Author: NYI LYNN SECK

မနန်းစိုး

ဓာတ်ပုံ-မနန်းစိုးဖေ့စ်ဘွခ်မှ ဒီနေ့ လေးစားရတဲ့ အန်တီတစ်ယောက်နဲ့ စကားပြောရင်း သူတို့တူမဖြစ်သူ မနန်းစိုးအကြောင်း သတိရသွားတယ်။ မနန်းစိုးလို့ ခေါ်တာက မနန်းစိုး မွေးနေ့က ၁၉၇၁ ဖေဖော်ဝါရီ ၂၀ ကျွန်တော့်ထက် ၉ နှစ်ပဲ ကြီးလို့ပါ။ အဲဒီခေတ်မှာ တတိုင်းပြည်လုံးက အထူးတလည် စိတ်ဝင်စားကြ ချစ်ကြတဲ့ ရင်ချင်းဆက် အမွှာညီအစ်မ ခွဲစိတ်မှုအကြောင်းကို ဆရာကြီး ဒေါက်တာ ညွန့်သိန်း ရေးပြလို့လည်း သာမန်အသိထက် ပိုပြီး တိတိကျကျသိလာရပါတယ်။ မနန်းစိုးတို့ကို ခွဲစိတ်တဲ့အချိန်ဟာ CT/ MRI/ MRA နည်းပညာတွေ မရှိသေးတဲ့အချိန် ဖြစ်တဲ့အပြင် ကိုယ်တွင်းမှာလည်း ခန္ဓာအစိတ်အပိုင်းတွေက ဆက်နေတာမို့ အဲဒီအချိန် နိုင်ငံတော်မှာ ရှိသလောက် Imaging စနစ်တွေနဲ့ အသုံးပြုပြီး ခက်ခက်ခဲခဲ လေ့လာ ရှာဖွေခဲ့ကြရတယ်တဲ့။ ခွဲစိတ်ချိန်မှာလည်း … Continue reading မနန်းစိုး

အေဝမ်းမိသားစုမျိုးဆက်ဇယား

အေဝမ်းမိသားစုဆိုတာ မြန်မာ့ရုပ်ရှင်လောကမှာ အထင်ကရ သမိုင်းဝင်မိသားစု ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မြန်မာ့ရုပ်ရှင်လောကထဲ အေဝမ်းမိသားစုကနေ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ စက်မှုပညာရှင်၊ သရုပ်ဆောင် စသည်ဖြင့် အောင်မြင် လင်းလက်ခဲ့ကြသူတွေ အများကြီး ထွက်ပေါ်ခဲ့တယ်။ လွန်ခဲ့တဲ့အပတ် ဇူလိုင် ၁၈၊ ၂၀၂၅ တုန်းက သက်ရှိ အေဝမ်းမိသားစုတွေထဲက အသက်အကြီးဆုံး ဒေါ်ခင်လှဲ့ အသက် ၁၀၆ နှစ်အရွယ် ကွယ်လွန်သွားတာ သိလိုက်ရတယ်။ ဒေါ်ခင်လှဲ့က မြန်မာ့အဆွေသူဌေးကြီး ဦးဘညွန့် နဲ့ ဒေါ်ငြိမ်းရှင်တို့ရဲ့ ဒုတိယသား အေဝမ်းဦးတင်နွယ်နဲ့ ဒေါ်မိမိကြီးတို့ကနေ မွေးတဲ့ သမီးအကြီးဆုံးဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက အထင်ကရ အေဝမ်းမိသားစုကြီးဟာ အခုဆို တကွဲတပြားစီ ဖြစ်ကုန်ကြပြီး လက်ရှိ မျိုးဆက်တွေ လက်ထက်မှာတော့ ရုပ်ရှင်အနုပညာနယ်မှာ အောင်မြင်စွာနဲ့ ကျင်လည် လုပ်ကိုင်နေသူတွေ မရှိတော့ဘူးလို့တောင် … Continue reading အေဝမ်းမိသားစုမျိုးဆက်ဇယား

