ အသက် ၁၀၆ နှစ်အရွယ် ကွယ်လွန်သွားတာ သိလိုက်ရတယ်။ ဒေါ်ခင်လှဲ့က မြန်မာ့အဆွေသူဌေးကြီး ဦးဘညွန့် နဲ့ ဒေါ်ငြိမ်းရှင်တို့ရဲ့ ဒုတိယသား အေဝမ်းဦးတင်နွယ်နဲ့ ဒေါ်မိမိကြီးတို့ကနေ မွေးတဲ့ သမီးအကြီးဆုံးဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက အထင်ကရ အေဝမ်းမိသားစုကြီးဟာ အခုဆို တကွဲတပြားစီ ဖြစ်ကုန်ကြပြီး လက်ရှိ မျိုးဆက်တွေ လက်ထက်မှာတော့ ရုပ်ရှင်အနုပညာနယ်မှာ အောင်မြင်စွာနဲ့ ကျင်လည် လုပ်ကိုင်နေသူတွေ မရှိတော့ဘူးလို့တောင် ပြောရပါတော့မယ် ထင်ပါတယ်။ တချို့တွေလည်း နိုင်ငံရပ်ခြားမှာ အခြေချကုန်ကြပြီ။ တချို့တွေလည်း ကိုယ်စီအမွေရတဲ့ အေဝမ်းခြံကြီးရဲ့ အစိတ်အပိုင်းတွေကို ထုတ်ရောင်းခဲ့ကြလို့ အထင်ကရ အေဝမ်းခြံကြီးလည်း အေဝမ်းမိသားစုတွေ သက်သက်သာ မဟုတ်တော့ဘဲ အခြားလူတွေရဲ့ နားခိုနေထိုင်ရာ ဖြစ်ကုန်ပြီ။
အေဝမ်းမိသားစုလို့ ပြောလိုက်ရင် (ဆောက်လုပ်ရေး အေဝမ်း မဟုတ်) သိသလိုလိုနဲ့ တကယ်တမ်း အချက်အလက်တွေ မှတ်တမ်းတင်ဖို့ လိုက်ကြည့်တဲ့အခါ တိတိကျကျ မရှိတာ တွေ့ရတာမို့ ဒေတာကောက်သင်းကောက် ကောက်လို့ မှတ်တမ်းပြုစုခဲ့ပါတယ်။ မိသားစု အချက်အလက်တွေ အတော်များများကို သတင်းစာနာရေးမှတ်တမ်း အချို့ကနေ ရရှိပါတယ်။ အချို့ကိုတော့ အေဝမ်းမိသားစုတွေရဲ့ Social Media တွေကနေ ရရှိပါတယ်။ ဆရာကြီး ဦးလှမင်းရဲ့ မှတ်တမ်းတွေကနေလည်း မိသားစုဝင်တချို့ရဲ့ အင်္ဂလိပ်နာမည်တွေ ရရှိပါတယ်။ မိသားစုစာရင်းကို မြင်သာ လွယ်ကူစွာ လေ့လာနိုင်စေဖို့ ဆွေမျိုးဇယားကို အမှတ်စဉ်စနစ်နဲ့ ပြုလုပ်ထားပါတယ်။ ဦးဘညွန့် + ဒေါ်ငြိမ်းရှင်ကနေ မွေးဖွားတဲ့ ၁-၉ သားသမီး ကိုးဦးကနေ သက်ဆိုင်ရာ သားသမီး နံပါတ်တွေအလိုက် မျိုးဆက်အဆင့်ဆင့် လေ့လာနိုင်ပါတယ်။ မျိုးဆက် မှတ်တမ်းထည့်သွင်းဖို့ အချက်အလက် မရရှိသေးသူတွေကို သီးခြားနံပါတ်စဉ် ခွဲထုတ်ဖော်ပြတာမျိုး မလုပ်သေးဘဲ သက်ဆိုင်ရာ မိဘနဲ့မိသားစု စာရင်းထဲမှာပဲ အိမ်ထောင်ဘက်ရှိရင် အိမ်ထောင်ဘက်နဲ့ ယှဉ်တွဲ ဖော်ပြထားတာမျိုး ပြုလုပ်ထားပါတယ်။ လက်လှမ်းမီသလောက် ရသမျှ ဒေတာအချက်အလက်တွေကနေ ဆက်စပ် စုစည်းထားပေမယ့် ရှာမတွေ့တဲ့၊ ကျန်ရစ်တဲ့ မိသားစုဝင်တွေလည်း ရှိသေးတာမို့ တတ်နိုင်သမျှ သိသူတွေက အကြံပေး ဖြည့်စွက်ပေးဖို့ တောင်းဆိုချင်ပါတယ်။

