Author: NYI LYNN SECK

ဦးဘိုးသီးပိဋကတ်တိုက်ရှိပေစာများ

သထုံ ဦးဘိုးသီး ပိဋကတ်တိုက်မှာရှိတဲ့ ပေပုရပိုဒ်တွေကို Digitized လုပ်ထားတာမှာ အမည်ပေးစနစ်က ရောမစနစ်နဲ့ ဖြစ်နေတာမို့ ရှာဖွေရလွယ် ဖတ်ရလွယ်စေဖို့ မှော်ဘီဓမ္မနဒီဆရာတော် အရှင်ဝိလာသဂ္ဂလင်္ကာရ မြန်မာပြန်ထားတာနဲ့ တိုက်ညှိပြီး အမျိုးအစားတွေ ခွဲပေးထားပါတယ်။ တချို့ဖိုင်တွေက အမည်မှားနေတာလည်း တွေ့ရပါတယ်။ ဒီနေရာမှာ ကြည့်ပါ [ဦးဘိုးသီးစာကြည့်တိုက်ကျမ်းအညွှန်း] အောင်ဇော်ထွတ်(စာကြည့်တိုက်ပညာ) ရဲ့ မြန်မာနိုင်ငံပိဋကတ်တိုက်၊ စာကြည့်တိုက်များ စာအုပ်မှာ ဦးဘိုးသီး ပိဋကတ်တိုက်အကြောင်း ရေးထားတာလေးလည်း မှတ်တမ်းအနေနဲ့ သိမ်းဆည်းထားလိုက်ပါတယ်။ ဦးဘိုးသီးပိဋကတ်တိုက်တစ်သိန်းတန်ပိဋကတ်တိုက်မြန်မာနိုင်ငံအရပ်ရပ်၌ စာပေစုဆောင်းသူများသည် ဝါသနာအလျောက်တည်ထောင်ထားသော ပုဂ္ဂလိက ပိဋကတ်တိုက်များအနက် သထုံမြို့ရှိ ပင်စင်ရ နယ်ပိုင်ဝန်ထောက်မင်း ဦးဘိုးသီး၏ ပိဋကတ်တိုက်သည် ထင်ရှားလေသည်။ ပိဋကတ်တိုက် တည်ထောင်လုပ်ဆောင်မှု၌ ဦးဘိုးသီးသည် အတုယူဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးကိုရှေးရှုလျက် စာပေပိဋကတ်တိုက်ကြီး … Continue reading ဦးဘိုးသီးပိဋကတ်တိုက်ရှိပေစာများ

ဘူမိစာလနိဒါန်းကျမ်းနှင့် ဝက်မစွတ်နဝဒေး ဗာဝရီမော်ကွန်းလင်္ကာ

ဘူမိစာလနိဒါန်းကျမ်းနှင့် ဝက်မစွတ်နဝဒေး ဗာဝရီမော်ကွန်းလင်္ကာအရှင်သီရိကုမာရမထေရ်၂၀၀၄စာ-၂၃၂ မာတိကာ အမှာစာ ဘူမိစာလနိဒါန်းကျမ်းမုခါရမ္ဘ ကျမ်းဦးဂါထာ ဘူမိသဒ္ဒါ၏ ဝိဂြိုဟ်ကို ပြဆိုခြင်း ဘူမိသဒ္ဒါ၏ အနက်ကို ပြဆိုခြင်း မြေဟော ပရိယာယ်သဒ္ဒါတို့ကို ပြဆိုခြင်း အလုံးစုံ ဝိဂြိုဟ်တွဲ၍ ပြဆိုခြင်း မြေကြီးဖြစ်ခြင်း၏ အကြောင်း မြေတည်ခြင်း၏ အကြောင်း မြေ၏ အတိုင်းအထွာပမာဏ အကြောင်း လောကီကျမ်းလာ မြေ၏ ယူဇနာ အကြောင်း လုံးပတ်တွက်နည်း သုံးမျိုး အကြောင်း ယူဇနာဖွဲ့နည်း အကြောင်း အင်္သာစိတ် ယူခြင်း အကြောင်း ဘူမိစာလသုတ်ပါဌ် အနက် ပဌမ မြေလှုပ်ခြင်း အကြောင်း ဒုတိယ မြေလှုပ်ခြင်း အကြောင်း ဝေဇယန္တာပြာသာဒ်ကို အရှင်မောဂ္ဂလာန်ထေရ် တုန်လှုပ်စေခြင်း အကြောင်း သံဃရက္ခိတသာမဏေဝတ္ထု မောဂ္ဂလိပုတ္တတိဿထေရ်ဝတ္ထု တတိယ မြေလှုပ်ခြင်း အကြောင်း … Continue reading ဘူမိစာလနိဒါန်းကျမ်းနှင့် ဝက်မစွတ်နဝဒေး ဗာဝရီမော်ကွန်းလင်္ကာ

