သူ့တပည့်များကပြောတဲ့ ဆရာကြီး ဦးရာဇတ်အကြောင်း၊ မန္တလေးအသင်း ပြန်ကြားရေးအဖွဲ့ငယ်၊ ပကြိမ်၊ ၁၉၉၅ စက်တင်ဘာမာတိကာ ဆရာကြီး ဦးရာဇတ်နှင့် မန်းတက္ကသိုလ် - အမ်အေ မအုန်း ကျွန်မတို့ဆရာကြီးနှင့် လက်ဝှေ့အားကစား - လူထု ဒေါ်အမာ ဟင်းမသိုးရင် ကြက်သိုးနေတယ် - ဘရွှေ တို့ဆရာဦးရာဇတ် - သခင် ချန်ထွန်း ဥပစ္ဆေဒကကံ - ကျော်သိန်း ကျွန်တော်ကအလျင် ကင်ပေကနောက် - ကံချွန် ဖခင်သဖွယ်ဆရာကြီး - သူရိယသန်းမောင် ဆရာကြီး၏ နောက်ဆုံးအသံ - အပါးတော်မြဲချစ်ဆွေ အံ့ချီးဖွယ်ရာ တို့ဆရာ - မောင်မောင်မြ မွေးသမိခင်ကျေးဇူးရှင်နှင့် ထပ်တူထပ်မျှ - ပင်နီ နှစ် ၅၀ ကျော် သိမ်းဆည်းထားခဲ့ရတဲ့ စာရွက်ကလေး - … Continue reading သူ့တပည့်များကပြောတဲ့ ဆရာကြီး ဦးရာဇတ်အကြောင်း
မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၂
ရွှေပြည်တော် မြို့တွင်းမြို့ပြင်မှစ၍ အရပ်ရပ် ကျေးရွာများမှာ ပစ္စည်းဥစ္စာကြောင့် အလုအယက် ခိုက်ပွါးရန်စည် မဖြစ်တန် ဖြစ်ကြ၍ မငြိမ်မသက် ရှိရသည်ကို မြင်သောကြောင့် ငြိမ်ဝပ်စေခြင်းငှါ (သက္ကရာဇ်) ၁၁၄၃ခု တပေါင်းလဆန်း ၁၂ရက် နေ့ ည အမိန့်တော် ထုတ်ပြန်၍ ရှိသည်ကို ငအမိန့်တော်အတိုင်း တည်ရစ်အောင် မကွပ်မညှပ် မစီရင်ကြသောကြောင့် ကုလားတို့ဥစ္စာကို ငအောင်မြင်၊ ငလွန်းဘွယ်တို့ လုယူကြောင်းများနှင့် ကြားတော်မူရပြန်သည်။ ဝန်တို့မှာ မကြားမသိလော့။ လုယက်သူတို့ကို ဘမ်းဆီး၍ မြို့တွင်းမြို့ပြင် မောင်းကျော်ပြီးလျှင် တံခါး ၉ရပ်မှာ ကြားမြင်သမျှလူတို့ ကြောက်ရွံ့အောင်ထား၊ နောင်သည်ကဲ့သို့ ကြားတော်မူပြန်ရလျှင် ၂ခွန်း ချေရမည် မမှတ်နှင့်။ (သက္ကရာဇ်) ၁၁၄ခုပါင်းလဆန်း ၁၃ရက်နေ့ နားခံစမြောင်မှူးပြန်။ (ဆင်တဲ ၄၁) ရည်ညွှန်း။ ။ မြန်မာမင်းအမိန့်တော်များ၊ … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၂
မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၁
