Tag: သထုံ

ဦးဘိုးသီးပိဋကတ်တိုက်ရှိပေစာများ

သထုံ ဦးဘိုးသီး ပိဋကတ်တိုက်မှာရှိတဲ့ ပေပုရပိုဒ်တွေကို Digitized လုပ်ထားတာမှာ အမည်ပေးစနစ်က ရောမစနစ်နဲ့ ဖြစ်နေတာမို့ ရှာဖွေရလွယ် ဖတ်ရလွယ်စေဖို့ မှော်ဘီဓမ္မနဒီဆရာတော် အရှင်ဝိလာသဂ္ဂလင်္ကာရ မြန်မာပြန်ထားတာနဲ့ တိုက်ညှိပြီး အမျိုးအစားတွေ ခွဲပေးထားပါတယ်။ တချို့ဖိုင်တွေက အမည်မှားနေတာလည်း တွေ့ရပါတယ်။ ဒီနေရာမှာ ကြည့်ပါ [ဦးဘိုးသီးစာကြည့်တိုက်ကျမ်းအညွှန်း] အောင်ဇော်ထွတ်(စာကြည့်တိုက်ပညာ) ရဲ့ မြန်မာနိုင်ငံပိဋကတ်တိုက်၊ စာကြည့်တိုက်များ စာအုပ်မှာ ဦးဘိုးသီး ပိဋကတ်တိုက်အကြောင်း ရေးထားတာလေးလည်း မှတ်တမ်းအနေနဲ့ သိမ်းဆည်းထားလိုက်ပါတယ်။ ဦးဘိုးသီးပိဋကတ်တိုက်တစ်သိန်းတန်ပိဋကတ်တိုက်မြန်မာနိုင်ငံအရပ်ရပ်၌ စာပေစုဆောင်းသူများသည် ဝါသနာအလျောက်တည်ထောင်ထားသော ပုဂ္ဂလိက ပိဋကတ်တိုက်များအနက် သထုံမြို့ရှိ ပင်စင်ရ နယ်ပိုင်ဝန်ထောက်မင်း ဦးဘိုးသီး၏ ပိဋကတ်တိုက်သည် ထင်ရှားလေသည်။ ပိဋကတ်တိုက် တည်ထောင်လုပ်ဆောင်မှု၌ ဦးဘိုးသီးသည် အတုယူဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးကိုရှေးရှုလျက် စာပေပိဋကတ်တိုက်ကြီး … Continue reading ဦးဘိုးသီးပိဋကတ်တိုက်ရှိပေစာများ