စစ်တကောင်းစား တင်ချက်သက္ကရာဇ် ၁၁၅၁-ခု၊ နတ်တော်လဆန်း၊ ၁၂-ရက်နေ့ [၂၉ နိုဝင်ဘာ ၁၇၈၉] ရခိုင်ရူစားချက် ကျွန်တော်ကို ကုသိနာရုံအရပ်သို့ အကြည့်အရှုသွားရမည်ခန့်ထား၍ တော်သလင်းလပြည့်ကျော်၊ ၈-ရက်နေ့ ရခိုင်မြို့ က ထွက်သွားပါသည်၊ မရူသို့ရောက်လျှင် မိုး, ရေ, လေပြင်းထန်သောကြောင့် မရူတွင် ၁၀-ရက်ကျော် ခိုမှီးနေပြီးလျှင် ထွက်သွား၍ ဦးချာဆိပ်မှာ လှေကို ဆိုက်ထား တက်သွားလျှင် သီတင်းကျွတ်လပြည့်ကျော် ၄-ရက်နေ့မှ စစ်တကောင်းမြို့ သို့ ရောက်ပါသည်၊ စစ်တကောင်းဆိပ်စားသို့ မှာထားသည့်စာကို ပေးအပ်ပြသပါသည်၊ စစ်တကောင်းစားက “စာအရကို ကုမ္ပဏီထံ အစီရင်ခံစေလွှတ် ပြန်ရောက်အောင် ငံ့နေပါဦး” ဆို၍ စစ်တကောင်းစားက ဘင်္ဂလားသို့ စေလွှတ်ပါသည်၊ စေလွှတ်သူတို့က ဘင်္ဂလားကုမ္ပဏီစာပို့ရောက်မှ “ကျွန်တော်တို့ကို လိုရာ ကုသိနာရုံအရပ်သို့ ကြည့်ရှုပါစေ” အခွင့်ပေး၍ လမ်းပြညွှန်လူ … Continue reading စစ်တကောင်းစား၏ ကုသိနာရုံ ခရီးသွားမှတ်တမ်း
Tag: ဗဒုံမင်း
မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၂
ရွှေပြည်တော် မြို့တွင်းမြို့ပြင်မှစ၍ အရပ်ရပ် ကျေးရွာများမှာ ပစ္စည်းဥစ္စာကြောင့် အလုအယက် ခိုက်ပွါးရန်စည် မဖြစ်တန် ဖြစ်ကြ၍ မငြိမ်မသက် ရှိရသည်ကို မြင်သောကြောင့် ငြိမ်ဝပ်စေခြင်းငှါ (သက္ကရာဇ်) ၁၁၄၃ခု တပေါင်းလဆန်း ၁၂ရက် နေ့ ည အမိန့်တော် ထုတ်ပြန်၍ ရှိသည်ကို ငအမိန့်တော်အတိုင်း တည်ရစ်အောင် မကွပ်မညှပ် မစီရင်ကြသောကြောင့် ကုလားတို့ဥစ္စာကို ငအောင်မြင်၊ ငလွန်းဘွယ်တို့ လုယူကြောင်းများနှင့် ကြားတော်မူရပြန်သည်။ ဝန်တို့မှာ မကြားမသိလော့။ လုယက်သူတို့ကို ဘမ်းဆီး၍ မြို့တွင်းမြို့ပြင် မောင်းကျော်ပြီးလျှင် တံခါး ၉ရပ်မှာ ကြားမြင်သမျှလူတို့ ကြောက်ရွံ့အောင်ထား၊ နောင်သည်ကဲ့သို့ ကြားတော်မူပြန်ရလျှင် ၂ခွန်း ချေရမည် မမှတ်နှင့်။ (သက္ကရာဇ်) ၁၁၄ခုပါင်းလဆန်း ၁၃ရက်နေ့ နားခံစမြောင်မှူးပြန်။ (ဆင်တဲ ၄၁) ရည်ညွှန်း။ ။ မြန်မာမင်းအမိန့်တော်များ၊ … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၂
မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၀
