မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၄-၂၁၅

ငစည့်ကူးစားဟောင်းသည် အကျင့်အကြံ မမှန်သာကြောင့် ထီးနန်းမှကွာလွတ်လျှင် ဇာတ်သဘာဝတူရာ ကျွန်ခံမည် မကြံမစည် တကျွန်းတနိုင်ငံ တရုပ်တရက်တို့ကို အမှီပြုမည် ကြံစည်ထွက်ပြေးကြောင်း သင်းတို့ထွက်ပြေးရာ လိုက်လံဘမ်းဆီး သတ်ညှစ်ပါမည် မင်းရဲရန်နောင် ယူတော်မူမြင်းမှူး၊ နောက်ဝင်းမှူးသမန္တရဲ၊ ပညားဦးတို့တစုက ရွှေဘဝါးတော်အောက် ရှိခိုးသံတာ်ဦးတင်ရောက်သည်မှာ ကျေးဇူးသစ္စာတော်ကကို ခံသောက်ရပြီးဖြစ်လျှင် သနားတော်ခံကြသည့်အတိုင်း ရန်သူရှိရာ အမှုတော်ကို လိုက်လံထမ်းရွက်စေ မှာထားရမည်၊ ကျေးဇူးသစ္စာတော်ကို မခံမသောက် ရလေသေးဖြစ်သည်၊ ရွှေဘဝါးတော်အောက် ပြန်လာစေ၍ ကျေးဇူးသစ္စာတော်ကို ခံသောက်စေပြီးမှ အမှုတော်ကိုထမ်းရွက်စေ၊ မင်းရဲရန်နောင်တို့ကလာလူ မင်းသားငကြွက်၊ ဗေါင်ပြင်ငမြတ်၊ နားခံရွှေတောင်နန္ဒမိတ်၊ ဥဒိန်ဝေရ၊ ကုလားသာဝါ၊ ငစိုင်၊ ဒဝယ်စစ်ကဲငလွံ၊ ၎င်းမြင်းခေါင်းငတ၊ အာဏာစိုး ငမြတ်တို့ တစုမှာလည်း တော်သင့်ရာထမ်းရွက်စေရမည်၊ သစ္စာတော်ပေး၍ ရုံးတော်တွင်နေစေ၊ တုရင်မြဲမြန် ရဲလှေတိုက်ကျေးရွာက သိမ်းခေါ်ခဲ့သည့် လူ ၇၀ ကို ရှေ့လွှတ်တော်* (ရွှေလွှတ်တော်) မြောက်တွင် တုရင်မြဲမြန်ကို အအုပ်ခန့်၍ စောင့်နေထမ်းရွက်စေ၊ တုရင်မြဲမြန်ကိုလည်း သစ္စာတော်ပေးမြဲပေး၊ ငစည့်ကူးစားဟောင်း ကျောက်မြောင်းက အညာသို့ ဆန်တက်ပြေးကြောင်း သတိုးသီဟသူ၊ မင်းရဲမင်းလှကျော်သူ၊ မြို့လပ်ဝန်၊ ကင်းဝန်၊ ယွန်းစုဝန်၊ အမြောက်ဝန်၊ အနောက်ဝင်းမှူး၊ နန္ဒကျော်၊ အနောက်ဝန်မဟာပကြံ၊ မိဘုရားဝန် တို့တစုက တိုင်ပင်၍ ကြည်းဘက်ရေဘက် လိုက်လံဘမ်းဆီးကြောင်းများကို ရှိခိုးသံတော်ဦး တင်ရောက်သည်မှာ လျှောက်ချက်အတိုင်း ဘမ်းဆီးမည်မှန်လျှင် ပြေးသွားမှ ဘမ်းဆီးကောင်းသည်မဟုတ်။ အတူနေကြကတည်းကပင် ဘမ်းဆီး၍ ဆောင်ယူသိမ်းရုံးကဲ့ရမည် ဖြစ်သည်၊ ထွက်ပြေးမှ ဘမ်းဆီးသည်၊ နောက်လည်း ဘမ်းဆီးပါမည် လျှောက်သည့်စကားများကို အမှန်ယူ၍ ဘမ်းလေ လိုက်လေတော့ မဆိုသာ၊ ငကျေးဇူးသစ္စာတော်တို့ကိုလည်း မခံမသောက်ကြသေးသည် ဖြစ်သည်။ ဘမ်းဆီးတွေ့မိလျှင်လည်း စီးပွား(ပွါး)တော် ဘဏ္ဍာတော် မပျက်သိမ်းရုံး ဆောင်ယူခဲ့စေ၊ မတွေ့ (မမိ မဘမ်းဆီးနိုင်လျှင်) ရွှေဘဝါးတော်အောက်(အောံ) သာညီညွတ်နှိုးဆော်၍ ပြန်လည်ခဲ့ရမည်၊ ဆင်တော် မြင်းတော် လှေတက် စီးပွား*(ပွါး) ဘဏ္ဍာ (ဥစ္စာများကို) မလစ်မဟင်းစေရ၊ သိမ်းရုံး၍ပါစေ၊ ဝန်တို့က သင့်အောင်မှာ။ (သက္ကရာဇ်) ၁၁၄၃ခု တပေါင်းလဆန်း ၁ရက်နေ့ နားခံစမြောင်မှူးပြန် အမိန့်တော်။ (ဆင်တဲ ၄၁)

ရည်ညွှန်း။ မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၄၊ ၂၁၅
THE ROYAL ORDERS OF BURMA, AD 1598-1885; PART IV. AD 1782-1787, 4: 214-215


Discover more from Burma Data

Subscribe to get the latest posts sent to your email.

Leave a Reply