အညာပါ မှူးမတ်အမှုထမ်းတို့၊ ဥစ္စာအိမ်ရာများမှာ လုံခြုံအောင်သာ ထိန်းသိမ်းစာင့်နေစေ၊ သည်ပြင်ဆင်းရဲသားတို့ ဥစ္စာများကို နိုင်ထက်စီးကဲ မလုမယူ မဖျက်မဆီးစေနှင့် အမိန့်တော် ထုတ်ပြန်၍ ရှိလေပြီးသည်ကို မငြိမ်မသက် သိမ်းယူပြန်ကြောင်းများနှင့် ငရွှေနားတော် ကြားတော်မူပြန်ရသည်၊ ဝန်တို့မှာ မကြားမသိလော၊ အမိန့်တော်ထုတ်ပြန်ရင်းအတိုင်း နိုင်နင်းအောင် ဘမ်းဆီး၍ကွပ်၊ ငစည့်ကူးစားဟောင်းသည် မင်းကျင့်တရားနှင့် လျော်ညီအောင် မကျင့်မဆောင် လူဆိုးလူသွမ်းတို့ အမူအရာကိုသာ ကျင့်ဆောင်သောကြောင့် ရွှေနန်းတော် ရွှေမြို့တော် ထီးချက်တော်ကိုစောင့်သော သမာဒေဝ နတ်အပေါင်းတို့နန်းမှာ မရပ်မနေဝံ့အောင် နှင်ပြီးမှ ပြေးသွားသည်ကို သတိုးသီဟသူ မြို့လပ်ဝန်တို့တစု လိုက်လံဘမ်းဆီးရာတွင် ငဘုန်းတော်ကြောင့် မထွက်မလွတ်နိုင်၊ စမွာယ်နဂိုကင်းတွင် တွေ့မိ၍ ရွှေဘဝါးတော်အောက် ဆက်ပို့လာကြောင်းကို ကြားတော်မူရသည်မှာ သင်းတို့တစု မကောင်းမှုကံအား ကြီးလှသောကြောင့် ဖြစ်ပျက်ကြသည် ဖြစ်သည်၊ ငစည့်ကူးစားကို ဘမ်းမိကြောင်းနှင့် မြို့တွင်းမြို့ပြင် ပြည်သူပြည်သားတို့ ကြားသိအောင် မောင်းကြော်စေ။ (သက္ကရာဇ်) ၁၁၄၃ခု တပေါင်းလဆန်း ၂ရက်နေ့ နားခံစမြောင်မှူးပြန် အမိန့်တော်။ (ဆင်တဲ ၄၁)
ရည်ညွှန်း။ မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၆
THE ROYAL ORDERS OF BURMA, AD 1598-1885; PART IV. AD 1782-1787, 4: 216
Discover more from Burma Data
Subscribe to get the latest posts sent to your email.
