
CHENG, Saw Chin, (Saw Chin Cheng) Inspector of Schools, I.E.S. Born in Moulmein on the 17th January, 1877. Son of Saw Wee Chiang, Merchant Moulmein. Educated at St. Patrick’s Institution, Moulmein and Rangoon College (now University College) of Rangoon. Deputy Inspector of Schools 1897. Assistant Inspector of Schools, Northern Circles, 1901; Asst. I. Sch. Central Circle 1902; Asst. I. Sch., Western Circles 1904; Asst. I. Sch., Central Circle, 1904; Asst. I. Sch., Northern Circle 1906; Asst. I. Sch., Eastern Circle 1906; Inspector of Schools, Eastern Circle, 1911; I. Sch., Tenasserim, Circle, 1912; I. Sch., Irrawaddy Circle 1913; I. Sch., Meiktilla Circle, 1913. Assistant Inspector of Normal Schools, 1919, Inspector of Schools Meiktila Circles 1920. Inspector of Schools, I.E.S., Moulmein since 1922. Married Khoo Joo Teen, daughter of Mr. Khoo Swee Hean, Merchant, Rangoon. Recreations: Bridge, and Tennis. Permanent Address: 49, Creek Street, Rangoon.
Source: Who’s Who in Burma 1927
စောချင်ချိန် သည် မော်လမြိုင်မြို့မှ ကုန်သည်ကြီး စောဝီးချင်း (Saw Wee Chiang) ၏ သားဖြစ်ပြီး ရန်ကုန်မြို့ Bun Swee Soon and Co. သူဌေးကြီး ခူးရွှေဟန် (Khoo Swee Hean) ၏ သမီးငယ်ဖြစ်သူ ခူးဂျိုးတင်း (Khoo Joo Teen) နှင့် လက်ထပ်ကာ သား ရှေ့နေကြီး ဦးစောချုံပို နှင့် သမီး ဗဟိုအမျိုးသမီးဆေးရုံကြီး ဆေးရုံအုပ်ဟောင်း ဒေါက်တာဒေါ်ပိုပို တို့ကို မွေးဖွားခဲ့သည်။ စောချင်ချိန်၏ နှမတစ်ဦး ဖြစ်သူမှာ တရုတ်သူဌေးကြီး ချန်မာဖီး ၏ ချွေးမဖြစ်သည်။ ဒေါ်ခင်သက်ထား ပြုစုသော Who’s who in health and medicine in Myanmar စာအုပ်တွင် ဒေါက်တာဒေါ်ပိုပို၏ မိဘများကို ဦးကြင် နှင့် ဒေါ်တင်ဟု ဖော်ပြထားသည်။
သမီးဖြစ်သူ ဒေါက်တာဒေါ်ပိုပိုသည် တရုတ်သူဌေးကြီး လင်ချင်ချောင်း ၏ မြေး (Margaret Chin Tsong + Dr. Teoh Kyee Lwin တို့၏သား) ဖြစ်သူ ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ ဆေးပညာဌာနမှူးဟောင်း ဆရာကြီး ဒေါက်တာဦးစံလွင် (ခ) “Ronald Kyi Lwin” နှင့် အကြောင်းပါခဲ့ပြီး ယင်းတို့နှစ်ဦးမှ သွားအထူးကုဆရာဝန်ကြီး (ဒေါက်တာအောင်ဇော်လွင်) နှင့် သမီးဖြစ်သူ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခဟောင်း (ဒေါ်တင်မေလွင်) တို့ နှစ်ဦးကို ဖွားမြင်ခဲ့သည်။ ဆရာမကြီး ဒေါ်တင်မေလွင်သည် သွားနှင့်ခံတွင်းဆေးတက္ကသိုလ် (ရန်ကုန်) ၏ ပါမောက္ခ(ငြိမ်း) ဒေါက်တာဦးသိန်းထွဋ်နှင့် လက်ထပ်ခဲ့ပြီး သားဖြစ်သူ ဦးနေထွဋ်ခိုင် နှင့် သမီးဖြစ်သူ ဒေါ်နှင်းပွင့်ဖြူလွင်တို့ကို မွေးဖွားခဲ့သည်။
Discover more from Burma Data
Subscribe to get the latest posts sent to your email.