ငစည့်ကူးစားဟောင်း ငမောင်တို့နှင့် ငလှ၊ ငသာတို့သည် ပြည်ထဲရေးကို သာယာငြိမ်ဝပ်အောင် မကြံမစည် မကောင်းသော ကြံခြင်းဖြင့်သာ ကြံစည်ကြသောကြောင့် သင်းတို့ ဆိုးသွမ်းကြသည် လူတို့သာ ပျက်စီးခြင်းသို့ ရောက်ရသည်မဟုတ် သင်းတို့ကို အမှီပြု၍ စွဲလမ်းထမ်းရွက် ရိပွန်းနွမ်းနယ် ကြသောကြောင့် တိုင်းနိုင်ငံ တုန်လှုပ်ချောက်ခြားချင်း ရှိရသည်၊ ငါဘုန်းတော်နှင့် သိမ်းရုံးတော်မူလျှင် လက်ဝါးပြင်ထက် ပြတင်သကဲ့သို့ သိမြင်ရသည့်အတိုင်း ရန်ခြေရန်မြစ် ရှင်းလင်းလေပြီးသည်၊ သင်းတို့ လူဆိုးလူသွမ်း မစောင့်မရပ်သည် လူမှန်၍ ကွပ်မျက်ရာပါသည် လူတို့ ဥစ္စာပစ္စည်းတို့ကိုသာ ဆိုင်ရာ အမိန့်တော်ရင်းနှင့်အညီ စစ်ကြော၍ တိုက်တော်ကြတော်သွင်း၊ သင်းတို့နှင့် ပေါက်ဘော်စပ်သော်လည်း ငကျွန်တော် မျိုးချည်းပင် ဖြစ်သည်၊ အမျိုးပေါက်ဘော် တော်စပ်ရာ လိုက်လံစစ်ကြောကြလျှင် ပြည်ရွာငြိမ်ဝပ်ခဲတော့မည်၊ ရာဇဝတ်တော်ရေး မကင်းမလွတ် ကွပ်မျက်ရာပါသူတို့ ပစ္စည်းဥစ္စာကိုသာ စစ်ကြောဆက်သွင်းစေ၊ … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၁
မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၀
ငါအရှင်ဧကရာဇ်မင်းမြတ် ရွှေထီးရွှေနန်း တိုင်းခန်းနိုင်ငံအလုံးကို တရားသဖြင့် စိုးအုပ်တော်မူသည်၊ နေပြည်တော်မှစ၍ နိုင်ငံတော်အတွင်း ရှမ်းပြည် ယွန်းပြည် အကြေအညာ အရပ်ရပ် မြို့ပြ ကျေးရွာများတွင် ထန်းရည် အရက် စိန်ပင် ကစော် လော်စာ ဘင်းဘိန်း ယစ်မျိုးနှင့် စပ်သမျှကို မပေါ် မချက် မရောင်း မဝယ် မသောက် မစားစေနှင့်၊ သားထိုး ငှက်ဘမ်း (ငှက်)ခတ် ကြက်တိုက် လောင်းစားမှုများကိုလည်း မပေါ်မရှိစေရ၊ (ဆိုင်သင့်ရာ ဆင့်ဆို၍ နိုင်အောင်မြစ်)၊ ဗဟိုရ်စည် အိမ်ရှင်စည် မင်္ဂလာစည် ဓါတ်တံခါး ၄ရပ် ဆွဲစည် စည်တော်စုံ ရွှေမြို့တော် အတွင်းပြင်ဓါတ် (တံခါးများတွင်ဆွဲထား) ရှိသည်၊ အလေးတောင်းတင်း တံဆိပ်ခပ်လုပ်ရန်များလည်း ရှိသည်ကို ရှေးထုံးစံနှင့်အညီ ယခုက ဆိုင်ရာဆင့်ဆို၍ လုပ်ဆောင်စီရင်စေ။ (သက္ကရာဇ်) … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၀
မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၉