ဆာဘွဲ့ရသူကြီးချွာကေဆိုက်

ဦးစိန်အေးသင်္ချာ ဝ/သ တက္ကသိုလ်၊ ရန်ကုန်(အ.ထ.က-၆၊ ဗိုလ်တထောင်၊အမှတ်-၃၊ ဒေသကောလိပ်ကျောင်းသားဟောင်း)အသက်(၆၆)နှစ်ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အလံပြဘုရားလမ်း၊ အမှတ်(၃၄)၊ အခန်း(အို)နေ သမာဓိမြို့ဝန် [ဦးဘေ(ခ)ချွာတွန်]-ဒေါ်မေ-လင်ကင်း-(ဒေါ်မေ၏မြေး)၊ လသာမြို့နယ်၊ ၁၉ လမ်းနေ ဆာဘွဲ့ရသူကြီး [ချွာကေဆိုက် (ခ) ဦးသန်းမြင့်]-ဒေါ်တီတို့၏ သားထွေး၊ ချွာလေယံ(ခ)ဒေါ်တင်မေရီ၊ [ချွာကာတိတ် (ခ)ဦးကျင်စိန်]၊ [ချာကာတင်(ခ)ဦးမောင်မောင်တင်]၊ ချာကာဟုန်(ခ) ဦးကျော်ဝင်းစိန်-မျိုးမျိုးခိုင်၊ ချာကာလန်(ခ) ဦးဖေသန်း-ဒေါ်ပွင့်ဖြူ၊ ချွာလေဟုန်(ခ)ဒေါ်တင်တင်ဝင်း-ဦးစိုးလင်း၊ ချွာလေစိမ်း(ခ) ဒေါ်ခင်ခင်အေး၊ ဦးကြံ့ခိုင်တို့၏ ညီမောင်နှင့် တူ၊ တူမများ၏ ဦးငယ်၊ ချွာယုံဝေး(ခ) စိုးဝင်းတင်၏ ဖခင်သည် ၁၇-၁-၂၀၂၅ (သောကြာနေ့) နံနက်တွင် ပင်လုံဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် ၂၁-၁-၂၀၂၅ (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည် ဖြစ်ပါသည်။ [ကွယ်လွန်သူအားရည်စူး၍ ၂၃-၁-၂၀၂၅ (ကြာသပတေးနေ့) … Continue reading ဆာဘွဲ့ရသူကြီးချွာကေဆိုက်

ဒေါ်မီမီခိုင်မိသားစုစာရင်း

ဒေါ်မီမီခိုင်မိသားစုစာရင်း အရေးပိုင် ဦးချစ်ခိုင်နဲ့ ဒေါ်မမကြီးတို့ရဲ့သမီး၊ ကျိုင်းတုံစော်ဘွားကြီးရဲ့ သားတော်တစ်ပါးဖြစ်တဲ့ ရှမ်းပြည်နယ် ပညာမင်းကြီးဟောင်း စောဆိုင်မွန်/စောစိုင်မိုင်းမင်းရဲရဲ့ ဇနီး ကမ္တောဇကောလိပ်ကျောင်းကို တည်ထောင်သူ ဆရာမကြီး ဒေါ်မီမီခိုင်ရဲ့ မိသားစုဇယား။ အချက်အလက်တွေ အများစုကို ဆရာမကြီးရဲ့ ညီမတွေဖြစ်ကြတဲ့ ဒေါ်မြခိုင်နဲ့ ဦးနှောက်အာရုံကြော အထူးကုသမားတော်ကြီး ဒေါက်တာမြတ်ကြည်သန်းတို့ရဲ့ နာရေးမှတ်တမ်း တွေကနေ ရရှိပါတယ်။ ဒေါက်တာ မြတ်ကြည်သန်းရဲ့ သမီးဖြစ်တဲ့ ဒေါက်တာမေသဇင်သန်းထိုက်ဟာ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သား ဦးသောင်းထိုက်နဲ့ အကြောင်းပါခဲ့တာ တွေ့ရပြီး ဆရာမကြီးရဲ့ သမီးဖြစ်သူ ဒေါ်ရင်ရင်နွယ်/စဝ်နန်းနွဲ့ ကတော့ ဦးနေဝင်းရဲ့ သားဖြစ်သူ ဦးဖြိုးဝေဝင်းနဲ့ အကြောင်းပါခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက် အကြံပေးတစ်ဦး ဖြစ်ခဲ့တယ်။ ဒေါ်မီမီခိုင်တို့ရဲ့အကြောင်းကို သိချင်ရင် BBC စာမျက်နှာမှာ ဖတ်လို့ရပါတယ်။ [Link]

