
ရွှေပြည်တော် မြို့တွင်းမြို့ပြင်မှစ၍ အရပ်ရပ် ကျေးရွာများမှာ ပစ္စည်းဥစ္စာကြောင့် အလုအယက် ခိုက်ပွါးရန်စည် မဖြစ်တန် ဖြစ်ကြ၍ မငြိမ်မသက် ရှိရသည်ကို မြင်သောကြောင့် ငြိမ်ဝပ်စေခြင်းငှါ (သက္ကရာဇ်) ၁၁၄၃ခု တပေါင်းလဆန်း ၁၂ရက် နေ့ ည အမိန့်တော် ထုတ်ပြန်၍ ရှိသည်ကို ငအမိန့်တော်အတိုင်း တည်ရစ်အောင် မကွပ်မညှပ် မစီရင်ကြသောကြောင့် ကုလားတို့ဥစ္စာကို ငအောင်မြင်၊ ငလွန်းဘွယ်တို့ လုယူကြောင်းများနှင့် ကြားတော်မူရပြန်သည်။ ဝန်တို့မှာ မကြားမသိလော့။ လုယက်သူတို့ကို ဘမ်းဆီး၍ မြို့တွင်းမြို့ပြင် မောင်းကျော်ပြီးလျှင် တံခါး ၉ရပ်မှာ ကြားမြင်သမျှလူတို့ ကြောက်ရွံ့အောင်ထား၊ နောင်သည်ကဲ့သို့ ကြားတော်မူပြန်ရလျှင် ၂ခွန်း ချေရမည် မမှတ်နှင့်။ (သက္ကရာဇ်) ၁၁၄ခုပါင်းလဆန်း ၁၃ရက်နေ့ နားခံစမြောင်မှူးပြန်။ (ဆင်တဲ ၄၁)
ရည်ညွှန်း။ ။ မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၂
THE ROYAL ORDERS OF BURMA, AD 1598-1885; PART IV. AD 1782-1787, 4: 222
Discover more from Burma Data
Subscribe to get the latest posts sent to your email.