ဦးဘညွန့်၊ မြန်မာ့အဆွေသူဌေးကြီး + ဒေါ်ငြိမ်းရှင်
၁။ ဒေါ်မြခင်
၂။ ဦးတင်နွယ်/အေဝမ်းဦးတင်နွယ်၊ ထုတ်လုပ်သူ၊ ဒါရိုက်တာ
၃။ ဒေါ်ခင်ခင်၊ ဒါရိုက်တာ၊ ကင်မရာမင်း၊ စက်မှုပညာရှင် + ဦးသန်းစိန်
၄။ ဦးညီပု/အေဝမ်းဦးညီပု၊ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ မဟာဝိဇ္ဇာထိုရ် ဖလင်ကုမ္ပဏီပိုင်ရှင်
၅။ ဦးတင်ဖေ၊ သရုပ်ဆောင်/ဒါရိုက်တာမောင်မောင်စိုး၊ မောင်မောင်စိုးရုပ်ရှင်ကုမ္ပဏီပိုင်ရှင်
၆။ ဒေါ်ခင်ညွန့် + ဦးအောင်ဖေ
၇။ ဦးတင်မောင်/အေဝမ်းဦးတင်မောင်၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အေဝမ်းဖလင်ကုမ္ပဏီပိုင်ရှင်
၈။ ဒေါ်ခင်ရီ၊ ရွှေသိန်းပန်းကန်စက်ပိုင်ရှင် + ဦးအေးဖေ
၉။ ဒေါ်ခင်ထွေး + ဦးဘသိန်း

၁။ ဒေါ်မြခင် + ဂျေမောင်စိန်၊ ရာဇဝတ်ဝန်ထောက်၊ ဆာဂျေအေမောင်ကြီး၏တူ
၁.၁။ ဦးတင်ယု/အေဝမ်းဦးတင်ယု၊ ဒါရိုက်တာ
၁.၂။ ဒေါ်ခင်မြင့်

၁.၁။ ဦးတင်ယု + ဒေါ်မြင့်မြင့်ရီ(ခ)မာလာရီ
၁.၁.၁။ ဒေါ်ခင်ဆွေမာ/Zelma Yu + ဦးသန်းဝင်း
၁.၁.၂။ ဦးဇော်မင်းယု (ဓာတ်ပုံ) + ဒေါ်ချိုချို/Aurore Candier
၁.၁.၃။ ဒေါ်ဇင်သီယု
၁.၁.၄။ ဦးဇော်နိုင်ယု + ဒေါ်ကေကေ/Mrs. Supang Plaengam
၁.၁.၃။ ဒေါ်ဇင်သီယု + မြင့်ဇော်/မြင့်မော်၊ ဦး၊ ညွှန်ကြားရေးမှူး(ငြိမ်း)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန
၁.၁.၃.၁။ ဒေါ်သန့်သီရိသက် + ဦးထွန်းမြိုင်/Nelson Rweel, Nelson Education Group
၁.၂။ ဒေါ်ခင်မြင့် + ဦးမြမောင် (မြဇော်ဖလင်)
၁.၂.၁။ ဒေါ်ခင်ဦးမော်/Peggy Mya Maung
၁.၂.၂။ ဒေါ်ဝင်းမာ၊ ဒေါက်တာ/Winnie Mya Maung
၁.၂.၃။ ဦးတိုးညွန့် (ရွှေဂေါင်းပြောင်) Ted Mya Maung
၁.၂.၄။ ဒေါ်စန်းစန်းရှင်/ရုပ်ရှင်သရုပ်ဆောင်စန္ဒာ/Rosebelle Mya Maung
၁.၂.၅။ ဒေါ်ဆွေဆွေလင်း
၁.၂.၆။ ဦးမြဇော် (Fuji)
၁.၂.၁။ ဒေါ်ခင်ဦးမော်/Peggy Mya Maung + ဦးသိန်းကျော်/Columbus Hla
၁.၂.၁.၁။ ဦးအာကာဇော်
၁.၂.၁.၂။ ဦးကျော်ကျော်ထင်/ကဲကဲ
၁.၂.၁.၃။ ဒေါ်ဥမ္မာကျော် + ဦးကျော်ကျော်ဝင်း
၁.၂.၁.၄။ ဦးထွန်းနိုင်