ငါအရှင်ဧကရာဇ်မင်းမြတ် ရွှေထီးရွှေနန်း တိုင်းခန်းနိုင်ငံအလုံးကို တရားသဖြင့် စိုးအုပ်တော်မူသည်၊ နေပြည်တော်မှစ၍ နိုင်ငံတော်အတွင်း ရှမ်းပြည် ယွန်းပြည် အကြေအညာ အရပ်ရပ် မြို့ပြ ကျေးရွာများတွင် ထန်းရည် အရက် စိန်ပင် ကစော် လော်စာ ဘင်းဘိန်း ယစ်မျိုးနှင့် စပ်သမျှကို မပေါ် မချက် မရောင်း မဝယ် မသောက် မစားစေနှင့်၊ သားထိုး ငှက်ဘမ်း (ငှက်)ခတ် ကြက်တိုက် လောင်းစားမှုများကိုလည်း မပေါ်မရှိစေရ၊ (ဆိုင်သင့်ရာ ဆင့်ဆို၍ နိုင်အောင်မြစ်)၊ ဗဟိုရ်စည် အိမ်ရှင်စည် မင်္ဂလာစည် ဓါတ်တံခါး ၄ရပ် ဆွဲစည် စည်တော်စုံ ရွှေမြို့တော် အတွင်းပြင်ဓါတ် (တံခါးများတွင်ဆွဲထား) ရှိသည်၊ အလေးတောင်းတင်း တံဆိပ်ခပ်လုပ်ရန်များလည်း ရှိသည်ကို ရှေးထုံးစံနှင့်အညီ ယခုက ဆိုင်ရာဆင့်ဆို၍ လုပ်ဆောင်စီရင်စေ။ (သက္ကရာဇ်) … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၂၀
မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၉
ငါအရှင် ဧကရာဇ်မင်းမြတ် ရွှေထီးရွှေနန်း သိမ်းမြန်း စိုးစံတော်မူ၍ အထွတ်အမြတ် ရောက်တော်မူကြောင်းကို အဝေးအလံ နိုင်ငံတော်အတွင်း အရပ်ရပ် ထီးဆောင်း မြို့စား မြို့ဝန် စစ်ကဲတို့ မကြားမသိလေသေး ဖြစ်သည်၊ ရှေးထုံးစံ အစဉ်ရှိသည့်အတိုင်း အမိန့်တော်ပြန်၍ သစ္စာတော်ပေးခန့်၊ ရွှေဘဝါးတော်အောက် ခေါ်၍ သစ္စာတော် ပေးသင့်သူတို့ကိုလည်း သစ္စာတော် ပေးမြဲပေး။ (သက္ကရာဇ်) ၁၁၄၃ခု တပေါင်းလဆန်း ၇ရက်နေ့ စမြောင်မှူး နေမျိုး(နန္ဒ)သူတွင်ပြန်။ (ဆင်တဲ ၄၁) ရည်ညွှန်း။ ။ မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၉THE ROYAL ORDERS OF BURMA, AD 1598-1885; PART IV. AD 1782-1787, 4: 219
မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၇-၂၁၈
သတိုးသီဟသူ၊ မြို့လပ်ဝန်၊ ကင်းဝန်၊ ယွန်းစုဝန်၊ အနောက်ဝင်းမှူး၊ နန္ဒကျော်၊ သမန္တရဲ* (သမ္တနရဲ) တို့တစုက ငစည့်ကူးစားဟောင်း လင်မယား သားအမိတစုနှင့် ငါဘဏ္ဍာတော် အောင်ပန်း လှေတက် ဆင်မြင်းများကို မလစ်မဟင်းစေရ သိမ်းရုံး၍ ငါ့ကျေးဇူး သစ္စာတော်ကို မခံမသောက်ရသေးသော်လည်း ငါဘုန်းတော် အာဏာတော် အမိန့်တော် အရိပ်အသံကို ကြားနာရလျှင်ပင် ကျေးဇူးသစ္စာတော်ကို