အမ်ဆင်ဆားရ်၊ ဦး၊ မဆလဗဟိုကော်မတီဝင်ဟောင်း

A text document in Burmese discussing educational materials and methodologies, with a heading and multiple paragraphs of content.

အမ်ဆင်ဆားရ်၊ ဦး၊ မဆလဗဟိုကော်မတီဝင်ဟောင်း

ဖခင် – ဦးမုန်ဟောင်ထီန
မိခင် – ဒေါ်ချန်တန်နင်
မွေးချင်း – (ဒေါ်မုန်ဟောင်နန်)၊ (ဒေါ်မုန်ဟောင်နင်) ဦးမုန်ဟုန်မြင် (ဒေါ်မုန်ဟောင်ဆိန်းရမ်)
အိမ်ထောင်ဘက် – ဒေါ်ယုံထန်နန်ဆားရ်
သားသမီးများ – ဒေါ်မုန်ဟောင်မာဂရက်၊ (ဦးအမ်ဂျိမ်း)၊ ဒေါ်အမ်နင်ဆားရ်၊ ဒေါ်အမ်ဆိုင်းယဉ်၊ ဦးယုန်းကျူ၊ (ဦးမုန်ဟောင်ခင်)၊ ဒေါ်အမ်ဇမီဆားရ်၊ (ဦးအမ်ဆင်ရမ်)၊ ဒေါ်အမ်အားထန်
ဇာတိ – ပန်နန်းဒင်ကျေးရွာ၊ နောင်မွန်းမြို့နယ်
မွေးနေ့ – June 4, 1924
ကွယ်လွန် – July 9, 2021
အခြား – NRC: 12/BAHANA(NAING)022065
နောက်ဆုံးမှတ်တမ်းတင်သည့်နေ့ – မေ ၁၉၊ ၂၀၂၅
မှတ်ချက် – မဆလ မွေးနေ့မှတ်တမ်းအရ နာရေးတွင်ပါသကဲ့သို့ အသက် ၁၀၀ မဟုတ်သေးချေ။ ၂၀၂၄ တွင် အသက် ၉၇ နှစ်သာ ရှိဦးမည်ဖြစ်သည်။

အမည်။ ဦးအမ်ဆင်ဆားရ်။
ပါတီဝင်အမှတ်/သက်တမ်း။ ၁ဝဝ၆၃၅၇ ၁၃ နှစ်။
လူမျိုး။ ရဝမ်။
ပညာအရည်အခြင်း။ တက္ကသိုလ်ဝင်တန်း။
မွေးနေ့သက္ကရာဇ်။ ၄.၆.၂၄ အသက် ၄၆ နှစ်။
လက်ရှိပါတီတာဝန်/လက်ရှိအလုပ်အကိုင်။ ကချင်ပြည်နယ် ဒေသပါတီကော်မီတီဝင်။ မဆလ ဗဟိုကော်မီတီဝင်
၁၉၂၄ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ။ ၁၉၂၄ ခုနှစ်တွင် နောင်မွန်းမြို့နယ် ပန်နန်းဒင်ကျေးရွာ၌ မွေးဖွားခဲ့ပါသည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ။ ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ နောင်မှုန်းမြို့ အစိုးရမူလတန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ။ ၁၉၄၉ – ၅၀ ပြည့်နှစ်၌ မြစ်ကြီးနားမြို့နယ် မန်ခိန်အလယ်တန်းကျောင်းတွင် လည်းကောင်း၊ ၁၉၅၁ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ မြစ်ကြီးနား အမှတ် ၁ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိလည်းကောင်း ပညာသင်ကြားပြီး ၁၉၅၆ ခုနှစ် ဇွန်လမှစ၍ ကချင်ပြည်နယ်ပညာဝန်ရုံးတွင် အောက်တန်းစာရေး အဖြစ်လည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် ပူတာအိုခရစ်ယာန် အလယ်တန်းကျောင်းတွင် လက်ထောက်ကျောင်းအုပ်အဖြစ်လည်းကောင်း၊ ၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ နောင်မှုန်းတောင်အုပ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်မှ ယခုအထိ။ ၁၉၆၃ ခုနှစ်တွင် ကချင်ပြည်နယ်ဦးစီးအဖွဲ့ဥက္ကဋ္ဌ၏ အတွင်းရေးအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ရင်း ၁၉၆၄ ခုနှစ်တွင် အခြေခံနိုင်ငံရေးသင်တန်း အမှတ်စဉ် ၂ သို့ တက်ရောက်၍ နိုင်ငံရေးဆည်းပူးခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ပူတာအိုမြို့နယ် ပါတီယူနစ်ကော်မီတီဝင်၊ ၁၉၆၆ ခုနှစ်တွင် မချမ်းဘောမြို့နယ် ပါတီယူနစ်အတွင်းရေးမှူး၊ ၁၉၆၈ခုနှစ်တွင် နောင်မွန်းမြို့နယ် ပါတီယူနစ် စည်းရုံးရေးမှူးတာဝန် အသီးသီးထမ်းဆောင် ခဲ့ပါသည်။ ၁၉၇၁ ခုနှစ် ပထမအကြိမ်ပါတီညီလာခံတွင် ဗဟိုကော်မီတီဝင်အဖြစ် အရွေးခံရပြီး အမှတ် ၅ ဒေသပါတီကော်မီတီတွင် ကော်မီတီဝင်အဖြစ် လည်းကောင်း၊ ၁၉၇၃ ခုနှစ် ဒုတိယအကြိမ် ပါတီညီလာခံတွင်လည်း ဗဟိုကော်မီတီဝင်အဖြစ် ဆက်လက်အရွေးခံရပြီး ကချင်ပြည်နယ် ဒေသပါတီကော်မီတီဝင်အဖြစ် ပါတီတာဝန်ထမ်းဆောင်လျက် ရှိပါသည်။ ယင်းပြင် ခေါ်ဘူဒဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တာဝန်ကိုပါ ထမ်းဆောင်ခဲ့သည်။

