
ငါအရှင်ဧကရာဇ်မင်းမြတ် ရွှေထီးရွှေနန်း တိုင်းခန်းနိုင်ငံအလုံးကို တရားသဖြင့် စိုးအုပ်တော်မူသည်၊ နေပြည်တော်မှစ၍ နိုင်ငံတော်အတွင်း ရှမ်းပြည် ယွန်းပြည် အကြေအညာ အရပ်ရပ် မြို့ပြ ကျေးရွာများတွင် ထန်းရည် အရက် စိန်ပင် ကစော် လော်စာ ဘင်းဘိန်း ယစ်မျိုးနှင့် စပ်သမျှကို မပေါ် မချက် မရောင်း မဝယ် မသောက် မစားစေနှင့်၊ သားထိုး ငှက်ဘမ်း (ငှက်)ခတ် ကြက်တိုက် လောင်းစားမှုများကိုလည်း မပေါ်မရှိစေရ၊ (ဆိုင်သင့်ရာ ဆင့်ဆို၍ နိုင်အောင်မြစ်)၊ ဗဟိုရ်စည် အိမ်ရှင်စည် မင်္ဂလာစည် ဓါတ်တံခါး ၄ရပ် ဆွဲစည် စည်တော်စုံ ရွှေမြို့တော် အတွင်းပြင်ဓါတ် (တံခါးများတွင်ဆွဲထား) ရှိသည်၊ အလေးတောင်းတင်း တံဆိပ်ခပ်လုပ်ရန်များလည်း ရှိသည်ကို ရှေးထုံးစံနှင့်အညီ ယခုက ဆိုင်ရာဆင့်ဆို၍ လုပ်ဆောင်စီရင်စေ။ (သက္ကရာဇ်) ၁၁၄၃ခု တပေါင်းလဆန်း ၉ရက် နားခံစမြောင်မှူးပြန်။ (ဆင်တဲ ၄၁)
ရည်ညွှန်း။ ။ မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၀
THE ROYAL ORDERS OF BURMA, AD 1598-1885; PART IV. AD 1782-1787, 4: 220
Discover more from Burma Data
Subscribe to get the latest posts sent to your email.