ငါအရှင် ဧကရာဇ်မင်းမြတ် ရွှေထီးရွှေနန်း သိမ်းမြန်း စိုးစံတော်မူ၍ အထွတ်အမြတ် ရောက်တော်မူကြောင်းကို အဝေးအလံ နိုင်ငံတော်အတွင်း အရပ်ရပ် ထီးဆောင်း မြို့စား မြို့ဝန် စစ်ကဲတို့ မကြားမသိလေသေး ဖြစ်သည်၊ ရှေးထုံးစံ အစဉ်ရှိသည့်အတိုင်း အမိန့်တော်ပြန်၍ သစ္စာတော်ပေးခန့်၊ ရွှေဘဝါးတော်အောက် ခေါ်၍ သစ္စာတော် ပေးသင့်သူတို့ကိုလည်း သစ္စာတော် ပေးမြဲပေး။ (သက္ကရာဇ်) ၁၁၄၃ခု တပေါင်းလဆန်း ၇ရက်နေ့ စမြောင်မှူး နေမျိုး(နန္ဒ)သူတွင်ပြန်။ (ဆင်တဲ ၄၁) ရည်ညွှန်း။ ။ မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၉THE ROYAL ORDERS OF BURMA, AD 1598-1885; PART IV. AD 1782-1787, 4: 219
မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၇-၂၁၈
သတိုးသီဟသူ၊ မြို့လပ်ဝန်၊ ကင်းဝန်၊ ယွန်းစုဝန်၊ အနောက်ဝင်းမှူး၊ နန္ဒကျော်၊ သမန္တရဲ* (သမ္တနရဲ) တို့တစုက ငစည့်ကူးစားဟောင်း လင်မယား သားအမိတစုနှင့် ငါဘဏ္ဍာတော် အောင်ပန်း လှေတက် ဆင်မြင်းများကို မလစ်မဟင်းစေရ သိမ်းရုံး၍ ငါ့ကျေးဇူး သစ္စာတော်ကို မခံမသောက်ရသေးသော်လည်း ငါဘုန်းတော် အာဏာတော် အမိန့်တော် အရိပ်အသံကို ကြားနာရလျှင်ပင် ကျေးဇူးသစ္စာတော်ကို ခံသောက်ရသည့် ကျွန်များကဲ့သို့ သိမ်းရုံးဘမ်းယူခဲ့ကြောင်း၊ ငထွန်း ငတုတ်ကြီး ငကျင်တို့ ထွက်ပြေးရာ အမြောက်ဝန်ကို ခန့်ထား လိုက်စေကြောင်းများနှင့် ရွှေဘဝါးတော်အောက် ရှိခိုးသံတော်ဦးတင် ရောက်သည်မှာ အမှုတော် ပြေကုန်သည်ပင် ဖြစ်သည်၊ အရေးအရာကိုလည်း အထူးအထွေ ထင်မှတ်ကြရမည်မဟုတ်၊ ငါ့ခမည်းတော် အလောင်းမင်းတရားကြီး အဝထီးနန်း ပျက်စီးသည်နောက် ပြည်ရွာတည်ထောင် ပြုစု၍ ထီးနန်းကို စိုးအုပ်တော်မူသည်၊ ခမည်းတော်ဘုရား … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၇-၂၁၈
ဦးဘိုးသီးပိဋကတ်တိုက်ရှိပေစာများ