ဗိုလ်မှူးကြီးလွန်းတင် (ငြိမ်း) (ကြည်း-၃၆၁၀)

အမည် - လွန်းတင်၊ ဗိုလ်မှူးကြီး(ငြိမ်း)ဖခင် – ဦးထွန်းလင်းမိခင် – ဒေါ်သိန်းမေမွေးချင်း –အိမ်ထောင်ဘက် – ဒေါ်သန်းကြည်သားသမီးများ – ဦးဘုန်းနိုင်၊ ဒေါ်အိအိတင်၊ ဦးမင်းအောင်၊ ဦးစိုးအောင်၊ ဒေါ်လဲ့လဲ့တင်၊ ဦးသန်းထူးဇာတိ – မော်လမြိုင်၊ ကတိုးကော့နှပ်မွေးနေ့ – March 2, 1921ကွယ်လွန် – October 21, 2012အခြား – နောက်ဆုံးမှတ်တမ်းတင်သည့်နေ့ – ဇွန် ၁၊ ၂၀၂၅ ဗိုလ်မှူးကြီးလွန်းတင် (ငြိမ်း) (ကြည်း-၃၆၁၀)သည် ၁၉၆၁ မှ ၁၉၆၃ ထိ အမှတ်(၇) တပ်မဟာ ဌာနချုပ်တွင် တပ်မဟာမှူးအဖြစ်လည်းကောင်း၊ ၁၉၆၂ တွင်တော်လှန်ရေး ကောင်စီဝင် အဖြစ်လည်းကောင်း၊ ၁၉၆၃မှ ၁၉၆၅ထိ နမခတိုင်းမှူး အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ … Continue reading ဗိုလ်မှူးကြီးလွန်းတင် (ငြိမ်း) (ကြည်း-၃၆၁၀)

စစ်တကောင်းစား၏ ကုသိနာရုံ ခရီးသွားမှတ်တမ်း

စစ်တကောင်းစား တင်ချက်သက္ကရာဇ် ၁၁၅၁-ခု၊ နတ်တော်လဆန်း၊ ၁၂-ရက်နေ့ [၂၉ နိုဝင်ဘာ ၁၇၈၉] ရခိုင်ရူစားချက် ကျွန်တော်ကို ကုသိနာရုံအရပ်သို့ အကြည့်အရှုသွားရမည်ခန့်ထား၍ တော်သလင်းလပြည့်ကျော်၊ ၈-ရက်နေ့ ရခိုင်မြို့ က ထွက်သွားပါသည်၊ မရူသို့ရောက်လျှင် မိုး, ရေ, လေပြင်းထန်သောကြောင့် မရူတွင် ၁၀-ရက်ကျော် ခိုမှီးနေပြီးလျှင် ထွက်သွား၍ ဦးချာဆိပ်မှာ လှေကို ဆိုက်ထား တက်သွားလျှင် သီတင်းကျွတ်လပြည့်ကျော် ၄-ရက်နေ့မှ စစ်တကောင်းမြို့ သို့ ရောက်ပါသည်၊ စစ်တကောင်းဆိပ်စားသို့ မှာထားသည့်စာကို ပေးအပ်ပြသပါသည်၊ စစ်တကောင်းစားက “စာအရကို ကုမ္ပဏီထံ အစီရင်ခံစေလွှတ် ပြန်ရောက်အောင် ငံ့နေပါဦး” ဆို၍ စစ်တကောင်းစားက ဘင်္ဂလားသို့ စေလွှတ်ပါသည်၊ စေလွှတ်သူတို့က ဘင်္ဂလားကုမ္ပဏီစာပို့ရောက်မှ “ကျွန်တော်တို့ကို လိုရာ ကုသိနာရုံအရပ်သို့ ကြည့်ရှုပါစေ” အခွင့်ပေး၍ လမ်းပြညွှန်လူ … Continue reading စစ်တကောင်းစား၏ ကုသိနာရုံ ခရီးသွားမှတ်တမ်း