Source: မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တတိယအကြိမ် ပါတီညီလာခံ ဗဟိုကော်မတီဝင်လောင်း အမည်စာရင်း

ဦးအမ်ဆင်ဆားရ် နာရေးမှတ်တမ်း
(မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင်ဟောင်း)
အသက်(၁၀၀)
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ စက်မှု (၁)လမ်း၊ တိုက် ၃၈၉၊ အခန်း ၇နေ (ဦးမုန်ဟောင်ထီန-ဒေါ်ချန်တန်နင်) တို့၏ စတုတ္ထသား၊ (ဒေါ်မုန်ဟောင်နန်-ဦးဒဆူနမ်ဖုန်)၊ (ဒေါ်မုန်ဟောင်နင်-ဦးထီဆန်ဝမ်ဇာဆားရ်) တို့၏မောင်၊ ဦးမုန်ဟုန်မြင်-ဒေါ်မန်ဂျာတန်နန်၊ (ဒေါ်မုန်ဟောင်ဆိန်းရမ်-ဦးဒဆူနမ်ခင်) တို့၏ အစ်ကို၊ ဒေါ်မုန်ဟောင်မာဂရက်၊ (ဦးအမ်ဂျိမ်း-ဒေါ်လန်ဝမ်းနင်)၊ ဒေါ်အမ်နင်ဆားရ်-(ဦး ခေါ်ဒုခင်န)၊ ဒေါ်အမ်ဆိုင်းယဉ်-(ဦးလဇွမ်ထွယ်ဝါ)၊ ဦးယုန်းကျူ၊ (ဦးမုန်ဟောင်ခင်)၊ ဒေါ်အမ်ဇမီဆားရ်၊ (ဦးအမ်ဆင်ရမ်)-ဒေါ်ချိုချိုစန်း၊ ဒေါ်အမ်အားထန် တို့၏ဖခင်၊ မြေး ၁၆ယောက်၊ မြစ် ကိုးယောက် တို့၏အဘိုး၊ (ဒေါ်ယုံထန်နန်ဆားရ်)၏ ချစ်လှစွာသောခင်ပွန်း၊ ၁၉၅၈-၆၂ ခုနှစ်အထိ နောင်မွန်ထောင်အုပ်၊ ၁၉၆၃-၆၄ ခုနှစ်အထိ ကချင်ပြည်နယ်ဦးစီးဥက္ကဋ္ဌ၏ အတွင်းရေး အတွင်းဝန်၊ ၁၉၇၁- ၁၉၈၇ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင်နှင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၁၊ ၁၉၈၅နှင့် ၁၉၉၀ ရွေးကောက်ပွဲများ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၉၆၀ နှင့် ၁၉၈၄ ခုနှစ်များတွင် နိုင်ငံတော်အစိုးရထံမှ နာမည်ကောင်း ဂုဏ်ထူး ဆုတံဆိပ် ချီးမြှင့်ခံရခဲ့သူ ဖြစ်ပြီး ၉-၇-၂၀၂၁ရက် နံနက် ၇:၅၆ နာရီတွင် ခရစ်တော်၌ အိပ်ပျော်သွားပါသဖြင့် ၁၁-၇-၂၀၂၁ရက် မွန်းလွဲ ၁နာရီတွင် ရေဝေးခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဥယျာဉ်၌ ဝတ်ပြုဆုတောင်းပြီး ဂူသွင်းသင်္ဂြိုဟ်မည် ဖြစ်ပါကြောင်း အကြောင်းကြား အပ်ပါသည်။ (နေအိမ်မှကားများ နံနက် ၁၁:၃၀နာရီတွင် ထွက်ခွာပါမည်။) ကျန်ရစ်သူမိသားစု


Discover more from Burma Data

Subscribe to get the latest posts sent to your email.

One thought on “အမ်ဆင်ဆားရ်၊ ဦး၊ မဆလဗဟိုကော်မတီဝင်ဟောင်း

Leave a Reply