သထုံ ဦးဘိုးသီး ပိဋကတ်တိုက်မှာရှိတဲ့ ပေပုရပိုဒ်တွေကို Digitized လုပ်ထားတာမှာ အမည်ပေးစနစ်က ရောမစနစ်နဲ့ ဖြစ်နေတာမို့ ရှာဖွေရလွယ် ဖတ်ရလွယ်စေဖို့ မှော်ဘီဓမ္မနဒီဆရာတော် အရှင်ဝိလာသဂ္ဂလင်္ကာရ မြန်မာပြန်ထားတာနဲ့ တိုက်ညှိပြီး အမျိုးအစားတွေ ခွဲပေးထားပါတယ်။ တချို့ဖိုင်တွေက အမည်မှားနေတာလည်း တွေ့ရပါတယ်။ ဒီနေရာမှာ ကြည့်ပါ [ဦးဘိုးသီးစာကြည့်တိုက်ကျမ်းအညွှန်း] အောင်ဇော်ထွတ်(စာကြည့်တိုက်ပညာ) ရဲ့ မြန်မာနိုင်ငံပိဋကတ်တိုက်၊ စာကြည့်တိုက်များ စာအုပ်မှာ ဦးဘိုးသီး ပိဋကတ်တိုက်အကြောင်း ရေးထားတာလေးလည်း မှတ်တမ်းအနေနဲ့ သိမ်းဆည်းထားလိုက်ပါတယ်။ ဦးဘိုးသီးပိဋကတ်တိုက်တစ်သိန်းတန်ပိဋကတ်တိုက်မြန်မာနိုင်ငံအရပ်ရပ်၌ စာပေစုဆောင်းသူများသည် ဝါသနာအလျောက်တည်ထောင်ထားသော ပုဂ္ဂလိက ပိဋကတ်တိုက်များအနက် သထုံမြို့ရှိ ပင်စင်ရ နယ်ပိုင်ဝန်ထောက်မင်း ဦးဘိုးသီး၏ ပိဋကတ်တိုက်သည် ထင်ရှားလေသည်။ ပိဋကတ်တိုက် တည်ထောင်လုပ်ဆောင်မှု၌ ဦးဘိုးသီးသည် အတုယူဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေးကိုရှေးရှုလျက် စာပေပိဋကတ်တိုက်ကြီး … Continue reading ဦးဘိုးသီးပိဋကတ်တိုက်ရှိပေစာများ
ဘူမိစာလနိဒါန်းကျမ်းနှင့် ဝက်မစွတ်နဝဒေး ဗာဝရီမော်ကွန်းလင်္ကာ
ဘူမိစာလနိဒါန်းကျမ်းနှင့် ဝက်မစွတ်နဝဒေး ဗာဝရီမော်ကွန်းလင်္ကာအရှင်သီရိကုမာရမထေရ်၂၀၀၄စာ-၂၃၂ မာတိကာ အမှာစာ ဘူမိစာလနိဒါန်းကျမ်းမုခါရမ္ဘ ကျမ်းဦးဂါထာ ဘူမိသဒ္ဒါ၏ ဝိဂြိုဟ်ကို ပြဆိုခြင်း ဘူမိသဒ္ဒါ၏ အနက်ကို ပြဆိုခြင်း မြေဟော ပရိယာယ်သဒ္ဒါတို့ကို ပြဆိုခြင်း အလုံးစုံ ဝိဂြိုဟ်တွဲ၍ ပြဆိုခြင်း မြေကြီးဖြစ်ခြင်း၏ အကြောင်း မြေတည်ခြင်း၏ အကြောင်း မြေ၏ အတိုင်းအထွာပမာဏ အကြောင်း လောကီကျမ်းလာ မြေ၏ ယူဇနာ အကြောင်း လုံးပတ်တွက်နည်း သုံးမျိုး အကြောင်း ယူဇနာဖွဲ့နည်း အကြောင်း အင်္သာစိတ် ယူခြင်း အကြောင်း ဘူမိစာလသုတ်ပါဌ် အနက် ပဌမ မြေလှုပ်ခြင်း အကြောင်း ဒုတိယ မြေလှုပ်ခြင်း အကြောင်း ဝေဇယန္တာပြာသာဒ်ကို အရှင်မောဂ္ဂလာန်ထေရ် တုန်လှုပ်စေခြင်း အကြောင်း သံဃရက္ခိတသာမဏေဝတ္ထု မောဂ္ဂလိပုတ္တတိဿထေရ်ဝတ္ထု တတိယ မြေလှုပ်ခြင်း အကြောင်း … Continue reading ဘူမိစာလနိဒါန်းကျမ်းနှင့် ဝက်မစွတ်နဝဒေး ဗာဝရီမော်ကွန်းလင်္ကာ
သခင်နုအရေးတော်ပုံ