၁.၂.၁.၂။ ဦးကျော်ကျော်ထင်/ကဲကဲ + ဒေါ်ဝါဝါစိန်၊ ဒါရိုက်တာရွှေညာမောင်၏မြေး
၁.၂.၁.၂.၁။ ဒေါ်ဖြိုးမြတ်ကျော်
၁.၂.၁.၂.၂။ ဒေါ်ထက်ကျော်ကျော်ထင်
၁.၂.၄။ ဒေါ်စန်းစန်းရှင်/ရုပ်ရှင်သရုပ်ဆောင်စန္ဒာ + (၁) သရုပ်ဆောင် ကျော်ဟိန်း (၂) သရုပ်ဆောင်ဇော်လင်း
၁.၂.၄.၁။ ဒေါ်ဇာခြည်စိမ့်စိမ့်သူ + ဦးအောင်မြင်
၁.၂.၄.၂။ ဦးပြည့်ဖူးညွန့်/ဖိုးပြည့် + ဒေါ်ဖြိုးစန္ဒာဆွေ
၁.၂.၄.၃။ ဒေါ်သူသူဇော်လင်း + ဦးတေဇာမြင့်

၂။ ဦးတင်နွယ်/အေဝမ်းဦးတင်နွယ် + ဒေါ်မိမိကြီး
၂.၁။ ဒေါ်ခင်လှဲ့
၂.၂။ ဒေါ်သန်းနွယ် + ဦးသက်
၂.၃။ ဦးမြင့်စိုး/ဒဂုန်ဦးမြင့်စိုး
၂.၄။ ဦးဝေဇင်/အေဝမ်းဦးဝေဇင် + ဒေါ်တီတီအောင်/ရုပ်ရှင်မင်းသမီးမေမြ
၂.၅။ ဒေါ်သောင်းရီ + ဦးလှမောင်
၂.၆။ ဒေါ်နုနုနွယ် + ဦးစံတင့်
၂.၇။ ဒေါ်စန်းစန်းညွန့် + ဦးခင်မောင်မြင့်
၂.၈။ ဒေါ်စိုးစိုးနွယ်/ဒေါ်ခင်စိုး/Patty Nwe
၂.၉။ ဦးလှမျိုး/အေဝမ်းမောင်လှမျိုး
၂.၁။ ဒေါ်ခင်လှဲ့ + ဒဂုန်ဦးလှဘူး
၂.၁.၁။ ဒေါ်အောင်စီ/Margie
၂.၁.၂။ ဦးသန်းထွဋ်/အေဝမ်းသန်းထွဋ်/Stanley
၂.၁.၃။ ဦးသိန်းထွဋ်/အေဝမ်းသိန်းထွဋ်/စပ်စု/Freddie
၂.၁.၄။ ဦးအောင်မြင့်/သမန်းကျားကိုမြင့်/Bobby
၂.၁.၅။ ဦးစိုင်းဝဏ္ဏ/သမန်းကျားဝဏ္ဏ
၂.၁.၅။ ဦးစိုင်းဝဏ္ဏ/သမန်းကျားဝဏ္ဏ + ဒေါ်စန်းစန်း/စန်းစန်းခင်/နန်းနွမ်/ဒေစီဘခင်
၂.၁.၅.၁။ ဦးကျော်နန္ဒလင်း
၂.၁.၅.၂။ ဒေါ်အင်ကြင်းဖြူ
၂.၁.၅.၁။ ဦးကျော်နန္ဒလင်း + ဒေါ်ဖြူနုသွယ်ရဲထွန်း
၂.၁.၅.၁.၁။ မနန်းထက်စန္ဒကူး