သခင်နုအရေးတော်ပုံ

သတင်းစာဆရာဦးပုကလေး သခင်နုအရေးတော်ပုံ၊ ပထမတွဲသတင်းစာဆရာဦးပုကလေးထုတ်ဝေသူ- ဒေါ်တင်ရီ၊ အမှတ်-၁၂၅၊ ၄၂-လမ်း၊ ရန်ကုန်မြို့၁၉၄၉ ဒီဇင်ဘာမာတိကာ ကျွန်ုပ်၏ အကြောင်းပြ သခင်နု၏ မူလရည်ရွယ်ချက် ကြီးလေးလှသော တာဝန် လူသတ်ဝါဒ ခြေမှုန်းရေး ပထမခရီး လူသတ်ဝါဒ ခြေမှုန်းရေး လူသတ်ဝါဒ မိန့်ခွန်း လူသတ်ဝါဒ နှိပ်နင်းရေး ဒုတိယခရီး အသံလွှင့်ရုံမှ အသံလွှင့်ကြခြင်း အပုတ်နံ့ ထွက်ခြင်း ပြည်တွင်းစစ် ပထမ ကွန်မြူနစ်တို့၏ စွပ်စွဲချက် သခင်သူ၏ ရှင်းလင်းချေပချက် အစိုးရ အာဏာကို အတင်းလုရန် စေ့စပ်ညီညွတ်ရေး အချက် ၄-ချက် ပြည်တွင်းစစ် ဒုတိယ ဘွင်းဘွင်းကြီး ပြောပြီ နှုတ်ထွက်ရန် လူထုလက်မခံ လက်ဝဲညီညွတ်ရေး လုပ်ငန်းစဉ် အချက်ကြီး ၁၅-ချက် ပြည်သူ့ ရဲဘော်မူ ဖ-ဆ-ပ-လ အမိန့်ကို ဖီဆန်ပြီ … Continue reading သခင်နုအရေးတော်ပုံ

မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၆

အညာပါ မှူးမတ်အမှုထမ်းတို့၊ ဥစ္စာအိမ်ရာများမှာ လုံခြုံအောင်သာ ထိန်းသိမ်းစာင့်နေစေ၊ သည်ပြင်ဆင်းရဲသားတို့ ဥစ္စာများကို နိုင်ထက်စီးကဲ မလုမယူ မဖျက်မဆီးစေနှင့် အမိန့်တော် ထုတ်ပြန်၍ ရှိလေပြီးသည်ကို မငြိမ်မသက် သိမ်းယူပြန်ကြောင်းများနှင့် ငရွှေနားတော် ကြားတော်မူပြန်ရသည်၊ ဝန်တို့မှာ မကြားမသိလော၊ အမိန့်တော်ထုတ်ပြန်ရင်းအတိုင်း နိုင်နင်းအောင် ဘမ်းဆီး၍ကွပ်၊ ငစည့်ကူးစားဟောင်းသည် မင်းကျင့်တရားနှင့် လျော်ညီအောင် မကျင့်မဆောင် လူဆိုးလူသွမ်းတို့ အမူအရာကိုသာ ကျင့်ဆောင်သောကြောင့် ရွှေနန်းတော် ရွှေမြို့တော် ထီးချက်တော်ကိုစောင့်သော သမာဒေဝ နတ်အပေါင်းတို့နန်းမှာ မရပ်မနေဝံ့အောင် နှင်ပြီးမှ ပြေးသွားသည်ကို သတိုးသီဟသူ မြို့လပ်ဝန်တို့တစု လိုက်လံဘမ်းဆီးရာတွင် ငဘုန်းတော်ကြောင့် မထွက်မလွတ်နိုင်၊ စမွာယ်နဂိုကင်းတွင် တွေ့မိ၍ ရွှေဘဝါးတော်အောက် ဆက်ပို့လာကြောင်းကို ကြားတော်မူရသည်မှာ သင်းတို့တစု မကောင်းမှုကံအား ကြီးလှသောကြောင့် ဖြစ်ပျက်ကြသည် ဖြစ်သည်၊ ငစည့်ကူးစားကို ဘမ်းမိကြောင်းနှင့် မြို့တွင်းမြို့ပြင် … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၆

မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၄-၂၁၅

ငစည့်ကူးစားဟောင်းသည် အကျင့်အကြံ မမှန်သာကြောင့် ထီးနန်းမှကွာလွတ်လျှင် ဇာတ်သဘာဝတူရာ ကျွန်ခံမည် မကြံမစည် တကျွန်းတနိုင်ငံ တရုပ်တရက်တို့ကို အမှီပြုမည် ကြံစည်ထွက်ပြေးကြောင်း သင်းတို့ထွက်ပြေးရာ လိုက်လံဘမ်းဆီး သတ်ညှစ်ပါမည် မင်းရဲရန်နောင် ယူတော်မူမြင်းမှူး၊ နောက်ဝင်းမှူးသမန္တရဲ၊ ပညားဦးတို့တစုက ရွှေဘဝါးတော်အောက် ရှိခိုးသံတာ်ဦးတင်ရောက်သည်မှာ ကျေးဇူးသစ္စာတော်ကကို ခံသောက်ရပြီးဖြစ်လျှင် သနားတော်ခံကြသည့်အတိုင်း ရန်သူရှိရာ အမှုတော်ကို လိုက်လံထမ်းရွက်စေ မှာထားရမည်၊ ကျေးဇူးသစ္စာတော်ကို မခံမသောက် ရလေသေးဖြစ်သည်၊ ရွှေဘဝါးတော်အောက် ပြန်လာစေ၍ ကျေးဇူးသစ္စာတော်ကို ခံသောက်စေပြီးမှ အမှုတော်ကိုထမ်းရွက်စေ၊ မင်းရဲရန်နောင်တို့ကလာလူ မင်းသားငကြွက်၊ ဗေါင်ပြင်ငမြတ်၊ နားခံရွှေတောင်နန္ဒမိတ်၊ ဥဒိန်ဝေရ၊ ကုလားသာဝါ၊ ငစိုင်၊ ဒဝယ်စစ်ကဲငလွံ၊ ၎င်းမြင်းခေါင်းငတ၊ အာဏာစိုး ငမြတ်တို့ တစုမှာလည်း တော်သင့်ရာထမ်းရွက်စေရမည်၊ သစ္စာတော်ပေး၍ ရုံးတော်တွင်နေစေ၊ တုရင်မြဲမြန် ရဲလှေတိုက်ကျေးရွာက သိမ်းခေါ်ခဲ့သည့် လူ ၇၀ … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၄-၂၁၅

မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၃

ငစည့်ကူးစားဟောင်း* (ငစည့်ကူးစာဟောင်း) နှင့် ငမောင်တို့သည် တိုင်းပြည်ကို ငြိမ်ဝပ်သာယာအောင် မသိမ်းမပိုက်မအုပ် (သောကြောင့်) သတ္တဝါအပေါင်းတို့ ဆင်းရဲကြီးစွာ ဖြစ်ကြသည်ကို သနားဂရုဏာ ရှိတော်မူလှသည်ဖြစ်၍ ပြည်သူလူတကာတို့ (ချမ်းသာရာရ) စေကြောင်းကို တရားသဖြင့် ငါအသျှင် ဓမ္မရာဇ်မင်းမြတ် ရွှေထီးရွှေနန်း တက်သိမ်းစံမ္ပာယ်သည်ကို နေ့ရက်မရှည် (မကြာစေရ) နိုင်ငံတော်အတွင်း အဝေးအလံ မြို့ပြကျေးရွာ စော်ဘွား မြို့စား မြို့ဝန် စစ်ကဲ မြို့သူကြီး ရွာသူကြီးတို့ မကြားမသိလေသေး။ ရှမ်းပြည် မြေလတ်တပြင် မြို့စား စော်ဘွား တပ်ပေါင်းစားတို့သို့ သတိဂတိနှင့် အကျိုးအပြစ် သိမြင်သူတို့ကို ရွေးချယ်၍ ဝန်တို့မှတ်စာမှာစာနှင့် နေ့ညအလျင် ရောက်အောင်သွားစေ၊ အောက်မြစ်ရိုးမြစ်စဉ်တလျှောက် ချင်းတွင်းမြစ်ရိုး မြစ်ညာကျေးရွာများသို့လည်း ခန့်ထား၍ မှတ်စာ မှာစာနှင့် အလျှင်သွားစေ။ (သက္ကရာဇ်) ၁၁၄၃ခု တပေါင်းလဆန်း … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၃

မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၂

ငစည့်ကူးစားဟောင်းနှင့် ငတုတ်ကြီး ငထွန်းတို့ရှိရာ တပ်တော် ကြည်းဘက် ရေဘက် အလျှင်အမြန် ချီသွားလုပ်ကြံစေသင့်မည် ဝန်တို့က ဆက်သွင်းသည့်အတိုင်း ချီသွားမည့်အခါကို ပညာရှိတို့ကို တွက်ချက်ရွေးချယ်စေရာတွင် သက္ကရာဇ် ၁၁၄၃ခု တပေါင်းလဆန်း ၁ရက် ၁နွေနေ့ ၂ချက်တီးကျော် ၅နာရီ တပါတ်ဗီဇနာပြည့်လျှင် အနောက်မြောက်ထောင့်ကို မျက်နှာ ရှေ့ရည်စေလျှက် ရတနာ၃ပါးစသော သမာဒေဝနတ်မြတ်တို့အား ပူဇော်တိုင်ကြားစေပြီးမှ မင်္ဂလာအောင်တပ်တော် ချီစေရာကြောင်းနှင့် အခါစာ* (အခါစါ) ဆက်သွင်းသည့်အတိုင်း ကြည်းဘက်ရဲဘက် လုံခြုံအောင်ခန့်ထား၍ ချီသွားလုပ်ကြံစေ၊ တိုင်းရေးပြည်ရေးကို ထိန်းသိမ်းရသည်ဆိုသည့်အရာသည် တရားကိုစောင့်မှ တရားစောင့်သည်ဖြစ်သည်၊ အရက် ဂဇော် လော်စာ စိန်ပင်ဘင်း သောက်စားယစ်ဝခြင်း။ တယောက်ကိုတယောက် နိုင်ထက်စီးကဲကျင့်ခြင်း၊ သားကြီးငါးကြီးသတ်ခြင်း အမှုများကိုလည်း နိုင်နင်းအောင် ကွပ်ညှပ်စီရင်မှ ပြည်ရွာသာယာ စည်ပင်ရာသည့် အကြောင်းဖြစ်သည်၊ မျက်နှာကြီးငယ် မရွယ်မထောက် … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၂

မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၁

အညာသွား ငစည့်ကူးစားဟောင်းနှင့် ငမောင်တို့သည် ပြည်ထဲရေးမှုကို လုံခြုံအောင်မထိန်း၊ ဆင်းရဲသားကျွန်တော်မျိုးတို့ ထွက်ပြေးအောင် ပြုကျင့်သောကြောင့် သတ္တဝါအပေါင်းတို့ကို သနားဂရုဏာ ရှိတော်မူလှသည်ဖြစ်၍ ငါခမည်းတော်ဘုရား နောင်တော်ဘုရားတို့ အရိုက်အရာတော်ဖြစ်သော ရွှေထီးရွှေနန်းကို တက်သိမ်း စမ္ပာယ်တော်မူသည်။ အညာသွားလူတို့အိမ်ယာ ငမောင်အပါအဝင်လူတို့ အိမ်ယာများကို အစောင့်အနေ အထိမ်းအသိမ်း ခန့်မြဲခန့်၊ လွှတ်တော်ရုံးတော်က မခန့်မထားသည်ကို ဆင်းရဲသား ကျွန်တော်မျိုးတို့ အိမ်ယာများတွင် ပစ္စည်းဥစ္စာများကို နိုင်တက်စီးကဲ မလုမယူ မဖျက်မဆီးစေနှင့်၊ လုံခြုံအောင် သတိဂတိ ရှိသသူကို လူ ၅၀ တန်သည် ၆၀ တန်သည် အသီးအသီး ပေးအပ်၍ ၂ ရပ်တန်သည် ၃ရပ်တန်သည် နိုင်နင်းလုံခြုံအောင် ရှာယူဘမ်းဆီး၍ တွေ့မိလျှင် ထင်ရှားအောင်ကွပ်။ (သက္ကရာဇ်) ၁၁၄၃ခု တပို့တွဲလပြည့်ကျော် ၁၄ရက်နေ့ (11 Feb … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၁

CIVIL LIST OF BURMA JULY-SEPTEMBER 1937

Sir Archibald Douglas Cochrane: Governor of Burma 1936-1941 CIVIL LIST OF BURMA JULY-SEPTEMBER 1937Governor of BurmaHIS EXCELLENCY THE HON'BLE SIR ARCHIBALD DOUGLAS COCHRANE, G.C.V.G., K.C.S.I., D.S.O.GOVERNOR'S SECRETARY.McDowall, R. G., C.I.E., I.C.S.Capt. A. D. Macnamara, Skinner's Horse, Military Secretary.Capt. C. R. D. Gray, Aide-de-Camp.Capt. E. C. Yeldham, Aide-de-Camp.HONORARY AIDES-DE-CAMPBrigadier F. A. G. Roughton, 1. A., Honorary … Continue reading CIVIL LIST OF BURMA JULY-SEPTEMBER 1937

ခွန်သိမ်း၊ ဦး၊ အဖွဲ့ဝင်၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ၁၉ဝ၉-၁၉၇၉

ခွန်သိမ်း၊ ဦး၊ အဖွဲ့ဝင်၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ၁၉ဝ၉-၁၉၇၉ဖခင် – ဦးခွန်စွန်ညိုမိခင် – ဒေါ်ရွှေမြမွေးချင်း –အိမ်ထောင်ဘက် –သားသမီးများ –ဇာတိ – ပင်းတယမွေးနေ့ – January 22, 1909ကွယ်လွန် – October 3, 1979အခြား – ဖခင်ဖြစ်သူ၏ အမည်မှာ ပင်းတယစော်ဘွားကြီး ခွန်စွန်ညို/စဝ်ခွန်စွန်ညို အမည်နှင့် တူညီနေသည်။ ပင်းတယစော်ဘွား၏သား ဟုတ်မဟုတ် မသေချာပါ။ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဝင် ဦးခွန်သိမ်းနှင့် ပတ်သက်၍ အခြားအချက်အလက်များ မတွေ့ရှိသေးပါ။ ဆက်လက်ရှာဖွေဖော်ထုတ်နိုင်ရန်နောက်ဆုံးမှတ်တမ်းတင်သည့်နေ့ – မေ ၇၊ ၂၀၂၅ ပြည်သူ့ဥပဒေအကျိုးဆောင် ဦးခွန်သိမ်း(တောင်ကြီး) ကို ရှမ်းပြည်နယ်၊ ပင်းဒယမြို့တွင် အဖ ဦးခွန်စွန်ညို၊ အမိ ဒေါ်ရွှေမြ တို့မှ ၁၉ဝ၉ ခုနှစ် ဇန်နဝါရီလ … Continue reading ခွန်သိမ်း၊ ဦး၊ အဖွဲ့ဝင်၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ၁၉ဝ၉-၁၉၇၉