ဒေါ်မီမီခိုင်မိသားစုစာရင်း အရေးပိုင် ဦးချစ်ခိုင်နဲ့ ဒေါ်မမကြီးတို့ရဲ့သမီး၊ ကျိုင်းတုံစော်ဘွားကြီးရဲ့ သားတော်တစ်ပါးဖြစ်တဲ့ ရှမ်းပြည်နယ် ပညာမင်းကြီးဟောင်း စောဆိုင်မွန်/စောစိုင်မိုင်းမင်းရဲရဲ့ ဇနီး ကမ္တောဇကောလိပ်ကျောင်းကို တည်ထောင်သူ ဆရာမကြီး ဒေါ်မီမီခိုင်ရဲ့ မိသားစုဇယား။ အချက်အလက်တွေ အများစုကို ဆရာမကြီးရဲ့ ညီမတွေဖြစ်ကြတဲ့ ဒေါ်မြခိုင်နဲ့ ဦးနှောက်အာရုံကြော အထူးကုသမားတော်ကြီး ဒေါက်တာမြတ်ကြည်သန်းတို့ရဲ့ နာရေးမှတ်တမ်း တွေကနေ ရရှိပါတယ်။ ဒေါက်တာ မြတ်ကြည်သန်းရဲ့ သမီးဖြစ်တဲ့ ဒေါက်တာမေသဇင်သန်းထိုက်ဟာ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သား ဦးသောင်းထိုက်နဲ့ အကြောင်းပါခဲ့တာ တွေ့ရပြီး ဆရာမကြီးရဲ့ သမီးဖြစ်သူ ဒေါ်ရင်ရင်နွယ်/စဝ်နန်းနွဲ့ ကတော့ ဦးနေဝင်းရဲ့ သားဖြစ်သူ ဦးဖြိုးဝေဝင်းနဲ့ အကြောင်းပါခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက် အကြံပေးတစ်ဦး ဖြစ်ခဲ့တယ်။ ဒေါ်မီမီခိုင်တို့ရဲ့အကြောင်းကို သိချင်ရင် BBC စာမျက်နှာမှာ ဖတ်လို့ရပါတယ်။ [Link]
Tag: ရှမ်းစော်ဘွားကျောင်း
ကမ္ဘောဇကောလိပ်၏ဘုတ်အဖွဲ့ဝင်များ
ကမ္ဘောဇကောလိပ်၏ ဘုတ်အဖွဲ့ဝင်များ နောက်တန်းဝဲမှယာ - ကျောင်းအုပ် Dr. Ralph Ockenden ၊ အမည်မသိ၊ သီပေါစော်ဘွားကြီး စဝ်ကြာဆိုင်၊ ကျေးသီး-မံစံစော်ဘွားကြီး စဝ်ရွှေမှုံ၊ မိုးနဲစော်ဘွားကြီး စဝ်ပြည့်၊ ညောင်ရွှေကျမိုင်း စဝ်ဆိုင်ဖ၊ ကိုးကန့်စော်ဘွား ရန်ကျိန်းဆိုင်၊ ဘော်စော်ဘွား စဝ်ခွန်အောင်၊ စဝ်ဆိုင်မိန်း (ကျိုင်းတုံစော်ဘွားကြီး၏သား၊ ကျောင်းအုပ်ကြီး ဒေါ်မိမိခိုင်၏ ခင်ပွန်း)ရှေ့တန်းဝဲမှယာ - လဲချားစော်ဘွားကြီးစဝ်နွံ၊ တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်၊ မိုးမိတ်စော်ဘွားကြီး စဝ်ခွန်ချို၊ သာမိုင်းခမ်းစော်ဘွားကြီး စဝ်ထွန်းအေး၊ ကျောင်းအုပ်ကြီး ဒေါ်မီမီခိုင် ကမ္တောဇကောလိပ်ဟာ မြန်မာပြည်မှာ အင်္ဂလိပ်လိုသင်တဲ့ကျောင်းတွေထဲမှာ သာသနာပြုကျောင်း မဟုတ်တဲ့ တခုတည်းသောကျောင်း ဖြစ်ပြီး ကျောင်းဆောင်နာမည်တွေကိုလည်း တကောင်း၊ အင်းဝ၊ အုန်းဘောင်နဲ့ ပင်လုံ ဆိုပြီး ရှမ်းသမိုင်းနဲ့ ဆိုင်တဲ့ နာမည်တွေ ပေးပါတယ်။ နောက် … Continue reading ကမ္ဘောဇကောလိပ်၏ဘုတ်အဖွဲ့ဝင်များ