အမ်ဆင်ဆားရ်၊ ဦး၊ မဆလဗဟိုကော်မတီဝင်ဟောင်း

အမ်ဆင်ဆားရ်၊ ဦး၊ မဆလဗဟိုကော်မတီဝင်ဟောင်းဖခင် – ဦးမုန်ဟောင်ထီနမိခင် – ဒေါ်ချန်တန်နင်မွေးချင်း – (ဒေါ်မုန်ဟောင်နန်)၊ (ဒေါ်မုန်ဟောင်နင်) ဦးမုန်ဟုန်မြင် (ဒေါ်မုန်ဟောင်ဆိန်းရမ်)အိမ်ထောင်ဘက် – ဒေါ်ယုံထန်နန်ဆားရ်သားသမီးများ – ဒေါ်မုန်ဟောင်မာဂရက်၊ (ဦးအမ်ဂျိမ်း)၊ ဒေါ်အမ်နင်ဆားရ်၊ ဒေါ်အမ်ဆိုင်းယဉ်၊ ဦးယုန်းကျူ၊ (ဦးမုန်ဟောင်ခင်)၊ ဒေါ်အမ်ဇမီဆားရ်၊ (ဦးအမ်ဆင်ရမ်)၊ ဒေါ်အမ်အားထန်ဇာတိ – ပန်နန်းဒင်ကျေးရွာ၊ နောင်မွန်းမြို့နယ်မွေးနေ့ – June 4, 1924ကွယ်လွန် – July 9, 2021အခြား – NRC: 12/BAHANA(NAING)022065နောက်ဆုံးမှတ်တမ်းတင်သည့်နေ့ – မေ ၁၉၊ ၂၀၂၅မှတ်ချက် - မဆလ မွေးနေ့မှတ်တမ်းအရ နာရေးတွင်ပါသကဲ့သို့ အသက် ၁၀၀ မဟုတ်သေးချေ။ ၂၀၂၄ တွင် အသက် ၉၇ နှစ်သာ ရှိဦးမည်ဖြစ်သည်။ … Continue reading အမ်ဆင်ဆားရ်၊ ဦး၊ မဆလဗဟိုကော်မတီဝင်ဟောင်း

သူ့တပည့်များက​ပြောတဲ့ ဆရာကြီး ဦးရာဇတ်အ​ကြောင်း

သူ့တပည့်များက​ပြောတဲ့ ဆရာကြီး ဦးရာဇတ်အ​ကြောင်း၊ မန္တ​လေးအသင်း ပြန်ကြား​ရေးအဖွဲ့ငယ်၊ ပကြိမ်၊ ၁၉၉၅ စက်တင်ဘာမာတိကာ ဆရာကြီး ဦးရာဇတ်နှင့် မန်းတက္ကသိုလ် - အမ်အေ မအုန်း ကျွန်မတို့ဆရာကြီးနှင့် လက်ဝှေ့အားကစား - လူထု ဒေါ်အမာ ဟင်းမသိုးရင် ကြက်သိုးနေတယ် - ဘရွှေ တို့ဆရာဦးရာဇတ် - သခင် ချန်ထွန်း ဥပစ္ဆေဒကကံ - ကျော်သိန်း ကျွန်တော်ကအလျင် ကင်ပေကနောက် - ကံချွန် ဖခင်သဖွယ်ဆရာကြီး - သူရိယသန်းမောင် ဆရာကြီး၏ နောက်ဆုံးအသံ - အပါးတော်မြဲချစ်ဆွေ အံ့ချီးဖွယ်ရာ တို့ဆရာ - မောင်မောင်မြ မွေးသမိခင်ကျေးဇူးရှင်နှင့် ထပ်တူထပ်မျှ - ပင်နီ နှစ် ၅၀ ကျော် သိမ်းဆည်းထားခဲ့ရတဲ့ စာရွက်ကလေး - … Continue reading သူ့တပည့်များက​ပြောတဲ့ ဆရာကြီး ဦးရာဇတ်အ​ကြောင်း

မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၂

ရွှေပြည်တော် မြို့တွင်းမြို့ပြင်မှစ၍ အရပ်ရပ် ကျေးရွာများမှာ ပစ္စည်းဥစ္စာကြောင့် အလုအယက် ခိုက်ပွါးရန်စည် မဖြစ်တန် ဖြစ်ကြ၍ မငြိမ်မသက် ရှိရသည်ကို မြင်သောကြောင့် ငြိမ်ဝပ်စေခြင်းငှါ (သက္ကရာဇ်) ၁၁၄၃ခု တပေါင်းလဆန်း ၁၂ရက် နေ့ ည အမိန့်တော် ထုတ်ပြန်၍ ရှိသည်ကို ငအမိန့်တော်အတိုင်း တည်ရစ်အောင် မကွပ်မညှပ် မစီရင်ကြသောကြောင့် ကုလားတို့ဥစ္စာကို ငအောင်မြင်၊ ငလွန်းဘွယ်တို့ လုယူကြောင်းများနှင့် ကြားတော်မူရပြန်သည်။ ဝန်တို့မှာ မကြားမသိလော့။ လုယက်သူတို့ကို ဘမ်းဆီး၍ မြို့တွင်းမြို့ပြင် မောင်းကျော်ပြီးလျှင် တံခါး ၉ရပ်မှာ ကြားမြင်သမျှလူတို့ ကြောက်ရွံ့အောင်ထား၊ နောင်သည်ကဲ့သို့ ကြားတော်မူပြန်ရလျှင် ၂ခွန်း ချေရမည် မမှတ်နှင့်။ (သက္ကရာဇ်) ၁၁၄ခုပါင်းလဆန်း ၁၃ရက်နေ့ နားခံစမြောင်မှူးပြန်။ (ဆင်တဲ ၄၁) ရည်ညွှန်း။ ။ မြန်မာမင်းအမိန့်တော်များ၊ … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၂

မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၁

ငစည့်ကူးစားဟောင်း ငမောင်တို့နှင့် ငလှ၊ ငသာတို့သည် ပြည်ထဲရေးကို သာယာငြိမ်ဝပ်အောင် မကြံမစည် မကောင်းသော ကြံခြင်းဖြင့်သာ ကြံစည်ကြသောကြောင့် သင်းတို့ ဆိုးသွမ်းကြသည် လူတို့သာ ပျက်စီးခြင်းသို့ ရောက်ရသည်မဟုတ် သင်းတို့ကို အမှီပြု၍ စွဲလမ်းထမ်းရွက် ရိပွန်းနွမ်းနယ် ကြသောကြောင့် တိုင်းနိုင်ငံ တုန်လှုပ်ချောက်ခြားချင်း ရှိရသည်၊ ငါဘုန်းတော်နှင့် သိမ်းရုံးတော်မူလျှင် လက်ဝါးပြင်ထက် ပြတင်သကဲ့သို့ သိမြင်ရသည့်အတိုင်း ရန်ခြေရန်မြစ် ရှင်းလင်းလေပြီးသည်၊ သင်းတို့ လူဆိုးလူသွမ်း မစောင့်မရပ်သည် လူမှန်၍ ကွပ်မျက်ရာပါသည် လူတို့ ဥစ္စာပစ္စည်းတို့ကိုသာ ဆိုင်ရာ အမိန့်တော်ရင်းနှင့်အညီ စစ်ကြော၍ တိုက်တော်ကြတော်သွင်း၊ သင်းတို့နှင့် ပေါက်ဘော်စပ်သော်လည်း ငကျွန်တော် မျိုးချည်းပင် ဖြစ်သည်၊ အမျိုးပေါက်ဘော် တော်စပ်ရာ လိုက်လံစစ်ကြောကြလျှင် ပြည်ရွာငြိမ်ဝပ်ခဲတော့မည်၊ ရာဇဝတ်တော်ရေး မကင်းမလွတ် ကွပ်မျက်ရာပါသူတို့ ပစ္စည်းဥစ္စာကိုသာ စစ်ကြောဆက်သွင်းစေ၊ … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၁