ခံသောက်ရသည့် ကျွန်များကဲ့သို့ သိမ်းရုံးဘမ်းယူခဲ့ကြောင်း၊ ငထွန်း ငတုတ်ကြီး ငကျင်တို့ ထွက်ပြေးရာ အမြောက်ဝန်ကို ခန့်ထား လိုက်စေကြောင်းများနှင့် ရွှေဘဝါးတော်အောက် ရှိခိုးသံတော်ဦးတင် ရောက်သည်မှာ အမှုတော် ပြေကုန်သည်ပင် ဖြစ်သည်၊ အရေးအရာကိုလည်း အထူးအထွေ ထင်မှတ်ကြရမည်မဟုတ်၊ ငါ့ခမည်းတော် အလောင်းမင်းတရားကြီး အဝထီးနန်း ပျက်စီးသည်နောက် ပြည်ရွာတည်ထောင် ပြုစု၍ ထီးနန်းကို စိုးအုပ်တော်မူသည်၊ ခမည်းတော်ဘုရား … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၇-၂၁၈
မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၆
အညာပါ မှူးမတ်အမှုထမ်းတို့၊ ဥစ္စာအိမ်ရာများမှာ လုံခြုံအောင်သာ ထိန်းသိမ်းစာင့်နေစေ၊ သည်ပြင်ဆင်းရဲသားတို့ ဥစ္စာများကို နိုင်ထက်စီးကဲ မလုမယူ မဖျက်မဆီးစေနှင့် အမိန့်တော် ထုတ်ပြန်၍ ရှိလေပြီးသည်ကို မငြိမ်မသက် သိမ်းယူပြန်ကြောင်းများနှင့် ငရွှေနားတော် ကြားတော်မူပြန်ရသည်၊ ဝန်တို့မှာ မကြားမသိလော၊ အမိန့်တော်ထုတ်ပြန်ရင်းအတိုင်း နိုင်နင်းအောင် ဘမ်းဆီး၍ကွပ်၊ ငစည့်ကူးစားဟောင်းသည် မင်းကျင့်တရားနှင့် လျော်ညီအောင် မကျင့်မဆောင် လူဆိုးလူသွမ်းတို့ အမူအရာကိုသာ ကျင့်ဆောင်သောကြောင့် ရွှေနန်းတော် ရွှေမြို့တော် ထီးချက်တော်ကိုစောင့်သော သမာဒေဝ နတ်အပေါင်းတို့နန်းမှာ မရပ်မနေဝံ့အောင် နှင်ပြီးမှ ပြေးသွားသည်ကို သတိုးသီဟသူ မြို့လပ်ဝန်တို့တစု လိုက်လံဘမ်းဆီးရာတွင် ငဘုန်းတော်ကြောင့် မထွက်မလွတ်နိုင်၊ စမွာယ်နဂိုကင်းတွင် တွေ့မိ၍ ရွှေဘဝါးတော်အောက် ဆက်ပို့လာကြောင်းကို ကြားတော်မူရသည်မှာ သင်းတို့တစု မကောင်းမှုကံအား ကြီးလှသောကြောင့် ဖြစ်ပျက်ကြသည် ဖြစ်သည်၊ ငစည့်ကူးစားကို ဘမ်းမိကြောင်းနှင့် မြို့တွင်းမြို့ပြင် … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၆
မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၄-၂၁၅