သတင်းစာဆရာဦးပုကလေး သခင်နုအရေးတော်ပုံ၊ ပထမတွဲသတင်းစာဆရာဦးပုကလေးထုတ်ဝေသူ- ဒေါ်တင်ရီ၊ အမှတ်-၁၂၅၊ ၄၂-လမ်း၊ ရန်ကုန်မြို့၁၉၄၉ ဒီဇင်ဘာမာတိကာ ကျွန်ုပ်၏ အကြောင်းပြ သခင်နု၏ မူလရည်ရွယ်ချက် ကြီးလေးလှသော တာဝန် လူသတ်ဝါဒ ခြေမှုန်းရေး ပထမခရီး လူသတ်ဝါဒ ခြေမှုန်းရေး လူသတ်ဝါဒ မိန့်ခွန်း လူသတ်ဝါဒ နှိပ်နင်းရေး ဒုတိယခရီး အသံလွှင့်ရုံမှ အသံလွှင့်ကြခြင်း အပုတ်နံ့ ထွက်ခြင်း ပြည်တွင်းစစ် ပထမ ကွန်မြူနစ်တို့၏ စွပ်စွဲချက် သခင်သူ၏ ရှင်းလင်းချေပချက် အစိုးရ အာဏာကို အတင်းလုရန် စေ့စပ်ညီညွတ်ရေး အချက် ၄-ချက် ပြည်တွင်းစစ် ဒုတိယ ဘွင်းဘွင်းကြီး ပြောပြီ နှုတ်ထွက်ရန် လူထုလက်မခံ လက်ဝဲညီညွတ်ရေး လုပ်ငန်းစဉ် အချက်ကြီး ၁၅-ချက် ပြည်သူ့ ရဲဘော်မူ ဖ-ဆ-ပ-လ အမိန့်ကို ဖီဆန်ပြီ … Continue reading သခင်နုအရေးတော်ပုံ
မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၆
အညာပါ မှူးမတ်အမှုထမ်းတို့၊ ဥစ္စာအိမ်ရာများမှာ လုံခြုံအောင်သာ ထိန်းသိမ်းစာင့်နေစေ၊ သည်ပြင်ဆင်းရဲသားတို့ ဥစ္စာများကို နိုင်ထက်စီးကဲ မလုမယူ မဖျက်မဆီးစေနှင့် အမိန့်တော် ထုတ်ပြန်၍ ရှိလေပြီးသည်ကို မငြိမ်မသက် သိမ်းယူပြန်ကြောင်းများနှင့် ငရွှေနားတော် ကြားတော်မူပြန်ရသည်၊ ဝန်တို့မှာ မကြားမသိလော၊ အမိန့်တော်ထုတ်ပြန်ရင်းအတိုင်း နိုင်နင်းအောင် ဘမ်းဆီး၍ကွပ်၊ ငစည့်ကူးစားဟောင်းသည် မင်းကျင့်တရားနှင့် လျော်ညီအောင် မကျင့်မဆောင် လူဆိုးလူသွမ်းတို့ အမူအရာကိုသာ ကျင့်ဆောင်သောကြောင့် ရွှေနန်းတော် ရွှေမြို့တော် ထီးချက်တော်ကိုစောင့်သော သမာဒေဝ နတ်အပေါင်းတို့နန်းမှာ မရပ်မနေဝံ့အောင် နှင်ပြီးမှ ပြေးသွားသည်ကို သတိုးသီဟသူ မြို့လပ်ဝန်တို့တစု လိုက်လံဘမ်းဆီးရာတွင် ငဘုန်းတော်ကြောင့် မထွက်မလွတ်နိုင်၊ စမွာယ်နဂိုကင်းတွင် တွေ့မိ၍ ရွှေဘဝါးတော်အောက် ဆက်ပို့လာကြောင်းကို ကြားတော်မူရသည်မှာ သင်းတို့တစု မကောင်းမှုကံအား ကြီးလှသောကြောင့် ဖြစ်ပျက်ကြသည် ဖြစ်သည်၊ ငစည့်ကူးစားကို ဘမ်းမိကြောင်းနှင့် မြို့တွင်းမြို့ပြင် … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၆
