အညာသွား ငစည့်ကူးစားဟောင်းနှင့် ငမောင်တို့သည် ပြည်ထဲရေးမှုကို လုံခြုံအောင်မထိန်း၊ ဆင်းရဲသားကျွန်တော်မျိုးတို့ ထွက်ပြေးအောင် ပြုကျင့်သောကြောင့် သတ္တဝါအပေါင်းတို့ကို သနားဂရုဏာ ရှိတော်မူလှသည်ဖြစ်၍ ငါခမည်းတော်ဘုရား နောင်တော်ဘုရားတို့ အရိုက်အရာတော်ဖြစ်သော ရွှေထီးရွှေနန်းကို တက်သိမ်း စမ္ပာယ်တော်မူသည်။ အညာသွားလူတို့အိမ်ယာ ငမောင်အပါအဝင်လူတို့ အိမ်ယာများကို အစောင့်အနေ အထိမ်းအသိမ်း ခန့်မြဲခန့်၊ လွှတ်တော်ရုံးတော်က မခန့်မထားသည်ကို ဆင်းရဲသား ကျွန်တော်မျိုးတို့ အိမ်ယာများတွင် ပစ္စည်းဥစ္စာများကို နိုင်တက်စီးကဲ မလုမယူ မဖျက်မဆီးစေနှင့်၊ လုံခြုံအောင် သတိဂတိ ရှိသသူကို လူ ၅၀ တန်သည် ၆၀ တန်သည် အသီးအသီး ပေးအပ်၍ ၂ ရပ်တန်သည် ၃ရပ်တန်သည် နိုင်နင်းလုံခြုံအောင် ရှာယူဘမ်းဆီး၍ တွေ့မိလျှင် ထင်ရှားအောင်ကွပ်။ (သက္ကရာဇ်) ၁၁၄၃ခု တပို့တွဲလပြည့်ကျော် ၁၄ရက်နေ့ (11 Feb 1782) နားခံစမြောင်မှူးတွင်ပြန်။ (ဆင်တဲ ၄၁)
ရည်ညွှန်း မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၁
THE ROYAL ORDERS OF BURMA, AD 1598-1885; PART IV. AD 1782-1787, 4: 211
Discover more from Burma Data
Subscribe to get the latest posts sent to your email.