ငစည့်ကူးစားဟောင်းသည် အကျင့်အကြံ မမှန်သာကြောင့် ထီးနန်းမှကွာလွတ်လျှင် ဇာတ်သဘာဝတူရာ ကျွန်ခံမည် မကြံမစည် တကျွန်းတနိုင်ငံ တရုပ်တရက်တို့ကို အမှီပြုမည် ကြံစည်ထွက်ပြေးကြောင်း သင်းတို့ထွက်ပြေးရာ လိုက်လံဘမ်းဆီး သတ်ညှစ်ပါမည် မင်းရဲရန်နောင် ယူတော်မူမြင်းမှူး၊ နောက်ဝင်းမှူးသမန္တရဲ၊ ပညားဦးတို့တစုက ရွှေဘဝါးတော်အောက် ရှိခိုးသံတာ်ဦးတင်ရောက်သည်မှာ ကျေးဇူးသစ္စာတော်ကကို ခံသောက်ရပြီးဖြစ်လျှင် သနားတော်ခံကြသည့်အတိုင်း ရန်သူရှိရာ အမှုတော်ကို လိုက်လံထမ်းရွက်စေ မှာထားရမည်၊ ကျေးဇူးသစ္စာတော်ကို မခံမသောက် ရလေသေးဖြစ်သည်၊ ရွှေဘဝါးတော်အောက် ပြန်လာစေ၍ ကျေးဇူးသစ္စာတော်ကို ခံသောက်စေပြီးမှ အမှုတော်ကိုထမ်းရွက်စေ၊ မင်းရဲရန်နောင်တို့ကလာလူ မင်းသားငကြွက်၊ ဗေါင်ပြင်ငမြတ်၊ နားခံရွှေတောင်နန္ဒမိတ်၊ ဥဒိန်ဝေရ၊ ကုလားသာဝါ၊ ငစိုင်၊ ဒဝယ်စစ်ကဲငလွံ၊ ၎င်းမြင်းခေါင်းငတ၊ အာဏာစိုး ငမြတ်တို့ တစုမှာလည်း တော်သင့်ရာထမ်းရွက်စေရမည်၊ သစ္စာတော်ပေး၍ ရုံးတော်တွင်နေစေ၊ တုရင်မြဲမြန် ရဲလှေတိုက်ကျေးရွာက သိမ်းခေါ်ခဲ့သည့် လူ ၇၀ … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၄-၂၁၅
မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၃
ငစည့်ကူးစားဟောင်း* (ငစည့်ကူးစာဟောင်း) နှင့် ငမောင်တို့သည် တိုင်းပြည်ကို ငြိမ်ဝပ်သာယာအောင် မသိမ်းမပိုက်မအုပ် (သောကြောင့်) သတ္တဝါအပေါင်းတို့ ဆင်းရဲကြီးစွာ ဖြစ်ကြသည်ကို သနားဂရုဏာ ရှိတော်မူလှသည်ဖြစ်၍ ပြည်သူလူတကာတို့ (ချမ်းသာရာရ) စေကြောင်းကို တရားသဖြင့် ငါအသျှင် ဓမ္မရာဇ်မင်းမြတ် ရွှေထီးရွှေနန်း တက်သိမ်းစံမ္ပာယ်သည်ကို နေ့ရက်မရှည် (မကြာစေရ) နိုင်ငံတော်အတွင်း အဝေးအလံ မြို့ပြကျေးရွာ စော်ဘွား မြို့စား မြို့ဝန် စစ်ကဲ မြို့သူကြီး ရွာသူကြီးတို့ မကြားမသိလေသေး။ ရှမ်းပြည် မြေလတ်တပြင် မြို့စား စော်ဘွား တပ်ပေါင်းစားတို့သို့ သတိဂတိနှင့် အကျိုးအပြစ် သိမြင်သူတို့ကို ရွေးချယ်၍ ဝန်တို့မှတ်စာမှာစာနှင့် နေ့ညအလျင် ရောက်အောင်သွားစေ၊ အောက်မြစ်ရိုးမြစ်စဉ်တလျှောက် ချင်းတွင်းမြစ်ရိုး မြစ်ညာကျေးရွာများသို့လည်း ခန့်ထား၍ မှတ်စာ မှာစာနှင့် အလျှင်သွားစေ။ (သက္ကရာဇ်) ၁၁၄၃ခု တပေါင်းလဆန်း … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၃
မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၂
