မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၉

Historical document written in Burmese, dated 18 February 1782, detailing royal orders and mandates related to governance and fidelity.

ငါအရှင် ဧကရာဇ်မင်းမြတ် ရွှေထီးရွှေနန်း သိမ်းမြန်း စိုးစံတော်မူ၍ အထွတ်အမြတ် ရောက်တော်မူကြောင်းကို အဝေးအလံ နိုင်ငံတော်အတွင်း အရပ်ရပ် ထီးဆောင်း မြို့စား မြို့ဝန် စစ်ကဲတို့ မကြားမသိလေသေး ဖြစ်သည်၊ ရှေးထုံးစံ အစဉ်ရှိသည့်အတိုင်း အမိန့်တော်ပြန်၍ သစ္စာတော်ပေးခန့်၊ ရွှေဘဝါးတော်အောက် ခေါ်၍ သစ္စာတော် ပေးသင့်သူတို့ကိုလည်း သစ္စာတော် ပေးမြဲပေး။ (သက္ကရာဇ်) ၁၁၄၃ခု တပေါင်းလဆန်း ၇ရက်နေ့ စမြောင်မှူး နေမျိုး(နန္ဒ)သူတွင်ပြန်။ (ဆင်တဲ ၄၁)

ရည်ညွှန်း။ ။ မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၉
THE ROYAL ORDERS OF BURMA, AD 1598-1885; PART IV. AD 1782-1787, 4: 219


Discover more from Burma Data

Subscribe to get the latest posts sent to your email.

Leave a Reply