၂.၃။ ဦးမြင့်စိုး/ဒဂုန်ဦးမြင့်စိုး၊ ရုပ်ရှင်လုပ်ငန်းညွှန်ကြားရေးမှူး + ဒေါ်လှလှမြ
၂.၃.၁။ ဒေါ်စန္ဒာစိုး၊ ဒေါက်တာ
၂.၃.၁။ ဒေါ်စန္ဒာစိုး၊ ဒေါက်တာ + ဒုဗိုလ်မှူးကြီးအောင်ကြူး(ငြိမ်း)
၂.၃.၁.၁။ ဒေါ်ခင်ချမ်းမြေ့သူ + ဦးပြည့်ဖြိုးဆွေ
၂.၃.၁.၂။ ဦးဟိန်းထက်အောင်

၂.၈။ ဒေါ်စိုးစိုးနွယ်/ဒေါ်ခင်စိုး/Patty Nwe + ဒုဗိုလ်မှူးကြီးသီဟန်(ငြိမ်း)
၂.၈.၁။ ဦးမောင်မောင်ဝင်းဟန်/ဒါရိုက်တာဒယ်နီ + ဒေါ်ဥမ္မာဝင်း
၂.၈.၂။ ဒေါ်ဝေမာဟန် + ဦးဝင်းကျော်မိုး
၂.၈.၃။ ဦးအောင်စိုးဟန် + ဒေါ်မိုးသူဇာ

၂.၈.၁။ ဦးမောင်မောင်ဝင်းဟန်/ဒါရိုက်တာဒယ်နီ + ဒေါ်ဥမ္မာဝင်း
၂.၈.၁.၁။ ဦးသူရဝင်းဟန်၊ နိုင်ငံခြားသင်္ဘောအရာရှိ + ဒေါ်သီတာအောင်
၂.၈.၁.၂။ ဦးအာကာဝင်းဟန်၊ ဒေါက်တာ၊ စစ်ဆေးဆရာဝန် + ဒေါ်နှင်းပွင့်လှိုင်
၂.၈.၂။ ဒေါ်ဝေမာဟန် + ဦးဝင်းကျော်မိုး
၂.၈.၂.၁။ ဒေါ်ဟေမန်ဝေမိုး
၂.၈.၂.၂။ ဦးကောင်းမြတ်မိုး
၂.၈.၃။ ဦးအောင်စိုးဟန် + ဒေါ်မိုးသူဇာ
၂.၈.၃.၁။ ဦးဝင်းထက်ဟန်
၂.၈.၃.၂။ ဦးသော်လင်းဟန်
၂.၉။ ဦးလှမျိုး/အေဝမ်းမောင်လှမျိုး + ဒေါ်နိုလင်း
၂.၉.၁။ ဒေါ်လှလှမြင့်
၂.၉.၂။ ဦးခင်စောမျိုး၊ ဒါရိုက်တာခင်စောမျိုး (အဖေ့ပညာ)
၂.၉.၃။ ဒေါ်ခင်မာဌေး

၂.၉.၂။ ဦးခင်စောမျိုး/ဒါရိုက်တာခင်စောမျိုး (အဖေ့ပညာ) + ဒေါ်ယဉ်ယဉ်ဝင့်(ခ)ဒေါ်စန္ဒာ
၂.၉.၂.၁။ ဒေါ်ခိုင်မွန်စောမျိုး + ဦးမျိုးမင်းဦး
၂.၉.၂.၂။ ဒေါ်ခိုင်ဇင်စောမျိုး

၄။ ဦးညီပု/အေဝမ်းဦးညီပု + ဒေါ်စန်းရင်/Takako Suzuki
၄.၁။ ဒေါ်ပြည်သိမ်း
၄.၂။ ဦးအောင်ဖေ
၄.၃။ ဦးစံမောင်/စန်းမောင်
၄.၄။ ဦးပန်းလှ
၄.၅။ ဒေါ်ညိမ်းရှင်/ညိန်းရှင်/ပြည်ငြိမ်းရှင်
၄.၁။ ဒေါ်ပြည်သိမ်း + ဦးမောင်မောင်လှ
၄.၁.၁။ ဒေါ်ဇာလီမော်ဦး + ဦးဇင်မင်းမင်းလတ်