ငစည့်ကူးစားဟောင်းနှင့် ငတုတ်ကြီး ငထွန်းတို့ရှိရာ တပ်တော် ကြည်းဘက် ရေဘက် အလျှင်အမြန် ချီသွားလုပ်ကြံစေသင့်မည် ဝန်တို့က ဆက်သွင်းသည့်အတိုင်း ချီသွားမည့်အခါကို ပညာရှိတို့ကို တွက်ချက်ရွေးချယ်စေရာတွင် သက္ကရာဇ် ၁၁၄၃ခု တပေါင်းလဆန်း ၁ရက် ၁နွေနေ့ ၂ချက်တီးကျော် ၅နာရီ တပါတ်ဗီဇနာပြည့်လျှင် အနောက်မြောက်ထောင့်ကို မျက်နှာ ရှေ့ရည်စေလျှက် ရတနာ၃ပါးစသော သမာဒေဝနတ်မြတ်တို့အား ပူဇော်တိုင်ကြားစေပြီးမှ မင်္ဂလာအောင်တပ်တော် ချီစေရာကြောင်းနှင့် အခါစာ* (အခါစါ) ဆက်သွင်းသည့်အတိုင်း ကြည်းဘက်ရဲဘက် လုံခြုံအောင်ခန့်ထား၍ ချီသွားလုပ်ကြံစေ၊ တိုင်းရေးပြည်ရေးကို ထိန်းသိမ်းရသည်ဆိုသည့်အရာသည် တရားကိုစောင့်မှ တရားစောင့်သည်ဖြစ်သည်၊ အရက် ဂဇော် လော်စာ စိန်ပင်ဘင်း သောက်စားယစ်ဝခြင်း။ တယောက်ကိုတယောက် နိုင်ထက်စီးကဲကျင့်ခြင်း၊ သားကြီးငါးကြီးသတ်ခြင်း အမှုများကိုလည်း နိုင်နင်းအောင် ကွပ်ညှပ်စီရင်မှ ပြည်ရွာသာယာ စည်ပင်ရာသည့် အကြောင်းဖြစ်သည်၊ မျက်နှာကြီးငယ် မရွယ်မထောက် … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၂
မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၁
အညာသွား ငစည့်ကူးစားဟောင်းနှင့် ငမောင်တို့သည် ပြည်ထဲရေးမှုကို လုံခြုံအောင်မထိန်း၊ ဆင်းရဲသားကျွန်တော်မျိုးတို့ ထွက်ပြေးအောင် ပြုကျင့်သောကြောင့် သတ္တဝါအပေါင်းတို့ကို သနားဂရုဏာ ရှိတော်မူလှသည်ဖြစ်၍ ငါခမည်းတော်ဘုရား နောင်တော်ဘုရားတို့ အရိုက်အရာတော်ဖြစ်သော ရွှေထီးရွှေနန်းကို တက်သိမ်း စမ္ပာယ်တော်မူသည်။ အညာသွားလူတို့အိမ်ယာ ငမောင်အပါအဝင်လူတို့ အိမ်ယာများကို အစောင့်အနေ အထိမ်းအသိမ်း ခန့်မြဲခန့်၊ လွှတ်တော်ရုံးတော်က မခန့်မထားသည်ကို ဆင်းရဲသား ကျွန်တော်မျိုးတို့ အိမ်ယာများတွင် ပစ္စည်းဥစ္စာများကို နိုင်တက်စီးကဲ မလုမယူ မဖျက်မဆီးစေနှင့်၊ လုံခြုံအောင် သတိဂတိ ရှိသသူကို လူ ၅၀ တန်သည် ၆၀ တန်သည် အသီးအသီး ပေးအပ်၍ ၂ ရပ်တန်သည် ၃ရပ်တန်သည် နိုင်နင်းလုံခြုံအောင် ရှာယူဘမ်းဆီး၍ တွေ့မိလျှင် ထင်ရှားအောင်ကွပ်။ (သက္ကရာဇ်) ၁၁၄၃ခု တပို့တွဲလပြည့်ကျော် ၁၄ရက်နေ့ (11 Feb … Continue reading မြန်မာမင်းအမိန့်တော်များ၊ အပိုင်း-လေး၊ စာ-၂၁၁
