မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၃

ငစည့်ကူးစားဟောင်း* (ငစည့်ကူးစာဟောင်း) နှင့် ငမောင်တို့သည် တိုင်းပြည်ကို ငြိမ်ဝပ်သာယာအောင် မသိမ်းမပိုက်မအုပ် (သောကြောင့်) သတ္တဝါအပေါင်းတို့ ဆင်းရဲကြီးစွာ ဖြစ်ကြသည်ကို သနားဂရုဏာ ရှိတော်မူလှသည်ဖြစ်၍ ပြည်သူလူတကာတို့ (ချမ်းသာရာရ) စေကြောင်းကို တရားသဖြင့် ငါအသျှင် ဓမ္မရာဇ်မင်းမြတ် ရွှေထီးရွှေနန်း တက်သိမ်းစံမ္ပာယ်သည်ကို နေ့ရက်မရှည် (မကြာစေရ) နိုင်ငံတော်အတွင်း အဝေးအလံ မြို့ပြကျေးရွာ စော်ဘွား မြို့စား မြို့ဝန် စစ်ကဲ မြို့သူကြီး ရွာသူကြီးတို့ မကြားမသိလေသေး။ ရှမ်းပြည် မြေလတ်တပြင် မြို့စား စော်ဘွား တပ်ပေါင်းစားတို့သို့ သတိဂတိနှင့် အကျိုးအပြစ် သိမြင်သူတို့ကို ရွေးချယ်၍ ဝန်တို့မှတ်စာမှာစာနှင့် နေ့ညအလျင် ရောက်အောင်သွားစေ၊ အောက်မြစ်ရိုးမြစ်စဉ်တလျှောက် ချင်းတွင်းမြစ်ရိုး မြစ်ညာကျေးရွာများသို့လည်း ခန့်ထား၍ မှတ်စာ မှာစာနှင့် အလျှင်သွားစေ။ (သက္ကရာဇ်) ၁၁၄၃ခု တပေါင်းလဆန်း ၁ ရက်နေ့ နားခံစမြောင်မှူးပြန်။ (ဆင်တဲ ၄၁) (12 Feb 1782)

ရည်ညွှန်း။ မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၃
THE ROYAL ORDERS OF BURMA, AD 1598-1885; PART IV. AD 1782-1787, 4: 213


Discover more from Burma Data

Subscribe to get the latest posts sent to your email.

Leave a Reply