ဗိုလ်ဘုန်းမြင့် (ခ) သခင်တင်အေး၊ ရဲဘော်သုံးကျိပ်ဝင်။ ဓာတ်ပုံ- Htay Aung Facebook မင်းလှလေယာဉ်ကွင်းကို ရဲဘော်သုံးဦးထဲနဲ့ သိမ်းယူခဲ့သူ ဆိုပြီး ပို့စ်လေးတစ်ခု တက်လာလို့ ဖတ်ကြည့်တော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဘုန်းမြင့်ရဲ့ အကြောင်း ဖြစ်နေတယ်။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ဦးကျော်ငြိမ်း ရေးခဲ့တဲ့ ရဲဘော်သုံးကျိပ်စာအုပ်ထဲက ဟာကို ကူးပြီး အကျဉ်းချုံးထားတာ။ စာအုပ်ထဲကတောင် မဟုတ်လောက်ပါဘူး ဝီကီဟာကို ကူးပြီး အကျဉ်းချုံးထားတာ။ တကယ်တမ်း ဝီကီကဟာကလည်း စာအုပ်ထဲကဟာတွေ အကုန်ကူးချပြီး ရေးထည့်ထားကြတာများပါတယ်။ ထားပါတော့။ကျွန်တော်တို့ဟာ ရဲဘော်သုံးကျိပ်ဆိုတဲ့ နာမည်ကို ကြားဖူးကြတယ်။ အဲဒီသုံးကျိပ်ထဲက အကုန်မဟုတ်တောင် ဗိုလ်တေဇ၊ ဗိုလ်လက်ျာ၊ ဗိုလ်စကြာ စသည်ဖြင့် တချို့ သိရင် သိကြမယ်။ အကုန်သိတဲ့သူဆိုတာ အတော်နည်းတယ်။ သိတာကလည်း များသောအားဖြင့် ဦးကျော်ငြိမ်းရေးတဲ့ … Continue reading ဗိုလ်ဘုန်းမြင့် (ခ) သခင်တင်အေး၊ ရဲဘော်သုံးကျိပ်ဝင်
Tag: ရဲဘော်သုံးကျိပ်
ဗိုလ်စောနောင်၊ ရဲဘော်သုံးကျိပ်ဝင်
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောနောင် ဗိုလ်စောနောင်ကို ၁၉၂ဝ ပြည့်နှစ် စက်တင်ဘာလ ၂ ရက် ကြာသပတေးနေ့တွင် ရန်ကုန်မြို့ ကမာရွတ် ရှမ်းစုရပ် အဖ ကျောက်ကုန်သည် ဦးဘိုးညွန့်၊ အမိ ဒေါ်ရွှေမှတ်တို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မောင်သစ် ဖြစ်လေသည်။ မောင်သစ်သည် ကမာရွတ် ရပ်ကွက်ရှိ ဦးစံလှ အလွတ်ပညာသင်ကျောင်းမှ အင်္ဂလိပ် မြန်မာ နှစ်ဘာသာ သတ္တမတန်း စာမေးပွဲကို အောင်မြင်ခဲ့သည်။ အသက် ၁၅ နှစ်သား အရွယ်မှာပင် အစ်ကိုကြီးများ ဖြစ်ကြသော သခင်အောင်တင်၊ သခင်ငွေ (ရဲဘော်သုံးကျိပ် ဗိုလ်မှူးစောအောင်) တို့နည်းတူ သခင်သစ် အမည်ခံယူ၍ တို့ဗမာအစည်းအရုံးကြီး၏ အမျိုးသားရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ သခင်ဗစိန်တို့ ဒေါင်းသတင်းစာ ထုတ်ဝေသည့်အခါ ၂၁ ဦးဂိုဏ်းသားများ … Continue reading ဗိုလ်စောနောင်၊ ရဲဘော်သုံးကျိပ်ဝင်
