အေဝမ်းမိသားစုဆိုတာ မြန်မာ့ရုပ်ရှင်လောကမှာ အထင်ကရ သမိုင်းဝင်မိသားစု ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မြန်မာ့ရုပ်ရှင်လောကထဲ အေဝမ်းမိသားစုကနေ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ စက်မှုပညာရှင်၊ သရုပ်ဆောင် စသည်ဖြင့် အောင်မြင် လင်းလက်ခဲ့ကြသူတွေ အများကြီး ထွက်ပေါ်ခဲ့တယ်။ လွန်ခဲ့တဲ့အပတ် ဇူလိုင် ၁၈၊ ၂၀၂၅ တုန်းက သက်ရှိ အေဝမ်းမိသားစုတွေထဲက အသက်အကြီးဆုံး ဒေါ်ခင်လှဲ့ အသက် ၁၀၆ နှစ်အရွယ် ကွယ်လွန်သွားတာ သိလိုက်ရတယ်။ ဒေါ်ခင်လှဲ့က မြန်မာ့အဆွေသူဌေးကြီး ဦးဘညွန့် နဲ့ ဒေါ်ငြိမ်းရှင်တို့ရဲ့ ဒုတိယသား အေဝမ်းဦးတင်နွယ်နဲ့ ဒေါ်မိမိကြီးတို့ကနေ မွေးတဲ့ သမီးအကြီးဆုံးဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက အထင်ကရ အေဝမ်းမိသားစုကြီးဟာ အခုဆို တကွဲတပြားစီ ဖြစ်ကုန်ကြပြီး လက်ရှိ မျိုးဆက်တွေ လက်ထက်မှာတော့ ရုပ်ရှင်အနုပညာနယ်မှာ အောင်မြင်စွာနဲ့ ကျင်လည် လုပ်ကိုင်နေသူတွေ မရှိတော့ဘူးလို့တောင် … Continue reading အေဝမ်းမိသားစုမျိုးဆက်ဇယား
Tag: ရုပ်ရှင်
