ငစည့်ကူးစားဟောင်းနှင့် ငတုတ်ကြီး ငထွန်းတို့ရှိရာ တပ်တော် ကြည်းဘက် ရေဘက် အလျှင်အမြန် ချီသွားလုပ်ကြံစေသင့်မည် ဝန်တို့က ဆက်သွင်းသည့်အတိုင်း ချီသွားမည့်အခါကို ပညာရှိတို့ကို တွက်ချက်ရွေးချယ်စေရာတွင် သက္ကရာဇ် ၁၁၄၃ခု တပေါင်းလဆန်း ၁ရက် ၁နွေနေ့ ၂ချက်တီးကျော် ၅နာရီ တပါတ်ဗီဇနာပြည့်လျှင် အနောက်မြောက်ထောင့်ကို မျက်နှာ ရှေ့ရည်စေလျှက် ရတနာ၃ပါးစသော သမာဒေဝနတ်မြတ်တို့အား ပူဇော်တိုင်ကြားစေပြီးမှ မင်္ဂလာအောင်တပ်တော် ချီစေရာကြောင်းနှင့် အခါစာ* (အခါစါ) ဆက်သွင်းသည့်အတိုင်း ကြည်းဘက်ရဲဘက် လုံခြုံအောင်ခန့်ထား၍ ချီသွားလုပ်ကြံစေ၊ တိုင်းရေးပြည်ရေးကို ထိန်းသိမ်းရသည်ဆိုသည့်အရာသည် တရားကိုစောင့်မှ တရားစောင့်သည်ဖြစ်သည်၊ အရက် ဂဇော် လော်စာ စိန်ပင်ဘင်း သောက်စားယစ်ဝခြင်း။ တယောက်ကိုတယောက် နိုင်ထက်စီးကဲကျင့်ခြင်း၊ သားကြီးငါးကြီးသတ်ခြင်း အမှုများကိုလည်း နိုင်နင်းအောင် ကွပ်ညှပ်စီရင်မှ ပြည်ရွာသာယာ စည်ပင်ရာသည့် အကြောင်းဖြစ်သည်၊ မျက်နှာကြီးငယ် မရွယ်မထောက် ဂတိ၄ပါးကို မငဲ့မကွက် ကြပ်ကြပ်တည်းတည်း နိုင်နင်းတွေ့မိအောင် ဘမ်းဆီး၍ ကွပ်ညှပ်စီရင်။ (သက္ကရာဇ်) ၁၁၄၃ခု တပို့တွဲလပြည့်ကျော် ၁၄ရက်နေ့ နားခံစမြောင်မှူးတွင်ပြန်။ (ဆင်တဲ ၄၁) 11 Feb 1782
ရည်ညွှန်း။ မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၂
THE ROYAL ORDERS OF BURMA, AD 1598-1885; PART IV. AD 1782-1787, 4: 212
Discover more from Burma Data
Subscribe to get the latest posts sent to your email.
