တွင်းစားရိုးဦးကျန်ဘော်

Black and white portrait of U Kyan Twinzayo, an older man with a mustache, wearing a traditional garment and head wrap, framed in an oval shape.

Who’s Who in Burma 1927 မှာပါတဲ့ တွင်းစားရိုး ဦးကျန်ဘော်/ကြံဘော် အဖေက ဦးအောင်မြတ် အမေက ဒေါ်မယ်မေ လို့ ဆိုပါတယ်။ ဒီအချက်အလက်က ဂျီစီဘီအေ ဦးစိုးသိမ်း အဖေအမေ နာမည်နဲ့ အတူတူပဲ ဆိုတာ သွားတွေ့ရတယ်။ ဦးစိုးသိမ်းလည်း တွင်းစားရိုးပဲ။ ဦးကျန်ဘော်လည်း ပြည်သူနဲ့ အကြောင်းပါသလို ဦးစိုးသိမ်းရဲ့ မိန်းမကလည်း ပြည်သူပဲ။ ဦးကျန်ဘော်အဖေ ဦးအောင်မြတ် ဆိုတာက ဗြိတိသျှ အစိုးရလက်ထက် အထိအသိ အမှတ်ပြု

  • ၁။ ဦးဘု
  • ၂။ ဦးချမ်းရန်
  • ၃။ ဦးကောက်ရ
  • ၄။ ဦးအောင်မြတ်
  • ၅။ ဦးလူကြီးကြီး
  • ၆။ ဦးလူကြီးကလေး
  • ၇။ ဦးဘိုးမောင်
  • ၈။ ဦးဘိုးနိုင်
  • ၉။ ဦးရိုးဆက်
  • ၁၀။ ဦးသာဇင်
  • ၁၁။ ဦးရိုးဖေ
  • ၁၂။ ဦးသာဒင်
  • ၁၃။ ဦးသာကဒိုး
  • ၁၄။ ဦးဘိုးငွေ
  • ၁၅။ ဦးမောင်မောင်ဘ
  • ၁၆။ ဦးစံညွန့်
  • ၁၇ ။ ဦးလူပိန်
  • ၁၈။ ဦးထွန်းဦး
  • ၁၉။ ဒေါ်လှရာ
  • ၂၀။ ဒေါ်သွဲ့
  • ၂၁။ ဒေါ်ဂျမ်းတော
  • ၂၂။ ဒေါ်ခင်အို
  • ၂၃။ ဒေါ်စောမြင့်
  • ၂၄။ ဒေါ်မြမြ

ဆိုတဲ့ တွင်းရိုး စားရင်း (၂၄) ဦး ထဲက နံပါတ်(၄) တစ်ဦးဖြစ်နိုင်ပါတယ်။

ဦးအောင်မြတ်အကြောင်းကို အင်္ဂလိပ်အစိုးရ အမှုတွဲထဲမှာ တစ်ခု ထပ်တွေ့ရတယ် (Mi Me vs Mi Shwe Ma on 25 January, 1912) တွင်းစားရိုး ဦးအောင်မြတ်ဟာ ဒေါ်မယ်မေ အပြင် သူ့ညီမဖြစ်သူ မိရွှေမ (Mi Shwe Ma) နဲ့လည်း အကြောင်းပါသေးတယ်။ ညီအစ်မနှစ်ယောက်ကို ယူထားတာပါ။ ဦးအောင်မြတ် ကွယ်လွန်တော့ မိရွှေမက သူလည်း ဦးအောင်မြတ်ရဲ့ မိန်းမတစ်ယောက်ဖြစ်တယ် ကျန်ရစ်တဲ့အမွေကို အညီအမျှ ခံစားခွင့်ရှိတယ်ဆိုပြီး တရားရုံးကို လျှောက်ထားတဲ့ အမှုပါ။ အမှုထဲမှာ ပါတဲ့ စိတ်ဝင်စား ဖွယ်ကောင်းတဲ့ အချက်က မိရွှေမဟာ မြန်မာတစ်ဦးမဟုတ်ပါဘူးတဲ့ Burma Oil Company က head clerk မိုဟာမေဒင် အမျိုးသမီး တစ်ယောက်လို့ ဆိုထားတဲ့အတွက် သူ့အမလည်း မိုဟာမေဒင် တစ်ယောက်ပါပဲ။ ဒါပေမယ့် သူ့အမက မွေးဖွားသူ ဦးကျန်ဘော်တို့ ဦးစိုးသိမ်းတို့ကတော့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပုံရပါတယ်။ ဦးအောင်မြတ်မှာ သားသမီး ၅-၆ ဦး ရှိခဲ့တယ်လို့ သိရတယ်။

Who’s Who in Burma, The Indo-Burma Publishing Agency, Rangoon, 1927.
https://indiankanoon.org/doc/1323971/?type=print


Discover more from Burma Data

Subscribe to get the latest posts sent to your email.

Leave a Reply