၅။ ဦးတင်ဖေ/ဒါရိုက်တာမောင်မောင်စိုး + (၁) ပထမဇနီး (၂) ဒေါ်ခင်နှင်းရီ၊ ဒုတိယဇနီး (ပြင်ဆင်ဖြည့်စွက်ထားပါသည်)
၅.၁။ သမီးကြီး (အမည်မသိသေးပါ)
၅.၂။ သမီးငယ် (မဝေ)
၅.၃။ သမီးထွေး (ဒေါ်နှင်းရီစိုး)၊ ဒုတိယဇနီးမှ
၅.၁။ သမီးကြီး (အမည်မသိသေးပါ) + ဦးမောင်မောင်
၅.၁.၁။ ဒေါ်ပြည်အေး/Rosalind
၅.၁.၂။ ဦးရစ်ချက်/Richard Maung
၅.၁.၃။ ဒေါ်ခင်သန်းနု/Glory
၅.၁.၄။ ဒေါ်သီသီခင်
၅.၁.၅။ ဒေါ်ဖြူဖြူဝင်း
၅.၁.၃။ ဒေါ်ခင်သန်းနု/Glory + သံအမတ်ကြီးဦးသိန်းမြင့်၊ စတသ-၉
၅.၁.၃.၁။ ဦးကျော်သူရ
၅.၁.၃.၂။ ဦးမျိုးသူရ
၅.၁.၃.၃။ ဒေါ်စုစုဝေ
၅.၁.၃.၁။ ဦးကျော်သူရ + ဒေါ်မြတ်စုအောင်
၅.၁.၃.၁.၁။ မောင်စန္ဒသူရ
၅.၁.၃.၂။ ဦးမျိုးသူရ + ဒေါက်တာဒေါ်သွဲ့သွဲ့ဆွေ
၅.၁.၃.၂.၁။ မောင်အောင်ကောင်းပြည့်
၅.၁.၃.၂.၂။ မောင်ထက်မြက်ကောင်း

၆။ ဒေါ်ခင်ညွန့် + ဦးအောင်ဖေ
၆.၁။ ဦးသိန်းဇော်/အေဝမ်းသိန်းဇော် + ဒေါ်တင်အေး/ရုပ်ရှင်မင်းသမီးမေလွင်

၇။ ဦးတင်မောင်/အေဝမ်းဦးတင်မောင် + ဒေါ်တင်တင်
၇.၁။ ဒေါ်စန်းစန်းဝင့် + ဦးဇော်ဦး၊ ညွှန်ကြားရေးမှူး၊ ပြည်တွင်းအခွန်
၇.၂။ ဒေါ်နှင်းနှင်းဝင့်/Ellen Tin Maung
၇.၃။ ဦးခိုင်စိုး + ဒေါ်ခင်ဌေးမြင့်
၇.၄။ ဒေါ်ဆွေဆွေဝင့်/ဇာနည်ဝင့် + ဦးမောင်မောင်ထူး
၇.၅။ ဒေါ်မေသူခင်
၇.၆။ ဦးရန်မျိုးအောင်

၇.၂။ ဒေါ်နှင်းနှင်းဝင့်/Ellen Tin Maung + ဦးညွန့်ထွန်း/Sonny/Harold Than Tun
၇.၂.၁။ ဦးကျော်ဇင်ဟိဏ်း/ကျော်ဇင်ဝင်း၊ စိမ့်စိမ့်စံဗီဒီယိုထုတ်လုပ်ဖြန့်ချိရေး
၇.၂.၂။ ဒေါ်နန်းနွယ်စိုး
၇.၂.၃။ ဦးညီညီလွင်
၇.၂.၁။ ဦးကျော်ဇင်ဟိဏ်း/ကျော်ဇင်ဝင်း + ဒေါ်စိုးပပ
၇.၂.၁.၁။ ဦးအောင်ကျော်ခန့်
၇.၂.၂။ ဒေါ်နန်းနွယ်စိုး + ဦးကျော်ရဲလင်း
၇.၂.၂.၁။ ဒေါ်ပုဏ္ဏမီညွန့်
၇.၆။ ဦးရန်မျိုးအောင် + ဒေါ်ထားသီတာရင်
၇.၆.၁။ ဒေါ်သက်ယမင်း
၇.၆.၁။ ဒေါ်ဘရဏီ
Latest Update: 29.07.2025
Discover more from Burma Data
Subscribe to get the latest posts sent to your email.
